Showing posts with label ကော့ဘရာ. Show all posts
Showing posts with label ကော့ဘရာ. Show all posts

Saturday, April 20, 2013

ဆွေးမြေ့အသည်း

ရေး - ကော့ဘရာ
ဆို - ကော့ဘရာ

ငါလေမင်းနဲ့ ချစ်ခဲ့ပြီးနောက်ပိုင်းမှာ မင်းကိုငါယုံကြည်ခဲ့လို့
အခြေအနေပေးရင် တို့ရဲ့အချစ်တွေခိုင်မြဲအောင်
မိဘဆီမှာ လာတောင်းမယ်

ငါယုံကြည်တဲ့မင်းလေး အထင်ကြီးတဲ့မိန်းကလေး
အခုတော့ ဘယ်လိုဖြစ်သွားလဲ
ငါနဲ့မင်းနဲ့ ဝေးတဲ့ ဒီအချိန်လေးအတွင်းမှာ
မင်းဟာနောက်တစ်ယောက်ထပ်ရသွားပြီ
ဒီသတင်းဆိုးကြီးလွဲပါရစေ ငါဆုတောင်းတွေမပြည့်ခဲ့ပါ

တကယ်ကိုဟုတ်ပါတယ် တကယ်ကိုချစ်နေကြတဲ့ မင်းတို့အတွဲကို ငါတွေ့ခဲ့တယ်
တို့နှစ်ယောက်အချစ်က မေ့ဖို့လွယ်သလား ဟမ်း မင်းလေးပြောစမ်းပါ
တို့နှစ်ယောက်ဝေးဖို့အကြောင်းကိုလည်း
ဟမ်း ငါလေစဉ်းစားခဲ့ပါ
မျှော်လင့်ထားတဲ့ အတွေးတွေလည်း အားလုံးအခုတော့ပျောက်ကွယ်

အိပ်မက်များလို့တောင်ထင်မိတယ် အဖြစ်ပျက်များက မြန်ဆန်လွန်းတယ်
မထင်ထားတာတွေ တကယ်ကိုဖြစ်လာခဲ့တော့ ငါ့ရဲ့အသည်းမှာ ဒဏ်ရာရပြီ
ငါတန်ဖိုးထားတဲ့ မင်းလေးကို အခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ
ငါမြင်တွေ့နေတယ် ငါမြင်တွေ့နေတိုင်း ငါ့ရဲ့စိတ်တွေ တကယ်မကောင်းပါ
တစ်ကိုယ်ရေတစ်ယောက်တည်း လျှောက်လို့သွားနေ ငါ့ရဲ့စိတ်တွေလေလွင့်နေ

မသေခင်ကတည်းက ဆွေးနေတဲ့ ငါ့ရဲ့အသည်းကို အချစ်တွေနဲ့အတူ မြေမြုပ်လိုက်ပြီ

တို့နှစ်ယောက်အချစ်က မေ့ဖို့လွယ်သလား ဟမ်း မင်းလေးပြောစမ်းပါ
တို့နှစ်ယောက်ဝေးဖို့အကြောင်းကိုလည်း ဟမ်း ငါလေမစဉ်းစားခဲ့ပါ
မျှော်လင့်မထားတဲ့ အတွေးတွေလည်း အားလုံးအခုတော့ ပျောက်ကွယ်
အားလုံးအခုတော့ ပျောက်ကွယ် ရေး ရေး ရေး
အားလုံးအခုတော့ ပျောက်ကွယ်

7:19 PM 4/22/2013