Showing posts with label ကဗျာဘွဲ့မှူး. Show all posts
Showing posts with label ကဗျာဘွဲ့မှူး. Show all posts

Monday, June 24, 2013

အသက်လို

ရေး - စောခူဆဲ
ဆို - စည်သူလွင်၊ ကဗျာဘွဲ့ မှူး

 နေ့ ရော ညရော ရင်မော သူပစ်သွားမှာ စိုးတယ်
ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ ယုံစမ်းပါကွာ
 နေ့ လား ညလား ကိုယ်လွမ်း ယုံပါ ချစ်သူလေးရယ်
ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ ယုံစမ်းပါကွာ

တစ်သက်လုံး ချစ်လို့ မဝနိုင်ပါဘူး
တို့ တွေ ရင်ထဲမှာ ထပ်တူ
ထာဝရလမ်းမှာ အချစ်တွေ အမြဲရှိလိမ့်မယ်
အကြင်နာဆုံးချစ်သူရယ် တစ်သက်လုံး
မကုန်တဲ့အချစ်များ ယုံကြည်ရအောင် ပေးပါ
 (ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ ယုံစမ်းပါကွာ)

Monday, March 25, 2013

ကို

ရေး - စောခူဆဲ ဆို - ကဗျာဘွဲ့မှူး ကို နောက်ကွယ်မှာထင်ရာလုပ်နေတယ်ဆိုတာ ချစ်ကသိပြီးသား ကို ချစ်ကိုညာနေတာ သိပါတယ်ကွာ ချစ်လို့မပြောရက်တာ စိတ်ညစ်အောင်တမင်လုပ်နေတာ ထားခဲ့ချင်ပြီလား ကိုရာ စိုးမိစိတ်က နေ့ညတိုင်းကိုပါ ကို စိတ်ပျော်အောင်နေပါ နားလည်နေမှာပါ ခွင့်လွှတ်ချစ်ပြီးသား ကို ချစ်ဆိုတာရင်မှာ ကို့ကိုကြည်ဖြူတာ ဦးဆုံးမသိဘူးလား အသက်လောက်ကြင်နာရသူပါ ရက်စက်ချင်ပြီလားကိုရာ တွေးမိရင်းနဲ့ အားငယ်နေမိတာ ရင်ခွင်မှာတစ်ယောက်ထဲကြင်နာတာ ကိုတစ်ယောက်ထဲပါ အကြင်နာတွေခိုင်မြဲ တွယ်တာတာ ကိုတစ်ယောက်ထဲပါ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်ပြီကွာ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်လိုက်တာ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်ပြီကွာ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်လိုက်တာ

ရိုးမြေကျ

ရေး -
ဆို - ကဗျာဘွဲ့မှူး

စိမ်းနိုင်တဲ့စကားလေး မဆိုပါနဲ့
မစပါနဲ့အချစ်ရယ် ကိုယ်မေးမယ်
အရူးမလေးတစ်ယောက်ပါ မောင့်ကြောင့်ကွယ်
အသည်းလေးနှိုးလို့ သနားပါမောင်ရယ်

မောင့်ရင်ခွင်ထဲအမြဲ နေချင်တယ်
မရိုးနိုင်တဲ့အနမ်းလေး မက်မောတယ်
ရိုးမြေကျတစ်ယောက်ဆို တစ်ယောက်ချစ်မယ်
နှလုံးသားလေးက ရိုးတယ်မောင်ရယ်

ရင်ထဲမှာအချစ်ဆုံး ကျေနပ်အောင်တသက်လုံး
မောင်စိတ်ကြိုက်ကွယ် နေပါ့မယ်အချစ်ရေ
သဲတယ်ပြောရင်ပြော ကဲတယ်ပြောရင်ပြော
မောင်အနားမှာ ကလေးလေးတစ်ယောက်လို
နေချင်တယ် အမြဲပါ မောင်ရယ်

အသည်းမှာလေအနည်းဆုံး သူပါကွယ်
ချစ်တာမပြိုင်လိုက်နဲ့ အို.. မောမယ်
အသက်ရှူတိုင်း မောင့်ကိုသတိရတယ်
အသည်းလေးပေါက်မတတ် ချစ်တယ်မောင်ရယ်

မောင်အနားမှာ ကလေးလေးတစ်ယောက်လို
နေချင်တယ် အမြဲပါ မောင်ရယ်

4:07 PM 3/20/2013

Saturday, March 23, 2013

ကိုကိုချစ်

ရေး - သုခမိန်လှိုင် ဆို - ရှင်ဖုန်း နည်းနည်းလေးချစ်တာ မလောက်လို့ များများကြီးချစ်ပါဦးလို့ ဒီလိုပြောတဲ့ အချစ်ကို တို့ကနာမည်လေးတစ်ခုပေးမယ် ကြားလား စကားလေးများပြောရင် ချစ်လို့ ပြောတိုင်းလည်း အမြဲပါတတ်လို့ ဒီလိုချစ်တဲ့ အချစ်ကို တို့က နာမည်လေးတစ်ခုတော့ပေးမယ်ကြားလား အများကြီးပဲ ချစ်နေသားပဲ နည်းနည်းပဲချစ်တယ်ပြော ဒီလိုဆိုးတဲ့ ချစ်သူလေးမို့ နာမည်လေးတစ်ခုတော့ပေးချင်သား နည်းနည်းလေးချစ်ရင်လည်း မလောက် များများကြီးချစ်ရင်လည်း မလောက် ဒီလိုချစ်တဲ့ အချစ်ကို တို့က နာမည်လေးတစ်ခုတော့ပေးမယ်ကြားလား ကိုကိုချစ်ရေ ဒီလိုအမြဲ တို့ကတော့ခေါ်မှာပဲကွယ် ထာဝစဉ်လေ မင်းကြိုက်သလို ချစ်မယ် မင်းကြိုက်သလို ချစ်မယ် ချစ်မယ် ကိုကိုချစ်ရေ ဟေ့ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ ကိုကိုချစ်ရေ