Showing posts with label စိုးလွင်လွင်. Show all posts
Showing posts with label စိုးလွင်လွင်. Show all posts

Sunday, May 26, 2013

အနံကြီးကွင်းကျယ်

ရေး/ဆို - စိုးလွင်လွင်

ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး
ဒီအိမ်ရှေ့ကို နောက်တစ်ခါ ဘယ်တော့မှ မဖြတ်တော့ဘူး
အနံကြီးပြီး ကွင်းကျယ်တဲ့ လူတွေနဲ့ မဆက်ဆံချင်ဘော့ဘူး

ဒီမျက်နှာကို နောက်တစ်ခါ ဘယ်တော့မှ မကြည့်တော့ဘူး
ဒီမိန်းမကို နောက်တစ်ခါ ဘယ်တော့မှ မလွမ်းတော့ဘူး
ဟန်ရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်နဲ့ မဆက်ဆံချင်တော့ဘူး

စဉ်းစားမိရင် ဒေါသဖြစ်တယ် ဘယ်တော့မှမလာတော့ဘူး
လမ်းမှာတွေ့ရင် ဒေါသဖြစ်တယ် ဘယ်တော့မှမကြည့်တော့ဘူး
နောက်တစ်ခါ ဒီလမ်းထဲကို နောက်တစ်ခါ ဒီအိမ်ဘက်ကို
ဘယ်နည်းနဲ့ မှ လုံးဝ မကြည့်တော့ဘူး

ဒီအသိုင်းအ၀ိုင်းကိုနောက်တစ်ခါ ဘယ်တော့မှ မ၀င်တော့ဘူး
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး
အားနည်းချက် ရှာနှိမ်တတ်တဲ့ လူတွေနဲ့ မပတ်သက်ချင်တော့ဘူး

၃၅ လမ်းထဲကို ဘယ်တော့မှမလာတော့ဘူး...
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး

Friday, April 19, 2013

စိတ်နဲ့ကျုပ်နဲ့ ညစ်တယ်ဗျို့ 

ရေး - စိုးလွင်လွင်၊ ကိုလတ်
ဆို  - စိုးလွင်လွင်

စိတ်ညစ်စရာကြား စိတ်ညစ်ရတာများလို့ စိတ်ညစ်တယ်ဗျို့
သြော် ရိုးလွန်းတော့နွား ဆိုးလွန်းတော့ကျား ခင်ဗျားတို့ ထင်သမို့
ပြဒါးသံနဲ့ တစ်လမ်းတစ်ဘက်ဆီသို့ စိတ်ညစ်တယ်ဗျို့
မတည်မြဲတည့် ကမ္ဘာလှည့်ကွက်ထင်လို့ စိတ်ညစ်တယ်ဗျို့
အနေမတတ်ခဲ့ရင် ပါးစပ်ကမစီသမို့ စိတ်ညစ်တယ်ဗျို့
သြော် ဖြစ်တာအပို လိုတာမဖြစ်တော့ စိတ်ညစ်တယ်ဗျို့

အရာရာမှာအဆင်မပြေတာ များလွန်းလို့ လူတွေနဲ့
အပြေလည်ဆုံး နေနိုင်ဘို့ ပစ္စုပ္ပန်စေတနာတွေ အထားမတတ်တော့
သြော် ဝေဒနာဆင့်ကာ စိတ်ညစ်တယ်ဗျို့
ကုသိုလ်ကံပါး လောကဓံ ရန်များလို့ စိတညစ်တယ်ဗျို့
သြော် ညှိုးလွန်းတော့မှား ချိုးလွန်းတော့သွား တရားနဲ့မြင်လို့
အသွားနဲ့အပြန်နဲ့ အနီးအဝေးနေသမို့ စိတ်ညစ်တယ်ဗျို့
မချစ်မနှစ်သက်သောသူ ပေါင်းရသမို့ ဒုက္ခတွေတစ်ချို့
သြော် ချစ်နှစ်သက်သောသူတွေ မတွေ့တော့နိုင်သမို့ ဒုက္ခတွေဗျို့
သြော် ချစ်တော့မချို ချိုတာမချစ်တော့ စိတ်ညစ်တယ်ဗျို့

ဘ၀ရဲ့ချိန်ခွက်ကလေး အခိုးခံထိလို့ စိတ်ညစ်တယ်ဗျို့
တိုးမယ့်ခြေလှမ်း လမ်းမပေးသူတို့ ကြည့်လုပ်ပါဗျို့
သြော် လောဘဆိုတာ တော်ရုံထားမှ ကောင်လိမ့်မယ်ဗျို့
စိတ်ညစ်စရာကြား တစ်လမ်းတစ်ဘက်ဆီသို့ စိတ်ညစ်တယ်ဗျို့

Wednesday, April 10, 2013

လာမယ်ဆိုကြိုနေမှာလား

ရေး- စိုးလွင်လွင်
ဆို - စိုးလွင်လွင်

ကိုယ်ဘယ်ကိုရောက်ရောက် မင်းကိုတော့ ကိုယ့်စိတ်က သတိရနေတာ
ဘယ်နေရာမှာဖြစ်ဖြစ် မင်းကိုတော့ ခဏတဖြုတ်မှ မေ့မရနိုင်ပါ
ဘယ်လိုမှဖျောက်ဖျောက်လို့မရဘူး အတွေးထဲအမြဲဝင်လာတယ်
မင်းအကြောင်း ဒါကိုမတွေး မတွေးသင့်တော့မှန်း
သြော်..... သိလျက်နဲ့ သတိရနေတာ

မြေဘယ်လောက်ဝေးဝေးနေလည်း ကိုယ့်စိတ်က မင်းဆီမှာ
မြေဘယ်လောက်ခြားခြား ခြားနေလည်း မင်းစိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပါ
အလျင်လိုပဲ နှစ်ကိုယ့်တစ်စိတ် တစ်ကိုယ်တည်း မပြောင်းလဲဘူး
မင်းအပေါ် ကိုယ့်သဘောထား ရေကိုဖြတ် အပြတ်ခက်သလိုပဲ
သမုဒခရဲ့ကြိုးက ခိုင်မာ သြော် သမုဒယကြိုးက ခိုင်မာ

နာအောင် တစ်ဖက်စောင်းနင်း စကားတွေလည်း
ကိုယ့်ချစ်ခြင်းကို မဖျက်ဆီးနိုင်ဘူးကွယ် လာနိုင်အောင်
ကိုယ်ကြိုးစားနေတယ် မျှော်လင့်ချက်တွေ ရင်ထဲမှာ အပြည့်နဲ့

ဘယ်သူ့ဆီမှာ မင်းအကြောင်းသိရမလဲ ကိုယ်နားပဲ အမြဲစွင့်နေတာ
ဘယ်နေရာမှာ မင်းနဲ့တွေ့နိုင်မလဲ ကြိုးစားရင်း ကြိုးစားရှာဖွေ
တကယ်လို့များ တွေ့ခဲ့ရင်တော့ အမှားတစ်ချို့တွက် တောင်းပန်ချင်တာ
ကြိုဆိုမလား ငြင်းလိုက်မှာလား ကိုယ် မင်းရှေ့မှောက် ရောက်တဲ့အချိန်မှာ

အလွမ်းဆု

ရေး - ကိုလတ်
ဆို - စိုးလွင်လွင်

တော်မယ်ဆို လိုမယ်ထင်ပြီး သည်ခရီးကို
လှမ်းလိုက်မိပါတယ် ကြင်နာမှုမိုးကောင်းကင်အောက်က
မေတ္တာလမ်းတစ်လျှောက်မှာ ပျော်ရွင်စွာ လျှောက်လှမ်းခဲ့ကြတယ်နော်

ခေါ်မယ်ဆိုရင် ကြိုမယ်ထင်ပြီး ကိုယ့်အသည်းကို ကမ်းလိုက်မိပါတယ်
ရင်နာမှု အဆိုးအကြောင်းမြင်လောက်မှ တစ်သက်စာ
လွမ်းရမလောက်အရာ မြှော်မြင်ကာ နောက်ဆုတ်ခဲ့ပြီနော်

သြော် ဒဏ်ရာမဲ့အသည်း ဘယ်သူများရှိနိုင်မလဲ
အချစ်ရေ နားလည်နိုင်စွမ်းမရှိသူကို ဘ၀သီချင်း
ချိုချိုလေးတွေ ဆိုပြနေလို့လည်းလေ အပိုပါပဲ
တို့နားလည် နားလည်ခဲ့ပြီ တို့နားလည် နားလည်တတ်ခဲ့ပြီ

မင်းပေးထားခဲ့တဲ့ အလွမ်းဆုပါ မေရယ်
မင်းနဲ့ ပတ်သတ်တဲ့ အလွမ်းဆုပါ မေရယ်

အမေ

ရေး - ရာပြည့်
ဆို  - စိုးလွင်လွင်

တစ်ထောင့်တစ်ညရဲ့ ပုံပြင်တွေထဲမှာ
ကျွန်တော်လေမိန်းမောပြီး သာယာလို့နေရင်း
အချိန်တိုင်ခဲ့သည့်တိုင် အိမ်ပြန်ခွင့်မသာခဲ့
သည်အချိန်ဆိုရင်လေ အိမ်မှာအမေရယ်လေ
ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်

မလွမ်းတတ်တဲ့ လူတွေရဲ့ကြားမှာ
ကျွန်တော်လေ တစ်စတစ်စနဲ့ ပျော်ဝင်နစ်နေလေ
ရင်ခွင်အမေအရပ်ဆီ ပြန်လည်မှန်းကာကြည့်
ရယ်သံလိုလို ငိုသံတွေမပီပြင် နွမ်းလျလို အိမ်အပြန် တကယ်ကို ခက်ပြီ

တားလျက်နဲ့ သွားမိခဲ့သူ အမှားတွင်းထဲ တမြေ့မြေ့
နစ်ခါကျော့ကွင်းမှာ အထပ်ထပ်ရုပ်မပီ
ခလုတ်ထိမှ တခဲ့မိတဲ့ အမေ့ရဲ့သားမောင်လေ
အရွယ်လွန်လွင့်ပါး စုန်းစုန်းမြုပ်တော့မယ် အမေ

Tuesday, April 9, 2013

ခွန်းခြွေချစ်တေး

ရေး  - ကိုလတ်
ဆို   - စိုးလွင်လွင်

အကြင်နာဆုံး ကိုယ်ပြောမယ့်စကား ရင်မှာပြည့်လျှံ မို့မောက်
အသည်းမှာ ဖွင့်အန် နှလုံးသားတေးသံချွေ
တည်ငြိမ်ခြင်းမှာ ကိုယ့်မေတ္တာခိုင်မာသစ္စာ စွဲမြဲအချစ် လွန်ငြိတွယ်
အပြုံးများ ပေးပန်စေ

ဖွင့်မပြောဘဲ သိလို့နေတဲ့ ဖြူစင်တို့ရဲ့ အချစ်နှစ်များစွာ
ကိုယ့်ဘ၀ထဲကမခွဲပါ ခရီးလမ်း နောက်ဆုံးထိ
အချစ်ကို တစ်သက်မခွဲ

အရုဏ်နေ့ကျော် နေ့ဆည်းဆာ ရာသီပြောင်းစေ
တွန့်မကြောက် ဆက်လက်မြဲစွာ တို့နှစ်ယောက် ချစ်ကမ္ဘာရှည်

ပိုင်ဆိုင်ခြင်းဟာ လက်တစ်ကမ်းစာ ကိုယ်တိုင်ရေးမယ်
ကိုယ့်ရဲ့ဖူးစာဖက်ကို ရဲရင့်လွမ်းမျှော်ရည်

ချစ်လူမိုက်

ရေး - နိုင်မြန်မာ
ဆို  - စိုးလွင်လွင်

ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ်
ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့ တိုက်မယ်
ဘ၀ကိုပေး ရင်းချစ်ရဲတယ် သူ့အလိုအတိုင်း အမြဲတမ်း ပြည့်စေမယ်
ချစ်သူအတွက် သတ္တိရှိတယ် သူ့အတွက်ပဲ ကိုယ့်ဘ၀ ဖြစ်ခဲ့တယ်

ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် / ပါတယ်

ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ်
ကြင်နာသူပြောရင် ပြောသမျှအကုန် ခေါင်းညိတ်ခဲ့တယ်
တစ်ခွန်းဆို တစ်ခွန်း နားထဲရောက်တယ် ချစ်သူစကား မေ့လို့ မရနိုင်တယ်
ကိုယ့်ရင်ထဲ သပ်နဲ့ စွဲသလို သူ့အသံပဲ အမြဲ နားစိုက်ခဲ့တယ်

ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ်
ကြင်နာသူရှိရင် ဆူးလမ်းကို နင်းလျှောက်ရဲတယ်
လောကဓံတရား မေ့လို့ထားမယ် ချစ်သူရဲ့ လက်တစ်ဖက် ဆုပ်ကာရယ်
အမြဲရင်ကော့ ခေါင်းမော့ထားမယ် သတ္တိသွေး ရဲရဲတောက်ခဲ့တယ်

ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ်
ရာဇ၀င်ပြောင်ထွန်းတယ် ပြောစမှတ်တွင် ရစ်ခဲ့ရမယ့်
ချစ်သူသမိုင်း ရေးထိုးလောက်တယ်
ချစ်လူမိုက် ချစ်လို့မိုက်ပုံရယ် ချစ်သူစိတ် ချမ်းမြေ့ဖို့ရွယ်
အချစ်တစ်ခုတည်း ကိုးစားမိခဲ့တယ်

ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် / ပါတယ်

ချစ်သူစိတ်ကူး

ရေး /ဆို - စိုးလွင်လွင်

ပျော်ရွှင် ကြည်နူးရသလို တစ်ခါတစ်ရံ ရင်မှာကြိတ်မြီးတော့လည်း
မျက်ရည်ဝဲ ဘ၀အိမ်ထဲ နားလည်ဆုံး ချစ်သူလေး
ရှိနေရင်လေ အဆင်ပြေမယ်

ရင်မဆိုင်ချင်တဲ့ မျက်နှာ တစ်ခါတစ်လေ တမင်လာကြုံကြိုက်တဲ့အခါ
မျက်နှာလွဲ လမ်းသွယ်ထဲ စိတ်အချဆုံး ချစ်သူလေး
ရှိနေရင်လေ အဆင်မြေမယ်

ဝမ်းနည်းတဲ့အခါလည်း မင်းကို အမြဲသတိရတယ်
ဝမ်းသာတဲ့အခါတိုင်း မင်းကို မေ့မရဘူး
အချစ်စစ်သဘောရယ် ပေးဝေမျှခြင်းပဲ

ရင်မှာတစ်ခုတံသိတယ် ကျန်တာ ဘာဆိုဘာမှ နားမလည်
အချစ်တစ်ခုပဲ ကိုးကွယ်ခဲ့
အသည်းခံဆုံး ချစ်သူလေးရှိနေရင်လေ အဆင်ပြေမယ်

ခေါင်းငုံချစ်နေမယ်

ရေး - စိုးလွင်လွင်
ဆို - စိုးလွင်လွင်

မျက်နှာထားတင်းတင်းနဲ့ နောက်မလာနဲ့လို့ပြောလွှတ်လိုက်တယ်
ကိုယ်အစွဲအလန်းကြီးမှန်း သိလျက်သားနဲ့ မင်းပြောရက်တယ် ပြောနိုင်ပါတယ်
ခေါင်းငုံ့ခံမယ် ပြောနိုင်ပါတယ် သည်းညည်းခံမယ်
ကိုယ့်ကို အမြဲတမ်း မင်းပြောနိုင်ပါတယ်

ခြေလှမ်းပြင်းပြင်းနဲ့ ကိုယ့်ရှေ့နားက ဖြတ်လျှောက်သွားတယ်
ကိုယ့်နှလုံးသွေးများလည်း ဒေါသစိတ်ကြောင့် ဖျဉ်းကနဲဖြစ်တယ်
မင်းမာနိုင်တယ် မင်းအနိုင်ယူကွယ် မင်းမာနိုင်တယ် သည်းညည်းခံမယ်
ကိုယ့်ကို အမြဲတမ်း မင်း ပြောနိုင်ပါတယ်

ကိုယ် ဘယ်လောက်အထိချစ်သလဲ မင်းသိလား
ကိုယ်ဘယ်လောက်ထိခံမလဲ မင်းသိလား
ကိုယ်ဘယ်လောက်ထိ မြတ်နိုးသလဲ
ကိုယ်ဘယ်လောက်ထိ တန်ဖိုးထားတယ်
ခံနိုင်ရည် မင်းစမ်းကြည့်တာလား ယုံကြည်အောင် သွေးတိုးစမ်းတယ်လား

ကြည့်မှန်းသိလျက်နဲ့ ခေါင်းငုံ့ကာမျက်နှာဖယ်တယ်
ကိုယ့်အသည်းနှလုံးများလည်း ဆွဲခါသလို တဆတ်ဆတ် တုန်တယ်
အနင်းခံနိုင်တယ် အရွှဲ့ခံနိုင်တယ် အပြောခံနိုင်တယ် အမုန်းခံနိုင်တယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ချစ်နေမယ်

ကိုယ်ဘယ်လောက်ထိ...... ခေါင်းငုံ့ချစ်နေမယ်

ကျွန်တော်မသိတဲ့ကျွန်တော်

ရေး - ညီညီသွင် ဆို - စိုးလွင်လွင် အချစ်သစ် နောက်တစ်ခုလှမ်းလိုက်တဲ့အခါ ကမ်းလိုက်တဲ့ လက်များ အေးစက်စက်နဲ့ ဖြစ်မနေ အရင်အတိုင်းနွေးထွေးဆဲပဲလား အချစ်နဲ့အမုန်းနဲ့ ပြောင်းလဲစကားကို ပြုံးပြုံးလေးခံစား အတေးအမှတ်မရှိတဲ့ ကိုယ့်ရဲ့အချစ်များ အခုနောက်တစ်ခါ ချစ်လိုက်မိပြီလား အခုတော့သိပြီလား အပြောင်းအလဲ သိပ်လွယ်သော နှလုံးသား အချစ်မသိတဲ့ မိန်းကလေးတစ်ယောက် အတွက်များ အရူးအမူးဖြစ်နေလား စဉ်းစားမရပါလား အခက်သား တွေ့သမျှချစ်သမျှ အသည်းထဲထိအောင် စွဲငြိလိုက်တာလား ကိုယ့်အသိစိတ်က နားမလည်နိုင်သော ကိုယ့်ရဲ့မေးခွန်းများ ထိခိုက်ပွန်းရှလိုက်သမျှ အသစ်တစ်ဖန် အကောင်းတိုင်းဖြစ်ပါ့မလား မျက်စိမရှိတဲ့ အချစ်ဟာ ဒါလား အခု နောက်တစ်ခါ....... အခက်သား

Monday, April 8, 2013

တေးသီတဲ့ငှက်

ရေး/ဆို  - စိုးလွင်လွင်
အတောင်ပံစုံကို ဖြန့်ချီမာန်ထယ် အာကာပြင်ကို ရှေ့ရှုဦးတည်
မြေပြင်ကမ္ဘာငယ် နောက်မှာချန်ခဲ့ ကြိုးစားခြင်းနဲ့ ပျံနေဆဲ
ခန္တီပါရမီ အတတ်ပညာရယ် သံစဉ်သွင်းတဲ့ကာရံမဲ့
အားလုံးကိုပေါင်းစည်းကာ မွေးဖွားလာတယ်
သီချင်းငှက်ဟာ မိုးကောင်းကင်အမြင့်သို့ရည်ရွယ်

သီချင်းငှက်.....သီချင်းငှက်.....သီချင်းငှက်
မိုးကောင်းကင်အမြင့်က သီချင်းငှက်.....

ကမ္ဘာမြေပြင်ဟာ ယမ်းကုန်ပူခဲ့ ရာသီလေးတွေ တိုက်ခတ်ကြတယ်
အပူဒဏ်တွေဟာ ပြင်းထန်လာခဲ့ အစွမ်းကုန်ရိုက်ခတ်တောင်ပံငယ်
ဒဏ်ရာတွေဟာပွစာလန်ကြဲ မချိမဆန့်ထိတော့နာပေမယ့်
ဝိရိယကို အားဆေးလိုအသုံးပြုကာကွယ်
သီချင်းငှက်ဟာ ရှေ့ဆက်ဖို့ ကြိုစားပြန်တယ်

သီချင်းငှက်.....သီချင်းငှက်.....သီချင်းငှက်
မိုးကောင်းကင်အမြင့်က သီချင်းငှက်.....

အတောင်ပံတွေမှာ အားအင်ပြန်ထည့် အရှိန်အဟုန် အမြင့်တွေ
မြှင့်ပစ်လိုက်တယ် ယုံကြည်ခိုင်မာစိတ်ဓာတ်တွေနဲ့ စွမ်းအားများလဲပိုလာခဲ့
အချိန်ဟာရွှေလို အဖိုးတန်တယ် မီးကုန်ယမ်းကုန်ပျံနေတဲ့ သီချင်းငှက်ဟာ
တစ်နေ့ကြရင် မိုးကောင်းကင်ဝယ် မိုးကြိုးလို စူးရှစွာတေးဟစ်နေမယ်

သီချင်းငှက်.....သီချင်းငှက်.....သီချင်းငှက်
မိုးကောင်းကင်အမြင့်က သီချင်းငှက်......

တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်

ရေး / ဆို  - စိုးလွင်လွင်

သူတို့နဲ့မဆိုင်ဘဲနဲ့ တို့နှစ်ယောက်ရဲ့ကြားမှာ ငလျင်လှုပ်တုန်း
ပုခက်လွှဲချင်ကြတယ် မလိုသမာသူ သွေးထိုးစကား မင်းနားယောင်မိနေလေတော့ကွယ်
ကိုယ်ဘာများ တတ်နိုင်ဦးမှာလဲ ကိုယ်ဘာများ ပြောနိုင်မှာလဲကွယ်

သူတို့နဲ့တိုက်ပွဲအတွက် မင်းပဲအားကိုးရှိတယ်
မင်းအတွက်ကြောင့် သူတို့နဲ့ဖြစ်ရတယ်
ကာယကံရှင်မင်းကရော ကိုယ့်ဘက်မှာ မရပ်တည်နိုင်တော့ကွယ်
ကိုယ်ဘာများ တတ်နိုင်ဦးမှာလဲ ကိုယ်ဘာများ ပြောနိုင်မှာလဲကွယ်

ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ မင်းနဲ့လဲ ကိုယ်မခွဲနိုင်ဘူးကွယ်
ကိုယ့်ဘ၀ထဲ မင်းတစ်ယောက်သာအဖော်ရှိတယ်
ကိုယ့်ဘက်လဲ တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

သူတို့ရဲ့စိတ်ထားက ပွဲလန့်တဲ့ကြားမှာ မငြိမ်မနေပဲ ဖျာခင်းချင်ကြတယ်
စေတနာတွေပြောဦးမလား ကွဲသွားရင် ၀မ်းသာကြပါမလား
ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ ကိုယ်ဘာများ ပြောနိုင်မှာလဲကွယ်

ရှေ့ဆက်ပြီး .... တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

Monday, April 1, 2013

ဂန္တဝင်ဆည်းဆာ

ရေး - ညီညီစံ
ဆို - စိုးလွင်လွင်


ညနေခင်းရဲ့လေပြည်ထဲမှာ မေ့ဆံနွယ်တွေတောင်ပံဖြန့်တဲ့အခါ
ပန်းပွင့်လေးတွေရှက်သွေးဖြာ ကျေးငှက်ကလေတွေတေးမဆိုတော့ပါ
ဟိုမှာမျက်ခင်းစိမ်းလေးများဦးညွတ်လို့ မေလာရာလမ်းခင်းပေးကြမှာ
စမ်းချောင်းလေးတွေတောင်ငိုနေပြီကွာ မင်းဆံပင်လေးတွေသိပ်လှတဲ့အရှိန်အဝါ

ကမ္ဘာမြေတစ်ခွင်ကိုမေ့ဆံနွယ်တွေ လွှမ်းခြုံထားမှာလားကွာ
တိမ်တွေပေါ်မှာရွှေနေခြည်ဟာရောင်စဉ် ဖြန်းပက်ကာ ဆံပင်တွေကိုနမ်းတဲ့အခါ
လေအဟုန်မှာလူးလွန့်သွား ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာ

 6:28 PM 4/9/2013

ငယ်ငယ်တုန်းကထက်ပိုချစ်မယ်

ရေး - စံသွင်(နမ္မတူ)
ဆို - စိုးလွင်လွင်


ပြောင်းလဲမသွားတော့တဲ့ အချစ်နဲ့ ဟောင်းနွမ်းမသွားတော့မယ့် အချစ်နဲ့
မအိုမင်းတော့မယ့်အချစ်နဲ့ ငယ်ငယ်တုန်းကထက် ပိုချစ်မယ်

တို့ဖြတ်သန်းခဲ့ကြတယ့် ပန်းခင်းတဲ့လမ်းမှာ အပြုံးချင်းဆက်လှမ်းခဲ့ကြသလို
ဆူးခင်းတဲ့လမ်းကြားထက်မှာ တွဲလက်မပျက် ကျော်လွှားခဲ့ကြသလို
ရှေ့လျှောက်မယ့်အနိမ့်အမြင့်များအတွက် တွေးမမောနဲ့ လိုက်ခဲ့အချစ်ရေ

အဆုံးအစမဲ့မေတ္တာ အစွန်းအထင်းမဲ့ သစ္စာ  အတုအပမဲ့ အယုအယ များနဲ့
အတိုင်းအဆမဲ့ ခွင့်လွတ်ခြင်းပေးအပ်လို့ချစ်ပြီး ခဲ့တော့မှ အချစ်လျှော့မယ့်အရေး
မင်းတွေးစိတ်မပျက်နဲ့ စိတ်ချအချစ်ရေ