Showing posts with label စန္ဒရားချစ်ဆွေ. Show all posts
Showing posts with label စန္ဒရားချစ်ဆွေ. Show all posts
Monday, March 25, 2013
မျက်လုံးစိမ်းနဲ့မိန်းကလေး
ရေး -
ဆို - စန္ဒားလှထွဋ်
(မျက်လုံးစိမ်းနဲ့မိန်းကလေးရေ
တသက်လုံးမစိမ်းနဲ့မိန်းကလေးရေ
မျက်လုံးစိမ်းနဲ့မိန်းကလေးရေ
မင်းကြည့်တာကိုယ်မခံနိုင်ဘူးလေ/
မင်းစိမ်းတော့ကိုယ့်ရဲ့အသည်းတွေကြွေ)၂
နောင်သံသရာကမ္ဘာထဲ ဒီလိုသာမချင့်မရဲ
ရွှေရင်ဖိုလှိုက်လှဲ မနေလိုပါချစ်သည်း
စာနာပါဦး ဘယ်အညှိုးနဲ့
မိုးကလေးညို့တယ် အချစ်ရယ်
မောင်ဆိုချင်ပါတယ် နောင်ငြိုငြင်ပါနဲ့
ကြင်နာသူအဖြစ်သည်း ရင်မှာပူတစ်ဆင့်ကဲ
သခင်ဒါယူ ပုလဲရေ
အသည်းလေးပေးထားခဲ့တယ် အချစ်ရယ်
5:43 PM 3/22/2013
တပြည်သူမရွှေထား
ရေး -
ဆို - စန္ဒားလှထွဋ်
တပြည်သူမရွှေထားရေ
အခြေမတူဘ၀အနေခြားနေ
အဆင့်အတန်းလည်း ဝေးကွာနေ
မဖြစ်မှန်းလည်း တွေးပါသလေ
ဆင်ကန်းတောတိုး ဖြစ်မှာတွေ
သိပါသလေ
ဒါပေမယ့်သံယောဇဉ်တွေ
တွယ်တာရပါသည်ကောလေ
ပင်ပန်းတဲ့ အသည်းမှာလေ
အချစ်လမ်းခွဲမရှိရှာဖွေ
အချစ်ကန်းပဲပြောပါစေ
အို.. မရွှေထားရေ…
ထားသခင်ကိုမှ အချစ်ပိုသည်များ
အပြစ်ဆိုမယ်လားလေ
အလွမ်းတွေရင်ထဲ ကွဲထွက်တော့မယ်
ကြာရင် ခက်ရချည်လေ
ဝေးမှာကိုလည်း စိုးပါတယ်ကွယ့်
ထားသခင် အချစ်ဦးရေ
ပြောချင်နေတဲ့ တီးတိုးစကားတွေ
ကိုယ်တစ်ယောက်တည်းဆိုနေ
တပြည်သူမရွှေထားရေ
တွယ်တာရပါသည်ကောလေ
ဖွင့်မပြောလည်း သိမှာပေ
ရင်မောဖွယ့် အတိပါလေ
အချစ်သဘောနဲ့ ကြည့်ပါလေ
အို…. ထားရေ… ထားရေ…
5:44 PM 3/22/2013
ချစ်တယ်
ရေး -
ဆို - စန္ဒားလှထွဋ်
ကမ္ဘာပေါ်မှာလူတိုင်း စကားလေးနှစ်ခွန်းကိုပြောဖူးကြမယ်
ဒါဟာလေ ချစ်တယ်တဲ့
ကမ္ဘာပေါ်မှာလူတိုင်း မပြောဖူးတဲ့သူ မရှိပါဘူးကွယ်
အဲဒါဟာ ချစ်တယ်တဲ့
အဘိုးကလည်း အလွားကို ချစ်တယ်ပြောမှာပဲ
အဖေကလည်း အမေ့ကို ချစ်တယ်ချစ်တယ်တဲ့
ကိုယ်ကလည်းမင်းကို ပြောပါတယ် ချစ်တယ်..
ချစ်တယ်ကွယ် နှလုံးသားထဲ
အသည်းထဲနစ်အောင် ချစ်နေတယ်
အရိုးဆုံးနဲ့ အရှင်းဆုံးလေးပဲ ပြောချင်တယ်
ချစ်အဓိပ္ပါယ်လေးတော့ အမျိုးမျိုး ဖွင့်ကြပါလိမ့်မယ်
ကိုယ့်ရဲ့အယူအဆနဲ့ကိုယ် ချစ်တယ်ကွယ်
နှလုံးသားထဲ အသည်းထဲနစ်အောင် ချစ်နေတယ်
အရိုးဆုံးနဲ့ အရှင်းဆုံးကလေးပဲ ပြောချင်တယ်
နှလုံးသားအရေးမို့ကွယ် ဦးနှောက်ကလေးနဲ့မတွေးတော့ဘူး
ချစ်တာပဲ နားလည်ပဲ နားရည်လည်
5:45 PM 3/22/2013
အလှသစ္စာတရား
ရေး -
ဆို - စန္ဒားလှထွဋ်
မျက်စိမှိုတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ
နှလုံးသားကိုနားဆင်ငြား စကားတွေပြောနေလိုက်တာ
သူဘယ်ကိုသွား ကိုယ့်အနားရှိနေသည်မှာ
ဘာကြောင့်များလည်း သိလားအချစ်ရာ
အနုအလှလက်ကလေးတွေနဲ့ ယုယကြင်နာစွာ
ထွေးပွေ့ယူထားသူ့အား အတွေ့တွေနွေးနေဆဲပါ
ဒီလိုမြင်ကြား ခံစားရနေသည်မှာ
စက္ကန့်မခြား နှလုံးသားနဲ့အတူပါ
အသည်းအသက်နဲ့ထပ်တူ ချစ်နေတာ
ဖြူစင်သောမေတ္တာ မှန်ကန်သောသစ္စာ
ကျောက်ဆစ်ရုပ်အလားပမာ အသည်းစိုင်မှာ
စွဲခိုင်မာ မပျောက်ပျက်နိုင်ပါ
လောကအလှသစ္စာတရားဖွေရှာ
ဘယ်မှာတွေ့နိုင်မှာ အယူအဆများစွာ
တချို့ကတော့ နှလုံးသားထဲမှာရှာ
တချို့က ဒါရုပ်လက္ခဏာ
ကိုယ့်အဖို့မှာကားအလှတရား ကိုယ့်အနုပညာပါ
ကိုယ့်ရဲ့ခံစားမှုများ ကိုယ့်ဖန်တီးမှုများသာ
အမြူတေပေါက်ဖွား ကျောက်သားသို့အစဉ်ခိုင်မာ
မြင့်မြတ်သောအလှရဲ့ သစ္စာပါ
5:46 PM 3/22/2013
Saturday, March 23, 2013
မြင့်မိုရ်ထက်မြင့်သောနေရာ
ရေး -
ဆို - စိုးစန္ဒာထွန်း
မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ငွေလ၀န်းကြီးပမာ ရှိနေတာ
နှိုင်းယှဉ်မရပါသော မာတာမြင့်မြတ်သော လူသား မိခင်ပါ
ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ အနန္တငါးဖြာ
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ
အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ
ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ
တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ
လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ
မြင့်မိုရ်ထက်မြင့်သော နေရာ
မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ
မာတာအမိပါ.
နှိုင်းယှဉ်မရပါသော မာတာ
မြင့်မြတ်သော လူသား မိခင်ပါ ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ
အနန္တငါးဖြာ…
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ
(မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ မာတာအမိပါ)၂
4:19 PM 3/20/2013
ဆို - စိုးစန္ဒာထွန်း
မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ငွေလ၀န်းကြီးပမာ ရှိနေတာ
နှိုင်းယှဉ်မရပါသော မာတာမြင့်မြတ်သော လူသား မိခင်ပါ
ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ အနန္တငါးဖြာ
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ
အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ
ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ
တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ
လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ
မြင့်မိုရ်ထက်မြင့်သော နေရာ
မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ
မာတာအမိပါ.
နှိုင်းယှဉ်မရပါသော မာတာ
မြင့်မြတ်သော လူသား မိခင်ပါ ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ
အနန္တငါးဖြာ…
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ
(မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ မာတာအမိပါ)၂
4:19 PM 3/20/2013
Subscribe to:
Posts (Atom)