Showing posts with label လေးလေးဝါး. Show all posts
Showing posts with label လေးလေးဝါး. Show all posts

Monday, March 25, 2013

နေရာတိုင်း

ရေး -
ဆို - လေးလေးဝါး

အချိန်တွေပြန်ပြောင်းတွေးကြည့်တိုင်း
ကျန်နေရစ်သော တို့အိပ်မက်
ဘာကြောင့်ငါ့ရင်ထဲမှာမင်းကြောင့်နဲ့
မုန်းမေ့ဖို့မရှိတာလဲ
လွန်လေခဲ့သောနေ့ရက်လေး
ငါ့ချစ်သူရဲ့အရိပ်လေး
အနားနားမင်းအမြဲရှိ

ငါ့အိပ်မက်တို့အမြဲတမ်းမင်းယူပြီးတော့စိုးမိုးထား
ငါ့ရဲ့အသည်းထဲမင်းပဲနားခိုဖို့နေရာပြင်ဆင်လို့ထား
ငါ့ဘ၀ဟာ မင်းဘ၀ဖြစ်ချင်မိ ငါရှိတဲ့နေရာတိုင်း မင်းလေးရှိ
ငါစိတ်ထင်တဲ့နေရာတိုင်း မင်းလေးရှိ

ဘယ်လိုမေ့ထားရမှာလဲ
ကြင်နာသူနဲ့ အနမ်းရှည်ခရီး
ရင်ထဲအမြဲလိုတို့မှာသတိရလို့
ရူးသွားဖို့သင့်ပါပြီ
ဒီလိုအချစ်မျိုးမတွေ့တော့ဘူး
အိုး.. အားလုံးကိုယ်စားမရှိဘူး
အို မင်းတစ်ယောက်ထဲသာရှိ

ဘာကြောင့်မင်းက စွန့်ပစ်သွားတာလည်း ပြန်တွေး
ကံဆိုးသွားတဲ့တို့ရဲ့အချစ်တွေ နှုတ်ဆက်အဝေး
ကိုယ့်ဘ၀မင်းအနားရှိ ကိုယ့်ဘ၀သူသာရှိ
အိုး… ဝေး

ငါ့အိပ်မက်တို့အမြဲတမ်းမင်းယူပြီးတော့စိုးမိုးထား
ငါ့ရဲ့အသည်းထဲမင်းပဲနားခိုဖို့နေရာပြင်ဆင်လို့ထား
ချစ်ခြင်းကမင်းလေးတစ်ယောက်ထဲပါပဲ
ငါရှိတဲ့နေရာတိုင်း မင်းလေးရှိ
ကိုယ့်စိတ်ထင်တဲ့နေရာတိုင်း မင်းလေးရှိ
မင်းသာရှိ

4:26 PM 3/20/2013

Saturday, March 23, 2013

မညာတော့ဘူး

ရေး -
ဆို - လေးလေးဝါး

မညာတော့ဘူး မချစ်ဘူးလို့ မပြောတော့ဘူး
ဘယ်လိုငြင်းလည်း မရှောင်နိုင်ဘူး အသည်းထဲက
ချစ်နေမှန်း သိနေလို့

ဖွင့်မပြောလည်း ရင်ခုန်နှုန်းက သက်သေပဲ
အကြင်နာအပြည့်နဲ့ ဒီမျက်လုံးများထဲက
ချစ်နေတာ မညာတော့ဘူး

ကိန္ဒရီကိန္ဒရာမောင်နှံ ဇာတ်လမ်းလို အိုး.. ရိုမီယိုနဲ့ဂျူးလိယက်လို
တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ပြီး ကြေကွဲဝမ်းနည်းတာမျိုး မလိုဘူး..

မညာတော့ဘူး မချစ်ဘူးလို့ မပြောတော့ဘူး
ဘယ်လိုငြင်းလည်း မရှောင်နိုင်ဘူး အသည်းထဲက ချစ်နေတာ မညာတော့ဘူး

4:26 PM 3/20/2013