Monday, April 1, 2013

အချစ်ကိုဘယ်လိုပြောရမလဲ


ရေး - သောင်းတင်ဋ္ဌေး
ဆို - လွှမ်းမိုး

မြစ်ယမုန်  ခြားသေလာရိုးမ ဆီးရံခစေ  မုန်တိုင်းရယ်ထန် အဆန်ခရီး
တက်မစုံရွက်မပါ မင်းရှိရာအလာအဝယ်  နေပူကြဲကာကြုံတယ်
မိုးကသည်းလာတဖုံကွယ်  နှင်းဖွဲတွေကျ ဒီကာလကိုမေ့ပြီလားကွယ်
မောင်ရှာပေးလာဖူးတဲ့  ပန်းသဇင်တွေနှင်းတေ
ပြေးကြားဝယ်အတွေးမှားကာ ဖြစ်နေသူရယ်
မေ့လွယ်မုန်းလွယ် ခက်လိုက်တာမေ့အပြုံးရယ်က  မောင်ဘယ်လို မုန်းနိုင်ပါ့မယ်ကွယ်
ခုတော့ခုတော့ မြကြိုးယှက် လှမျိုးယှက်ကာစိမ်းနေသူရယ်
မြရွက်မြကြိုးသဖွယ် မင်းဘာကြောင့်စိမ်း ယိမ်းညွတ်စေချင်သော်လည်း
စိမ်းကားသူကမြပုဝါကိုချုံ မိုးအဆုံးမြေအဆုံးရှောင်ခွာပုံးတော့ကွယ်
ကြာလေဝေးမယ့်အချစ်ရယ် ဖွေရှာသူမောပြီလို့ ကိုယ့်ချစ်သူဘယ်မှာရှိတယ်
တိုင်တယ်ပါရစေနော်ကွယ်
ဖိုးရွှေလမင်းရယ် ဆန်ဖွတ်ရင်းသတင်းပေးပါလားကွယ်
မိုးမြေရစ်လှိုင်း ပန်းတိုင်းသက်သေထားပါ့မယ် ကြယ်လစုံသော ညဥ့်လွှာရုံဝယ်
ချစ်သူလာမယ့်လမ်းက ပန်းတွေကျဲအမြဲမျှော် နေတယ် တစ်လောကလုံး
မုန်းချင်မုန်းပါစေကွယ်  ချစ်တဲ့သူပြုံးနေသမျှ  ကိုယ့်ဘဝကျေနပ်နေပါ့မယ့်
ဒါတွေသည်းညှာမယုံရင် ကြယ်စုံရံခ ဖိုးရွှေလကိုမေးပါချစ်ဦးရယ်
ကြယ်တွေလတွေခွန်းဆက်ရတာ နှမြောမိတယ်
ရေစက်ရယ်ကြုံ  ဘဝရယ်ဖီလာသွား  အများနဲ့ကိုယ့်မှာမတူတယ်
လွမ်းမျိုးမေတ္တာကုဋေကဋာကြွယ်  ကြယ်ရောင်မဖြာ
သော်တာမလှ ပြန်တော့တိမ်မဲညို ကိုလူဆိုး စိုးမိုးတဲ့ည  အမှောင်မှာကွယ်
ဒီလိုညအခင်း မျိုးမယ်  လမင်းကြီးခရီးလွန်နေပြီကွယ်
အချစ်ကိုဘယ်လိုပြောရမယ် အချစ်ကိုဘယ်လိုပြောရမယ်

No comments:

Post a Comment