Showing posts with label မို့မို့လွင်. Show all posts
Showing posts with label မို့မို့လွင်. Show all posts

Thursday, April 4, 2013

အဝေးရောက်ချစ်သူ

ရေး - ဆိုတေး
ဆို - ဆိုတေး၊ မို့မို့လွင်

ရေမြေတွေခြားနေပေမယ့် ခေါ်သံလေး နားထဲကြားသလိုပဲ
အဆင်ပြေမလား တွေးရင်းနဲ့ ရင်မော နင် နေများကောင်းရဲ့ လား

မိုင်ထောင်ချီဝေးနေပေမယ့် နင်ငါ့နား အမြဲတမ်းရှိသလိုပဲ
ယုံကြည်လိုက်အချစ်ရဆုံးသူရယ် အတူတူပဲ တွေးရင်း စိတ်ပူတယ်

တကယ်လို့ သာ ပြန်မဆုံနိုင်ဖြစ်ခဲ့ရင် နင်ငါ့ကိုသာ မေ့သွားခဲ့ရင်
ရင်ကွဲရပြီပဲ အို  ချစ်ရသူလေးရယ်

ဘယ်ဆီမှာများလဲ ဘယ်ရင်ခွင်နားမလဲ ဒီအချိန်ဆို
ဘယ်သူနဲ့ ရှိနေမလဲ စိတ်ချလိုက် ချစ်သူရယ် မပြောင်းလဲတဲ့အချစ်တွေနဲ့ 
ထာဝရမင်းတစ်ယောက်တည်းကိုပဲ

ယုံကြည်ချင်သေးရဲ့ ပြန်လာရင် ပွေ့ ဖက် ရှောင်ဖယ်ကာ
ဟိုအဝေးမသွားပါနဲ့ ငါ့ဘဝရဲ့ နားခိုရာ အေးချမ်းခြင်း
ဆောက်တည်ရာ ယုံကြည်ပါ ချစ်ရတဲ့သူရာ
နင်တစ်ယောက်တည်းကိုပဲ ချစ်တာ