Showing posts with label လွှမ်းမိုး. Show all posts
Showing posts with label လွှမ်းမိုး. Show all posts

Monday, April 1, 2013

မေတ္တာမီးအိမ်

ရေး - တွံတေးသိန်းတန်
ဆို - လွှမ်းမိုး

ညမှောင်မှောင် လမှောင်မှောင် ကြယ်ရောင်သော်မလင်း  ချိန်းခဲ့တဲ့ညတုန်းကပေါ့ကွယ်

မောင်တစ်ယောက်တည်း မြကန်သာ မျက်ခင်းနဘေးဝယ်  အတွေးတွေရင်မှာပိုက်ကာ
ဆိုက်ဆိုက်လာခဲ့မိတယ် ချစ်သူလာသောညကငွေလသာပါတယ်
ချစ်သူမလာသောခုညငွေလဘယ်ကိုရောက်နေသလဲ လမင်းဘယ်ကိုရောက်နေသလဲကွယ်
ချစ်သူမုန်းလို့ငွေလရယ်ပုန်းနေတာလားကွယ်
ထိုသောခဏဝယ် မီးအိမ်ငယ်မလင်းတလှည်လင်းတလှည့် တရွှေ့ရွှေ့
လျှောက်သွားပိုးစုန်း ကြူးငယ်ငယ်  မီးအိမ်ကိုဆွဲ ညမှောင်မှောင်ထဲ ဝယ်
ချစ်သူပျောက်ကိုအရှာသွားသည့်နှယ်
ကိုယ့်အဖြစ်လဲသည့်သို့သာဘဲကွယ်  ရင်မှာပျိုးထားမေတ္တာနှောင်ငင်မီးအိမ်ဆွဲလို့
သူ့ကိုပဲရှာခဲ့မိတယ်  ချစ်သူမလာသောခုလိုည မျိုးမယ် ချစ်စကားအလှတွေဘယ်သူ့ထံပါးပြောကြားရမလဲကွယ်
ရေပြင်ကိုပြောရမလား  ကောင်းကင်ကိုပြောရမလား မြေလွှာကိုဘဲပြောရမလား
တစ်ယောက်တည်းအတွေးကငယ်
ချစ်သူမလာသောညတစ်ညဝယ်ညမှောင် လမှောင်မှောင် မို့
ချစ်သူလာသောညကငွေလသာပါတယ်
ချစ်သူမလာသောခုညငွေလဘယ်ကိုရောက်နေသလဲ လမင်းဘယ်ကိုရောက်နေသလဲကွယ်
ချစ်သူမုန်းလို့ငွေလရယ်ပုန်းနေတာလားကွယ်

(ခုတလောက် oldies တွေ ဆက်တိုက်တင်ဖြစ်နေတယ်။ သင်္ကြန်ပြီးရင်တော့ POP လေးတွေ တင်မယ်စိတ်ကူးတယ်။)

အချစ်ကိုဘယ်လိုပြောရမလဲ


ရေး - သောင်းတင်ဋ္ဌေး
ဆို - လွှမ်းမိုး

မြစ်ယမုန်  ခြားသေလာရိုးမ ဆီးရံခစေ  မုန်တိုင်းရယ်ထန် အဆန်ခရီး
တက်မစုံရွက်မပါ မင်းရှိရာအလာအဝယ်  နေပူကြဲကာကြုံတယ်
မိုးကသည်းလာတဖုံကွယ်  နှင်းဖွဲတွေကျ ဒီကာလကိုမေ့ပြီလားကွယ်
မောင်ရှာပေးလာဖူးတဲ့  ပန်းသဇင်တွေနှင်းတေ
ပြေးကြားဝယ်အတွေးမှားကာ ဖြစ်နေသူရယ်
မေ့လွယ်မုန်းလွယ် ခက်လိုက်တာမေ့အပြုံးရယ်က  မောင်ဘယ်လို မုန်းနိုင်ပါ့မယ်ကွယ်
ခုတော့ခုတော့ မြကြိုးယှက် လှမျိုးယှက်ကာစိမ်းနေသူရယ်
မြရွက်မြကြိုးသဖွယ် မင်းဘာကြောင့်စိမ်း ယိမ်းညွတ်စေချင်သော်လည်း
စိမ်းကားသူကမြပုဝါကိုချုံ မိုးအဆုံးမြေအဆုံးရှောင်ခွာပုံးတော့ကွယ်
ကြာလေဝေးမယ့်အချစ်ရယ် ဖွေရှာသူမောပြီလို့ ကိုယ့်ချစ်သူဘယ်မှာရှိတယ်
တိုင်တယ်ပါရစေနော်ကွယ်
ဖိုးရွှေလမင်းရယ် ဆန်ဖွတ်ရင်းသတင်းပေးပါလားကွယ်
မိုးမြေရစ်လှိုင်း ပန်းတိုင်းသက်သေထားပါ့မယ် ကြယ်လစုံသော ညဥ့်လွှာရုံဝယ်
ချစ်သူလာမယ့်လမ်းက ပန်းတွေကျဲအမြဲမျှော် နေတယ် တစ်လောကလုံး
မုန်းချင်မုန်းပါစေကွယ်  ချစ်တဲ့သူပြုံးနေသမျှ  ကိုယ့်ဘဝကျေနပ်နေပါ့မယ့်
ဒါတွေသည်းညှာမယုံရင် ကြယ်စုံရံခ ဖိုးရွှေလကိုမေးပါချစ်ဦးရယ်
ကြယ်တွေလတွေခွန်းဆက်ရတာ နှမြောမိတယ်
ရေစက်ရယ်ကြုံ  ဘဝရယ်ဖီလာသွား  အများနဲ့ကိုယ့်မှာမတူတယ်
လွမ်းမျိုးမေတ္တာကုဋေကဋာကြွယ်  ကြယ်ရောင်မဖြာ
သော်တာမလှ ပြန်တော့တိမ်မဲညို ကိုလူဆိုး စိုးမိုးတဲ့ည  အမှောင်မှာကွယ်
ဒီလိုညအခင်း မျိုးမယ်  လမင်းကြီးခရီးလွန်နေပြီကွယ်
အချစ်ကိုဘယ်လိုပြောရမယ် အချစ်ကိုဘယ်လိုပြောရမယ်

ရွှေကျေးတမာ


ရေး - လင်းခေးလုလင်
ဆို - လွှမ်းမိုး

ရွှေကျေးလေးရယ်  ဝေဟင်နန်းကပျံသန်းလို့ရယ်
မြိုင်နန်းတောင်တန်း ဘယ်စခန်းမြန်းသည့်နှယ်    တေးသံကကြွယ်   ရွှေကျေးတမာရယ်
ပျံသန်းလေ ပျံသန်းလေဦးကွယ်
ရွှေကျေးတမာရယ် သီးပွင့်ညွတ်ကိုင်း    ထွားကျိုင်းရင့်ညို ဝင်းမဲ့စိုသော
ပင်ပျိုတောကိုပျံသန်းသည့်နှယ်  ပျံသန်းပါလေ ပျံလေဦးတော့ကွယ်
ရွှေကျေးတမာရယ်ညှာတံညွှတ်ကွင်း
ရွှေကျေးတမာရယ်ညှာတံညွှတ်ကွင်း
လေသံခွင်း သလင်းအိုင်ကိုသလင်းအိုင်ကို
လေသံခွင်း သလင်းအိုင်ကိုသလင်းအိုင်ကို
မနှေးသွားတော့မယ့်ဟန်ပျံသန်းလေ ပျံသန်းလေဦးကွယ်
သင်ပျံသန်းရာလမ်းဝယ်  ဘေးမသန်း ရန်မသီ  အန္တရာယ် အလီလီ
ငှက်သမားကို အမြဲသတိရှိရမယ်ကောင်းကင်ပိုက်ကိုရှောင်ကွင်းလို့
ပျံသန်းရလိမ့်မယ်
အစာဝရင်ဋ္ဌာနကို အမြန်ပျံသန်းခဲ့ကွယ်  ရွှေကျေးတမာလေးရယ်

မခင်နှင်းဆီ(ရဲ့)နှင်းဆီ

ရေး -
ဆို - လွှမ်းမိုး

ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်   ပန်းကလေးလိုညှိုးမှာကိုပဲ  စိုးရိမ်ပါသည်
မခင်နှင်းဆီ  မခင်နှင်းဆီ လှစမ်းပါပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့အခါ အလိုမကျရင်သင့်ဘဝအတွက်ပဲ တွေးကာငိုမိသည်

နှင်းဆီဆိုတာ ပန်း မခင်နှင်းဆီဆိုပြန်တော့ မခင်ပန်းကလေး ပေါ့နော်
ပန်းဆိုတာလည်း မပန်ခင်လန်းတာမျိုးဖြစ်သည်
ဒါကြောင့်မို့ဘာဖြစ်လို့များ ဂုဏ်ယူနေချင်ကြတာလဲလို့ သင်္ခါရကို အစဉ်ထာဝရမှတ်တော့
သင်အနာတရဖြစ်မည်
ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်   ပန်းကလေးလိုညှိုးမှာကိုပဲ  စိုးရိမ်ပါသည်
မခင်နှင်းဆီ  မခင်နှင်းဆီ လှစမ်းပါပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့အခါ အလိုမကျရင်သင့်ဘဝအတွက်ပဲ တွေးကာငိုမိသည်

အိုနှင်းဆီ သင့်နှင်းဆီ တကယ်ကိုလှပါသည် အဟုတ်ပင်ချောပါသည်
နောက်တော့ဂုဏ်လည်းရှိသည်  သြော် နောက်တော့စုံ လို့ပါပဲ
မပြောလည်းမပြောတတ်ပါပြီ
(ဟောပြောရင်းဆိုရင်းနဲ့ဗျာ)  အိုနှင်းဆီကလေးက ကြေမွပျက်ပြုန်း မြေကျသက်ဆုံးတုံးပါပြီ
အခုမှယူကြုံးမရလို့အပူလုံးထတော့တယ်  ဒါကိုပင်ပရမတ်သူ ထင်
ဒါကိုပင်ပညတ်သူမထင် အမှန်ပင်သူမှားကာ အလွန်ပင်သနားစရာကောင်း လိုက်ပြန်ပါပြီ
မာလာသူက တထာဘူတနည်းမကျတဲ့အရေအမြော်
အတွေးအခေါ် ခေါင်လွန်းလှသည်  အသိမဟာဖြစ်တဲ့  အဘိဓမ္မာသစ်နဲ့ကျုပ်အသည်းလွှာ
သရုပ်ခွဲကာ တွေးရတာတော့ အခြေအမြစ်ကြီးတဲ့
ပဒေသရာဇ် သမီးရဲ့နှင်းဆီဟာ

မခင်နှင်းဆီရဲ့နှင်းဆီ ပန်းကလေးလိုမလှဘဲ  ပန်းကလေးလိုညိုးပြန်ရှာသည်
အဖိုးမတန်တဲ့ ဘဝနဲ့ဆုံးပြန်ရသည်  ကံကြမ္မာဖွဲ့လို့ လွဲရှာပါပြီ
သင့်အတွက်ဝင့်ရတက်ပို  ထိုလူတစ်ယောက်ဖြင့်အခုဆိုငိုရပြီ

ယုံရခက်ခက်


ရေး - ကိုလေးညွှန့်
ဆို - လွှမ်းမိုး

ဓူဝံကြယ် မြေမှာခစေတော့  သွေကွက်ပါဘူးလို့
သူကပြောလာသော အချိန်မှာ မယုံတဝက်ယုံတခက်  ယုံမိချက်နာလေပြီထင်တာ

မေအဲဒီတုန်းကအချစ်ဆုံးဆိုတာ  မောင်တစ်ယောက်တည်းပါ
ပန်းပန်ရင် နန်းဆန်လှချည့်ရဲ့ မောင်ကိုယ်တိုင်ကိုယ်ကျ  မောင်ကပန်ပေးတာ
တစ်ပွင့်တည်းမှချစ်တယ်ဆို ပြန်တာ
ဧရာမ သစ္စာရှင်သူက ဘုရင်တဆူပါ
 မေကပွင့်လွှာရှင်ဒေဝီဘွဲ့ဝင်ဧကရီ တစ်ပါးကညာ
မေတ္တာပဋိညာဉ်လွှာ  ချိန်ခွင်လျှာတင်လို့  ပြောပြပေမယ့် ဂုဏ်ဓနဖက်လို့
စုံမဖွက်ကာ မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီိးပါ
ယုန်ကောင်ငုံ၍ယုန်ရုပ်ရေးပြသော်လည်း  ယုံရခက်ခက် ခက်လှစွာပေါ့နောက်များတစ်ခါ

ဘဝလမ်းခရီးတစ်လျှောက်မှာ အကွေ့အကောက်ဆူးညှောက်ခလုတ် များစွာတွေ့ကြရစမြဲပါ
ကြင်နာထောက်ထားစရာ ကင်းလာသောအခါ ဟိုအတိတ်ဆီရယ်က ကတိစကား လှလှ
ပျက်ပြယ်ရပြီ တစ်ခါ   ကိုယ့်ထိုက်နဲ့ကိုယ့်ကံကိုယ်သာခံရမှာ
 အပယ်ငရဲတမျှဒုက္ခဟူသ၍ကိုသာ  ပစ္စု   မှာကိုယ်အတွက် ထားခဲ့ပြီလားကွာ

မုန်းရစ်လေဦး

ရေး - စန္ဒရားလှထွတ်
ဆို - လွှမ်းမိုး


ရွက်ဝါကြွေ နွေအကူး လေရူးပွေစ ညနေဆည်းဆာ ဥသြဆွေ နွေတေးရှင်ငှက်ပင်ကိုင်းထက်မှာ သံသာသာနွေချိုတေးကိုသာ
လေးသွဲ့မှန်စွာတေးဖွဲ့ပြန်ရှာ ဖေါ်ကွဲကစ်ကိုယ်လည်းမင်းလိုပါပဲ ကိုယ်ဘဝမှာ ရော်ဝါခြွေညောင်းခဲ့လေအနှော့ပြေလျှော့ကြွေပေါ့ရောက်ပြန်လေပြီတစ်ခါ
နေ့ပေါင်းများစွာ    လပေါင်းများစွာ ကြာမြင့်သ်ာလည်းကိုယ်မမေ့သည်သာ နွေမှာတေးဆိုသော ဥသြငှက်ဟာမိုးအခါဘယ်ဆီများများ ပုံးရှောင်နေတာ ကိုယ်ဘဝဟာလည်းသည်သို့မရေရာ ကိုယ်အလွန်ဘဲရှိပါစေလို့ သာ
ရွက်ဝါကြွေနွေဦး  ညှင်းလေမြူးသလိုသာဘဲ  မပျော်နိုင်ဘူးသည်းညှာ  အချစ်ဆိုတာ ပြန်တောင်လို့လည်းရကောင်းလို့လည်းရကောင်းသောအရာ ဟုတ်ပါသလား သက်လျှာဖြေစမ်းပါ
နွေကလျှာဦးမဖြေသာဘူး လွမ်းမေ့မူးမူးနဲ့သာ မုန်းရစ်လေဦးမုန်းရစ်လေဦး ဘုန်းချစ်တဲ့သူရာ

သံယောဇဉ်ဖြတ်တဲ့မိန်းကလေး

ရေး - မောင်ဆွေနွယ်
ဆို - လွှမ်းမိုး

အချစ်ရေပြန်လာပါတော့ ပန်းတွေလည်းနွမ်းကြရော့မယ် စမ်းရေလည်းခမ်းရောမယ့် အလွမ်းမပြေဘဲတမ်းတရတယ်ဆိုလေတိုင်း ဒါတွေဟာလည်းအမှန်သဘောမမြင် ဇာတ်အစဟာမို့ပြန်ပြောရင် အမှတ်ရလာလို့သံယောဇဉ်ဖြတ်ကြပါစို့ကွယ် လို့ပြောလာတဲ့မိန်းကလေးရယ် ပြောလာတဲ့မိန်းကလေးရယ် နှစ်ယောက်သားဆုံရင်ပုံပြင်လေးတွေပြောပြတဲ့အရွယ် တို့များငယ်ငယ် တုန်းကကွယ်ဒွေးမယ်နော် ကိန္နရီမလေး ငွေတောင်ပြည်ပြန်ပြေးတဲ့ အခါဝယ်
သုဓနုမင်းသားတမ်းတ ပုံများရယ် မှန်းဆရုံနဲ့ကြေကွဲရတယ်  အသည်းကညှာတာစိတ်များနဲ့ သနားတယ်ဆိုတဲ့ မိန်းကလေးရယ် ကိုယ် ဘဝခည်း သည်သို့သည်နှယ်  တွေးမိရင်ပြေးကြည့်တာထက် သိမြင်နိုင်ပါတယ်
သစ္စာထားသမျှမေတ္တာ တရားကပြေကာမပျောက်နိုင်ပါလား ခြေရာဖျောက်သူမိန်းကလေးရယ် ဒွေးမယ်နော်ငွေတောင်ပြည်ကူးသလိုကွယ်သည်းမြမှုးလေးမောင့်ဘဝဧကရီနွယ် ဘယ်ဆီကိုသွားလို့ဘယ်လိုများရှာရမှာလဲ  အပန်းဖြေသိပ် စမ်းရေဆိပ်ဝယ် ပန်းကလေးတွေချွေကာမျောလိုစေတနာသဘောနှင့်ပန်းပေးတာလည်းမေ့နေပြီလားကွယ်
နှစ်ယောက်သားခုတော့မဆုံပုံပြင်ထဲကဒွေးမယ်နော်ရေ သူ့ဇာတိမြေ ခွဲခွာ၍ ပြန်လေသည်နှယ် သံယောစဉ်အမျှင်တန်းသို့ကြင်ဆန်းပေါ့သက်ဝေဆွေကြော့ ဖြေရသူမတော့ ဖြေရော့လည်းမလွယ် ချစ်ပန်းလည်းနွမ်းခဲ့ပြီကွယ် မေတ္တာစမ်းလည်းခမ်းခဲ့ပြီကွယ် သစ္စာနန်းရိပ်  ဖြေသိပ်ရသူမောင်တစ်ယောက်တည်းရယ်

စိမ်းမမစိမ်း

ရေး - စိန်မောင်မြင့်
ဆို - လွှမ်းမိုး

မရည်ရွယ်ခဲ့ပေမဲ့ ဒီတစ်ကွေ့တွေ့ကြရာဝယ်  ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းမှ ဓနစည်းထား၍
ခြားခဲ့ပြီကွယ် စိမ်း  စိမ်း ရယ်
ဘယ်လိုများစိမ်းပါသလဲလို့ ပတ်ဝန်းကျင်ကမေးလာ သမျှရယ် အတွေးရင်ဝယ် အဖြေရှာမောမောတယ်
တစ်ရံရောအခါက သူမရဲ့နှုတ်ဖျားဆီမှတီတီတာတာ စကားကြောင့်ကွယ် ဟင်
ယောက်ကျားဘသားမေတ္တာ၏ဘက်တော်သားမယ် အစစအရာရာ အလိုလိုက်အကြိုက်ပေးပိုက်ထွေးပြုစုယုယတာရယ်(ခုတော့) ရှေ့နောက်စကားမညီ မထောက်ညှာသည့်သဘောနှင့် သြော် အကောက်ညံရည်နှောလာတဲ့ စိမ်းမမသဘောပြောဘို့လည်းမလွယ်ဟောဖို့လည်းမလွယ် ချစ်ဖို့လည်းမလွယ် ပြစ်ဖို့လည်းမလွယ် မစိမ်းသင့်လည်းစိမ်းတယ် စိမ်းသင့်လည်းစိမ်းတယ်  စိမ်းရယ်ချစ်ယောင်ဆောင်ထားအလိမ္မာ သကာနှုတ်ဖျားမှပီယဝါစာသကားကြွယ်သူရယ် တကယ်တော့မမစိမ်းရယ်
မကြင်လည်းစိမ်း ကြင်လည်းစိမ်းပေါ့ကွယ် အခုတော့တမူခြားလေတယ် အတူထားခဲ့တဲ့ဂတိစကားတွေပျက်ပျယ်
သစ္စာစကားမမှန် မေတ္တာအသွားအပြန်မရှိလေပါလားကွယ် ကြယ်ကြွေသည်ဆိုတော့လည်း မြေမှာမတွေ့ရ ပါတယ် ကျွန်တော်အားသက်သက်ညှာတယ် သင်ခန်းစာတစ်ခုတော့ရခဲ့ပြီကွယ်

တက္ကသိုလ်မှာဝေတဲ့နှင်း

ရေး - ကိုလေးလွင်
ဆို - လွှမ်းမိုး

နှင်းမှဟုတ်ရဲ့လား နှင်းကလေးတွေမှဟုတ်ရဲ့လား သံသရတောအလယ်မောတယ်အချစ်ရယ်
ပန်းချီကဗျာ ထက်လှရဲ့ သီလာတက္ကရဲ့ ကျွန်းညှို မိုးမြေနိမ့်အောင်မာလာဆောင်သို့
မြူနှင်းတို့ဝေတဲ့ကာလ ချမ်းမြမြ ဟေမာန်ဝယ်လှပုံလေးလဲ တမျိုးရယ်
တစိမ့်စိမ့်လေးလဲအေးတယ် တသိမ့်သိမ့်လေးလဲတွေးစရာလေးတွေရှိနေသည်မို့
တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှဟုတ်ရဲ့လား နှင်းကလေးတွေမှဟုတ်ရဲ့လားကွယ်
ချစ်တဲ့သူရယ်သည်လိုရှုခင်းမြင်ရခြင်းကိုက ရွင်ပြအား ရလှပါတယ်
ကံ့ကော်မြိုင်တန်းအလယ် မြောက်ပြန်လေကလေးတချက် ကသုတ်ကယတ် တိုက်ခတ်သည့်အခါဝယ်
ချစ်သူကိုယ်ရနံ့မွှေးပျံပျံကို ပြန်လည်သတိရအောက်မေ့မိပါတယ်
တစ်နေ့တမျိုး တစ်နေ့တမျိုး ပြောင်းလဲတတ်တဲ့စိတ်အစဉ်ကိုလျှင်နားလည်ရန်ပင်ခက်ခဲ့
သည်တော့လည်းမသိချင်တော့ပါဘူးကွယ်
တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှဟုတ်ရဲ့လား တွေးတောရင်းအဖြေရှာလိုပြီကွယ်



မေတ္တာပုလဲပန်းများသီကြရာဝယ်

ရေး - မျိုးမြင့်လေး
ဆို - လွှမ်းမိုး


မေတ္တာပုလဲ ပန်းများ သီကြရာဝယ် လွယ်သည်လည်းရှိမယ် ခက်သည်လည်းရှိမယ်
တွဲလျှက်ကွယ် ကြင်နာမြတ်နိုး အမျိုးမျိုးပင်ချစ်တတ်ကြပေတယ်  သောတာပန် သက်တဆုံး ဆုံးဖြတ်ချက်ချကာ ကိုယ်စီရယ်
မုန်တိုင်းထန်ထန် လေဆန်ကိုလိုက်  လေရွက်တိုက်သလိုကွယ် မိုက်တယ်ပြောအုံးတော့ ချစ်သူအတွက်ပေပဲမို့ အခက်အခဲဟူသမျှ အားလုံးလွယ်ရပါ သည်ကွယ်
အကြောင်းလှလို့ပေါင်းကြရတဲ့ သူများမှာတော့ကွယ် မိုးမမြင်လေမမြင် ပျော်လို့မဆုံးလို့ရယ်
ပြုံးလို့ကွယ် ဆုံးဘဝတိုင်ရယ်လို့တကယ် နှစ်ကိုယ်တူအသက်ပေးချစ်မယ်
အခက်အခဲဟူသမျှ အားလုံးလွယ်ရပါ သည်ကွယ်
အဆင်မပြေသူတွေမှာကွယ် နှစ်ယောက်သားကျောချင်းကပ်ခါ လာရာလမ်းကို ပြန်ကြတယ်
ငိုတဲ့ာသူလည်းရှိမယ် ရယ်တဲ့သူလည်းရှိမယ် အသက်ပေးချစ်ရင် တချက်ကလေးအပြစ်မမြင်
ယခင်အခါက ဆိုတဲ့သူများရယ်ကျွန်တော် တို့ အချစ်ရယ် မပျော်ဘို့သာဘဲဖြစ်တယ်
အမျိုးမျိုးအဖုံဖုံစုံအောင်ပြောကြတယ် လွယ်မယောင်နဲ့လည်းခက်မယ် တိမ်မယောင်နဲ့လည်းနက်မယ်

မေတ္တာပုလဲ ပန်းများ သီကြရာဝယ် လွယ်သည်လည်းရှိမယ် ခက်သည်လည်းရှိမယ်

အုံ့ပုန်းချစ်

ရေး - (ဝိုင်အမ်ဘီအေ)ဆရာတင်
ဆို - လွှမ်းမိုး


စွဲမိပါပေါ့ခင်ရယ်
ချစ်လို့ကို ဘယ်မဝ နှိုင်တော့တယ်ဟင် မပြောဘဲနဲ့ ကြားကြားနေတယ်
မျက်စိထဲမယ်ဝဲလည် မကြည်ဘဲနဲ့ အစဉ်နေပြန်တော့တယ်
အုံ့ပုံးချစ် တစ်ရက်လောက်ချစ်ရတာရယ်  လင်မယားချစ်တသက်လိုက်မမီပါ တယ်တကမ္ဘာမမီပါတယ်
စဉ်းစားလေချစ်လေပါဘဲခင်ရယ် ယဉ်သမျှရယ်ပင်ကိုလှတယ် ရွှေရင်မှာလေးလှပါတယ်
မောင့်အသည်းထောင့်ထဲမယ် အချစ်ညှောင့်ကလေးတွယ် ရေမြေတောတောင် သမုဒ္ဒရာခြားစေကွယ်
အဆန်းမဟုတ်ပါ ချစ်တာမှန်ရင် တကယ် အနန္တစကြာဝဋ္ဌာ  ကွယ်ပါစေကွယ်တအိပ်ယာထဲခင်ရယ်မဝေးဘူးထင်ပါတယ်  တူပျော်ပျော်ဘယ်ခါဆက်ရပါ့

ညစဉ်အိပ်ရာဝင် ကိုလေ ဆုတောင်းပါတယ်မပျက်ပါဘူး  ဝင်းစက်စက်ကလေး အနားမှာထိုင်ကာ
အလှသာကြည့်နေချင်တော့တယ်  ဝင်းစက်စက်ကလေးအနားမှာထိုင်ကာအလှသာကြည့်နေချင်တော့တယ်
ဘယ်အထိကိုယ်ချစ်တာ အတောမသတ်နိုင်ပါတယ်အတောမသတ်နိုင်ပါတယ်
ဇီးဖြူဖန်ခါးနှယ် ငုံ၍ များတောင့်ထားလိုက်ချင်ပါတယ်

ဆောင်းရယ်နှင်းရယ်ကိုယ်ချစ်သူရယ်

ရေး - စန္ဒာရားလှထွတ်
ဆို - လွှမ်းမိုး


ဆောင်းမှာမွေး၍ နှင်းမှာသန္ဓေတည်ကိုယ်ချစ်သော  ဆောင်းမင်းသမီး ရယ်ကွယ်
ဆောင်းရယ်နှင်းရယ်  ကိုယ့်ချစ်သူရယ် အတူတူပါဘဲကွယ်
ဆောင်းရယ်နှင်းရယ်  ကိုယ့်ချစ်သူရယ် အတူတူပါဘဲကွယ် အသဲမှာအမြဲတင်စားကဗည်းချယ်
ဆောင်းဆိုသည်ကအေးမြခြင်းကိုသရုပ်ဆောင်တယ် ငွေနှင်းဖြူက သန့်စင်တယ်လို့အဓိပ္ပယ်ယူမယ်
ချစ်သူကကွယ်ဆောင်းနှယ်အေးလို့နှင်းလိုဖြူတယ်ဆောင်းရယ်နှင်းရယ်  ကိုယ့်ချစ်သူရယ် အတူတူပါဘဲကွယ်
နှင်းမြူနှယ်အဆင်းဖြူတယ်ယမင်းနွယ် အချစ်ရဲ့အသည်းနှလုံးကနှင်းလိုဖြူစင်တယ်
ပုလဲလိုကွယ် အမြဲကိုတကယ် အသည်းဝယ် ယုယချစ်မယ် ချစ်သူရယ်လစ်လျူဖွယ် စကားရယ် ဆောင်း   ထွေးညှင်းလေပြေနှယ် ကိုယ်ရွှေဘဝင် အသည်းမှာကွယ် အမြဲတကယ်အေးမြလှတယ်

ဆောင်းဆိုသည်ကအေးမြခြင်းကိုသရုပ်ဆောင်တယ် ငွေနှင်းဖြူက သန့်စင်တယ်လို့အဓိပ္ပယ်ယူမယ်
ချစ်သူကကွယ်ဆောင်းနှယ်အေးလို့နှင်းလိုဖြူတယ်ဆောင်းရယ်နှင်းရယ်  ကိုယ့်ချစ်သူရယ် အတူတူပါဘဲကွယ်

မွှေးလွန်းသည့်ပန်း


ရေး - ဘိုကလေး တင်အောင်
ဆို -  လွှမ်းမိုး

မွှေးလွန်းသည့်ပန်း မနန်းဝံ့ပြီ လှလွန်းသည့်ပန်း  မလှမ်းဝံ့ပြီ
မာယာပရိယာယ် နှစ်သွယ်ယှက်လို့ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်
အသဲလွှာမြေမဟီ ဒေဝီဘုရင်မတစ်ပါး သင့်အားတုဖက်ပြိုင် ကျွန်တော်မျိုးတော့ဖြင့်မနိုင်ပါပြီ
ဆုံးရှုံးခြင်းသာရင်မှာပိုက်လို့ငိုရိုက် ခါအဝေးပြေးရပါတော့မည်

ကိုယ်မေတ္တာ တရားသည် အင်အားလို့ပင် မှတ်တင်ယုံကြည် မနိုင်ရာပြိုင်ကာစမ်း လွမ်းရခက် ပွေလီဖြေမဆည်
မေတ္တာနယ်မြေကျွမ်းလေသူက အစွမ်းပြ ဟစ်ကြွေး စစ်ရေးတွေချီ
အချစ်ပုလ္လင်ကို စစ်ဘုရင်လို သဘောထားမှာထား ဆုတ်တက် လှုပ်ရှား ကစားခဲ့ပြန်သည်
သူ့မှာအပျင်းပြေနင်းခြေ ကျွန့်အသည်း ဟစ်ခါဘဲ ရယ်မောမည် နှလုံးသားမှာစီးသွားယိုဖိတ်
အသွေးအဆိပ်ပင်စည် တုံ့ပြန် မေတ္တာလူးလာနေပုံ ကြောက်ရွံ၍ တုန်လှုပ်မိပါပြီ

ပန်းသလားမေပျို


ရေး - ရှေးစာဆို
ဆို - လွှမ်းမိုး

ပန်းသလား မေပျိုနန်းရွှေကို လမ်းရှည် လမ်းရှေ့ဟို တစ်ခိုနယ် ချောက်ကမ်းပါး တောင်စွယ် မောင်မမြင်ဘူးကွယ်  တောင်ခြေဝယ် မောလေတယ် အပြောတွေကြွယ်ပါတဲ့ မယားသည် သနားစဖွယ် အားငယ်တဲ့အမူအရာရုပဆင်းရူပကာ ဝေထိုင်မှိုင်ငေးရှာ တောင်ခြေဝယ်မောလေတယ်
အချောတမေရယ် တူစုံမောင်နဲ့မယ်
ဂန္တာလေတောင်ခြေဝယ်  ဂန္တာလေတောင်ခြေဝယ် စိမ့်စမ်း အသွယ်သွယ် စီးဖြာယိုကျတယ်
တောင်တန်းတွေ မြောင်စမ်းဗွေ အလယ် တောင်တန်းတွေ မြောင်စမ်းဗွေ အလယ်
နံ့သာပင်အရိပ်မှာကွယ် ချွေးချွေး သိပ်ပါစို့ကွယ်

ယောင်္ကျားမှာလည်းအသည်းနဲ့ပါ

ရေး - မောင်ဆွေနွယ်
ဆို - လွှမ်းမိုး


ဝေးကြလေသောအခါ သွေးကပြောလာ မေတ္တာများ မောင့်အားနှိပ်စက်ကြပါပေ
အိပ်မပျော်သောညတွေ အသင်္ချေ မြင်တွေ့နေကြ ချစ်မျက်နှာလေး ဘယ်ပျောက်နေသလဲလေ
ကိုယ်တစ်ယောက်ထဲနေမှ ပိုလို့တမ်းတရတယ်လေ အို နှစ်ယောက်ခွဲနေမှ  ပိုလို့မှန်းဆရတယ်လေ
ပျောက်ပျယ်ရှာ သက်ဝေနှမအတွက်လေ နောက်ကွယ်မှာရတက်ပွေရရက်တွေ
လျှောက်လည်ကာ အရှက်ပြေပြခက်နေ ထောက်ထားစိတ်မှာ ယောက်ကျားသိက္ခာစောင့်စည်းကာ
လွမ်းမယ့်အဖြစ်တွေပြော ပြောမယုံ ကြုံဖူးမှသိကြမှာပါလေ

တစ်ယောက်ကို တစ်ယောက် ကသစ္စာရှိလျှက် ဘဝတာဝယ် မေတ္တာကတိ မပျက်ကြပါကွယ်
သို့သော်လည်းချစ်ကံကြမ္မာဝိဘတ် ကသနားမညှာတာတယ်
ဝေးကြပြီကောကွယ် ဝေးကြပြီကောကွယ်
အရွယ်တူအချစ်ကလေး စံပယ်ဖြူ အနှစ်ထွေးရေ ချစ်ခင်ပေါင်းသင်းဆက်ဆံ ခြင်းက
ကွေကွင်းနောက်ဆုံးရယ်လို့ သဘောသရုပ် အမှန်စကားနဲ့ဟောထုတ်ကာကြားတဲ့
စေဗုဒ္ဓါဘုရားရဲ့လောကုတ္တရာတရားနှင့် ဖြေလည်းမပြေ
ဂုဏ်မာယာဟန်နွဲ့ကံဧည့်သည် ခွဲမှုရယ်ကြောင့် အသည်းနုသူ မိန်းကလေးတွေလိုရင်ထဲလှိုက်ဖိုရှိုက်ငိုလို့လည်းမဖြစ်ပေ အချစ်ရေ အသက်ရေအသည်းဖြူမလေးရေ ဘယ်သူတွေထောက်ထားမညှာလည်း ယောက်ကျားမှာလည်းအသည်းနဲ့ဆိုတာပြောမယုံကြုံဖူးမှသိကြမှာပါလေ

မေ့ကွက်ကိုရှာ

ရေး - စန္ဒာရားချစ်ဆွေ
ဆို - လွှမ်းမိုး


မချစ်ပြင်ပြင် မကြင်နာလေသည်မို့  မေ့ကွက်ကိုရှာ ရှာသူမေရေ
မောင်ဘယ်သူ့ကိုမှ အပြစ်လည်းမတင်ချင်ပေ ချစ်ပရိယာယ်ကိုသိသလိုလိုနဲ့
ချစ်စရာကဗျာ တပုဒ်အလားနှစ်သက် ယုံစားမိခဲ့လို့ လေ
မောင်အပြစ်နဲ့မောင်သာရှိပါစေတော့မေရေ
မောင်အပြစ်နဲ့မောင်သာရှိပါစေတော့မေရေ
မေ့ကွက်ကိုရှာ သူရေ  သြော် တွေ့ရက်ကိုလက်ရေချိုး  မျှော်ကိုးတော့လည်းလေ
နေ့ရက်တွေကြာသာ ကြာတော့ တွေးချက်ကနာ ဗျာပါကြီးသူ အပူမီးဖြာဝေ
နှင်းရေနဲ့များ ဖြန်းရမတတ်ပါဘဲမေ ရေ မေ့ကွက်ကိုရှာ သူရေ
နေ့ရက်တွေကြာသာ ကြာတော့ ဆွေးပါတယ်လေ မောင့်အသည်းလွမ်းသူရဲ့ပွဲ
လွမ်း လွမ်း တယ်မေရေ  လွမ်း လွမ်း တယ်မေရေ  ချစ်သူမြင်လာပါဘဲ ဆွေးပါတယ်လေ
မောင့်အသည်းလွမ်းသူရဲ့ပွဲ  အခုတော့ဟင်
မချစ်ပြင်ပြင် မကြင်နာလေသည်မို့မေ့ကွက်ကိုရှာ ရှာသူမေရေ
မောင်ဘယ်သူ့ကိုမှ အပြစ်လည်းမတင်ချင်ပေ ချစ်ပရိယာယ်ကိုသိသလိုလိုနဲ့
ချစ်စရာကဗျာ တပုဒ်အလားနှစ်သက် ယုံစားမိခဲ့လို့ လေ
မောင်အပြစ်နဲ့မောင်သာရှိပါစေတော့မေရေ
မောင်အပြစ်နဲ့မောင်သာရှိပါစေတော့မေရေ

နှင်းပျောက်တဲ့နွေ

ရေး - ကိုသက်ဦး
ဆို - လွှမ်းမိုး


နှင်းငွေရောင်ဖြူလွ တူစွသဏ္ဍာန်ပေ  ငွေရည်ပုလဲနုတို့ စုကာဖြန်းတော့ လန်းဆန်းစိုပြေ
နှင်းတွေဝေကျ ဆောင်းဟေမန္တပြောင်း နှောင်းပြန်တော့လေ
ဟောင်းရွက်ကြွေ မြေမှာခကြွေကာကာကျတဲ့ အခါသမယမှာဘဲလေ
သြော် နွေဦးရောက်ပြီ နှင်းလည်းပျောက်ပြီ

နှင်းမှုံရည် ပုလဲငွေဥသဏ္ဍန်ပေ မောင့်ရင်ထဲစွဲလန်းမျှော်မှန်း ရမ်းရော်နေဆဲမှာလဲ
ရာသီအချိန်ပြောင်းနှောင်းခဲ့ပေါ့လေ လေရူးဆော်ကာ နှောက်ခြေတော့
ှပျောက်လေပြန်ပေါ့နှင်းရေ နှင်းရေ
နှစ်ကိုယ်တူကြည်ဖြူမယ်လေ  ရည်ရွယ်စိတ်ထဲ ကြိတ်ခဲလို့ဘဲနေ ပျော်ပွဲဆင်လို့လေ
ဘယ်ဝယ်ဘယ်လမ်းကိုဖြင့်မှန်းသလေ လွမ်းမပြေ တမ်းတမျှော်ရင်းနှင်းနှင်းပျောက်တဲ့နွေ

ချစ်သူနှင်းရေ ရင်တွင်းမချိအောင်လေ စွဲရစ်နှောင်ဖွဲ့ ပါလို့ မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ကြည်ဖြူမျှတ  သြော် ကြည်ဖြူရမှ နှင်းကမပေါ်လာတော့ပေ
သြော်တကယ်တမ်း စမ်းစစ်တော့ မြူနှင်းလေလားဆောင်းလေလား
စိတ်မှာထွေပြား မခွဲခြားနိုင်ခဲ့ ကြင်ဖော်ကင်းတယ်လေ
နှင်းပျောက်တဲ့ နွေဦးရောက်ပြီလေ

ပွဲကြိုက်ခင်

ရေး - အလင်္ကာကျော်စွာစောင်ဦးဘဘန်း
ဆို - လွှမ်းမိုး


ပွဲကြိုက်ရန် ခုနှစ်သံချီဆွယ် သြော်  သွားလိုက်ကြတာလူတွေမနည်းတယ်
လာလေ စောစောသွားမှတို့နေရာရမယ် အရပ်အရပ်ထဲဇာတ်ပွဲကတယ်
သြော်  ဆိုင်းသံဗုံသံဆူညံ မသွားပါနဲ့ချစ်တဲ့သူရယ်
စက်သီချင်းလက်ငင်းဖွင့်ပြမယ်
သန်းဆရာဆို သီချင်း ပျိုယမင်းရယ်  အပျင်းတော်ကိုပြေစေအောင်လို့
အထွေထွကြံကာ ဆောင်းကိုတီးပြမယ်
အပျော်ဆိုတာရယ် ငွေကုံခံနိုင်ရင် အကောင်းဆုံးကွယ် ခင်နှမရယ်
အအိပ်ပျက်တယ် အစားပျက်တယ် ဓာတ်ပြားလောက်ဖွင့်ကာနေကြမယ်

စူရတီရွှေနားနှင့် ရွှေပါးကနံ့သာချယ် လှပါပေ့ကွယ် ယဉ်ပါပေ့ကင်းစင်ကွာတယ်
အဆင်းအင်္ဂါမှန်မလွဲ မင်းလှဖို့ဘဲ
ဇာတ်ပြားတစ်ပြားဖွင့်ကာ ကောင်းတဲဇာတ်ပြားတစ်ပြားဖွင့်ကာအိမ်မှာနေရစ်ပါကွယ်
စောင်းသံတယောသံ နားဝင်အေးတယ် ခင်လေးရယ် နားသောတ သဘောကျစေဖွယ်
အရပ်ထဲကပြောကြပါပြီ  သည်ပွဲရူးကြောင့်ရှက်လှချည်ရဲ့ခက်လှပေါ့မေရယ် ပြောပေမယ်လို့ ဘယ်ခါမလျှော့တယ်
(အပျော်ဆိုတာ ဖွင့်ကာနေကြမယ်)

စိမ်း

ရေး - အလင်္ကာကျော်စွာရွှေပြည်အေး
ဆို - လွှမ်းမိုး


ရာသီကုန်ကူးမယ်
စီစီ ရီရီ ဖူးကာပွင့်ကြရာဝယ်  ဦးမှာတင့်လှပမကြွတကြွ ခိုင်ပန်းစုံတွေမယ်
ဆန်းကျယ်အဆင်အသွေးတွေနဲ့ လေဝှေ့နေရာဝယ် တစ်ဘာသာစိမ်း ညိုညိုချယ်
မြူးကာဆော့ကာတမျိုးယှက်သွယ်ညို့ချက်ကပိုင်ရက်ပါပေ
အနေခက်ဖို့ကွယ် တဖက်လူဖြင့်ချစ်ချင့်စဖွယ် ပန်မယ်ကြံရွယ်မထိုက်တန်ငြား သနားရန်သင့်တယ်မာန်ဝင့်တမြင့်မြင့်နဲ့ သီမပိုင်ကွယ်
မမှီနိုင်ဖွယ်ကိန်း  အောက်ကြို့ကာတိမ်း နောက်သို့သာယိမ်း အခါခါ မညှာတာတာရယ်
တပင်လုံးဝင်ပုံးနေတယ် မြနှယ်ချုပ်ထိမ်း ရောင်ဝါတွေလိမ်းတယ်

မြစိမ်းပင်ရယ်မခင်တွယ်လေတော့ာကင်ဖယ်လေရော့သလား
ပန်းပန်လျှင်နန်းဟန်ပြင်လို့ ပန်ချင်သူကများ
အမှုထားတာတွေ ပမာတင်ထာဝစဉ်မှတ်သွားကြတဲ့ စကားကိုဆိုမယ်
တစ်ဦးမေတ္တာ တစ်ဦးမှာ ဥပက္ခာပြုတာမကြည်မသာ ယိမ်းဖယ်ဖီလာ မတိမ်းနဲ့စိမ်းရယ်
ဘုံဝယ် မျက်မှန်ညှိုးကာသုန်မှုန်ဆင်းသက်လို့  လေပြင်းဖျက်တော့မယ်
ကြွေလင့်ချက်နှင့်ဝေးယောင် အတွေးပျက်အောင်ရှောင်စေချင်တယ်
မြင့်ခေါင်ဦးမှာကွယ် မြူးထူးလို့မနေသင့်တယ် စိမ်းရယ်
လေဝင့်တိမ်းတဲ့အခါမှာ စရာလွယ် အာကာဝဋ္ဌာထဲ တဝဲဝဲ နဲ့လွဲရော့မယ်
မာလာလေးနဲ့ တစ်ရွာတစ်ကျေးကွာဝေးရင်ကွယ်အဆွေးပင်လယ်
(မြစိမ်းပင်ရယ်                  ဖီလာမတိမ်းနဲ့စိမ်းရယ်)
ဂုဏ်ယူဝံ့ကြွားသားနားတင့်တယ်ပင်ယံမြင့်ကစိမ်းပန်းတစ်ပွင့်ရယ်
ကြိုဆိုနေလင့် ပန်းပွင့်ပါပေါ့ကွယ် လှမ်းအသင့်မြန်းအသင့်ယူမည့်အရေးနှယ်
ကူညီစိတ်တွေးစိတ်အေးနိုင်ဖွယ်ငေးမှိုင် သုန်မှုန်မြူရန်ချင့်ကွယ်
အဆင့်ဆင့် စကားကြွယ်ပန်ကြားပါတယ် ပြန်လှန်သနားကွယ်
အားနွဲ့သူမှာအများနဲ့မတူသာရှာ  ကြည့်ရင်သိမယ် ဇရာမရှိ သဒ္ဒါအတိကြွယ်
စာနာပါဦးမမုန်းတမ်းအပြုံးကမ်းနိုင်ဖွယ် ကျယ်
(မြစိမ်းပင်ရယ် ဖီလာမတိမ်းနဲ့စိမ်းရယ်)

နတ်သျှင်နောင်

ရေး - မြို့မငြိမ်း
ဆို - လွှမ်းမိုး


တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတွံခွန်တွေ လေကစားကြွားတလူလူ ဝေတို့တပ်တော်ဦးဆီ
မျှော်လိုက်ပြန်တော့ တံခွန်တွေအလံတွေ ရဲမာန်ပွားလောက်ပေ သေပစေ
ရင်ကိုမြေကတုတ်လို မဆုတ်မတွန့်မရွိ့တဲ့သူတွေ သတ္တိပြောင် ထောင်ထောင်မောင်းမောင်း
သူရဲကောင်းတို့ လက္ခာညီစေ မြင်းသည်တော်တွေ ဆင်သည်တော်တွေ
မြင်းကတုတ်ဆင်ကတုတ်တာတွေ အစောင့်အဝစီမံ ဗိုလ်ခြေစစ်သည်တွေ
တသီတတန်း စစ်စခန်းချရာမြေ

တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေတွေဝှေ့လို့ တရွေ့ရွေ့ ယူသလေ
တိမ်ဦးလေပြေ လွမ်းရတဲ့ဖြစ်လွမ်းငွေ့ဝေ ဖော်မစုံ ကျွမ်းလွမ်းစိတ်တွေ
ပွေ ချစ်တဲ့သူဓတု ကလျာဆွေ လွမ်းရတဲ့အဖြစ်အင် ထင်မြင်မိသေးတယ် ဘုရားတိုင်စစ်ချီရတုတွေးရေးလို့ရယ် ကျေးငှက်ကို စေလိုစေ ဖြေလည်းငယ်ပြေ
ပြေနိုင်ပါဘဲ စစ်ထွက်ဆဲတောင်ငူဘုရင်မှာ လေလွမ်းစာတွေ ရွှေပေထက်မှာ ထင်ရှားပေ ရတုအတော
ပေါ်နွေလလျှင် တောင်ကချိန်မြူး မင်းလွင်ဦးနှင့် ပြန့်ပြူးခြုံဆိုင်း
မုန်တိုင်းဆင်လို့ တိမ်ညိုမှိုင်းထက် လျှက်လက်ပြကာ စိမ်းဝါမိုးပန်း
ထွေထွေသွန်းက ရည်ညွန်းသာကြည် ပျော်ရမည်ကို မြရည်ပက်မှရောက်ခဲ့လတ်ဟု
ချစ်ထွတ်တင်သည်ပြာစင်မွန်လတ် ဖြူဝင်းမွတ်လျှင် ကြာညွတ်ဖယောင်း နေရှိန်ပြောင်းသို့
ထပ်လောင်းလောင်းဝှန် ရှိလိမ့်ဟန်ကို တိမ်ညိုလေလျှင်
ဖူးရောက်ချင်သည် ငှက်သွင်ပျံ ကြွမတတ်သော်
ပိတောက်တွေရွှေရည်လူးကြမယ့်  အနေပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေဝေ
ပန်းမျိုးစုံ ရာသီစုံ  ကူးခဲ့ပေါ့လေ  ချစ်သူကိုရည်စူးဖူးတဲ့ လို့ခြွေ
ကိုယ်တိုင်လှရာ ရာရွှေးဆင်မပေးရ  ဆံမြညှာကေ စစ်မြေမှာကြာညောင်းရက်ရှည်
ရောက်မယ်အထင်နဲ့  မျှော်တဲ့သူပူဗျာ ဝေတတွေးတွေး ဆွေးရှာရော့မယ်လေ
(တောင်ကညိုပြိုတော့မယ် ရွှေပေထက်မှာတင်ရှာပေ)