Showing posts with label ဖိုးချို. Show all posts
Showing posts with label ဖိုးချို. Show all posts
Monday, April 1, 2013
နောက်ကောက်
ရေး - ဖိုးချို
ဆို - ဖိုးချို
ဘယ်လောက်ပဲ သမာဓိအားကောင်းပါစေ မလွယ်ပါဘူး
စာပေကျမ်းဂန်လာ ရသေ့ကြီးတစ်ပါး သက်သေမရှိဘူး
လောကကြီးက ထူးဆန်းတယ်
မုဒုလက္ခဏာ ဇတ်တော်အတိုင်း အားလုံးအချစ်နဲ့ အတွေ့မှာ
ပြောင်းလဲသွားတတ်တယ်
ဟိုအရင်တွေးတောင်မကြည့်ဖူးခဲ့တဲ့ အခြေအနေနဲ့ ကြုံဆုံလာ ကိုယ့်ကိုယ်ကို အံ့ဩလို့ မယုံနိုင်ခဲ့
ကိုယ်တိုင်ထိမှ သိတော့တယ် အတန်အစား အနိမ့်အမြင့် မရွေးသူတိုင်း တစ်နေ့နေ့အချစ်နဲ့အတွေ့မှာ နောက်ကောက်ကျတာပဲ
ဆင်ခြင်ညဏ်အတွေးအခေါ် အသိတရား ဘာမှမကယ်နိုင်ဘူး
ဘယ်လိုအတွေ့အကြုံရှိလည်း ချစ်တော့ကိုယ်လေရူး
(ဝူး ကိုယ်တော့ နောက်ကောက်ကျပြီကွယ်)
10:00 PM 4/8/2013
ပုံမှန်ရှင်သန်ခွင့်
ရေး - ဖိုးချို
ဆို - ဖိုးချို
ရယ်ချင်ရယ်လိုက်ပေါ့ မင်းလေးကိုယ့်ကို
ကျေနပ်စွာ ရင်ထဲ အမြဲတမ်းနားလည်းလို့
တစ်ခါတစ်လေ ကိုယ့်ကိုယ်တိုင်တောင်မှ မယုံနိုင်အောင်
ထွက်ပြေးရုန်းထွက်ဖို့ မလွယ်ဘူး
ခံနိုင်ရည် ဒီရေတွေလိုပဲ တိုး ကျင်လည်စွာ အမျိုးမျိုး
မင်းနှိပ်စက်လို့ ဟားတိုက်လှောင်ရယ်နေပေမယ့်
ရင်မှာ သာယာနေမိခဲ့သူ
လိုရာစေခိုင်းပြီး နှလုံးသားလေးကို လက်ထဲမှာ
ကျေနပ်တဲ့အထိလှည့်ပတ်ကစား အသေအချာ
အချိန်ယူပြီးတော့ အပေါ်မှာ မာယာချိုတွေကို ဖန်ဆင်းထား
ဒါတွေဟာ ဒဏ်ရာဒဏ်ချက်များပဲ အကြိမ်ကြိမ်စားသုံးပြီး
ခါးမှန်းသိလို့ အရှုံးနဲ့အတူ နာကျင်နေတယ်
ကိုယ်ဟာတကယ်ဆို အချစ်ကြီးခဲ့သူ
နွေနွေလောင်မြိုက်နေပြီ အခုထိဘဝကန္တာရများ
မဆုံးနိုင်သေးလို့ အနမ်းတွေ ရင်ခုန်သံတွေ
ညှိုးနွမ်းသွေ့ခြောက်နေပြီ ပြန်လည် စိုပြေစေနိုင်ဖို့အတွက်
ကြင်နာစွာ မိုးစက်ပွင့်တို့ ပက်ဖြန်းလို့ အရင်ကလို အချိန်တွေ နာရီတွေပုံမှန်ရှင်သန်ခွင့်လေး ပေးဦး
ရင်မှာ အစွဲအလမ်းကြီးလွန်းခဲ့တဲ့ အပြစ်များလား တစ်ယောက်တည်းကြိတ်ခံစား
ကံကြမ္မာဆိုတာ မလွန်ဆန်ရဲလို့ အလိုမတူနိုင်ပဲ ရင်မှာနာကျင်ခဲ့တယ်
ပြင်ဆင်မရတဲ့ ကြင်နာမှုများ အတွက် ရင်နဲ့ရင်းပြီး ချစ်ခဲ့မိလို့ နှလုံးသားကို ချွေပြီး ဖျက်ဆီး
ချိုမြိန်စွာ ကိုယ်လောင်ကျွမ်းခဲ့တယ်
10:09 PM 4/8/2013
မင်းအလိုရှိသမျှ
ရေး - ဖိုးချို
ဆို - ဖိုးချို
ရင်မှာခံစားချက်တွေ မြိုသိပ်လို့မရတော့
မျှော်လင့်ချက်နဲ့ သတိရနေဆဲ
ပန်းနုရောင် စိတ်ကူးလေးတွေနဲ့ ဟို အဝေးမှာ
လွင်ပြင်တွေ ဖြတ်သန်းချိန်ဆုံးမဲ့လမ်း
တစ်ယောက်ထဲအတွေးနဲ့ ရူးသွိပ်နေခဲ့ပေါ့
လွတ်လပ်စွာ အနက်ရှိုင်းဆုံး နေရာမင်းရှိနေမလား
(နှစ်သိမ့်ကျေနပ်တဲ့ နှလုံးသားလေး မင်းအလိုရှိသမျှ
ဖြည့်ဆည်းပေးဖို့ ဆုံးရှုံးခြင်း ဒုက္ခတွေနဲ့)၂
ပေးဆပ်ဂုဏ်ယူနေပါရစေ
မညှာတာရက်စက်လိုက်တာ မင်းရုပ်သိမ်းပါ
ဩော်ဆုံးရှုံးခြင်းများ ခွင့်လွှတ်နေဆဲပါ
မှော်ပဉ္စလက်နဲ့ ငါ့ကို အိပ်မက်စေသူ
10:21 PM 4/8/2013
ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ
ရေး - ဖိုးချို
ဆို - ဖိုးချို
မြတ်နိုးတွယ်တာသမျှရယ် မျှော်လင့်ချက်များစွာနဲ့
စောင့်စားခဲ့တဲ့ အချိန်များစွာ
ကိုယ်နဲ့မထိုက်မတန် ဖြစ်မယ်မှန်းကိုတော့
ကြိုတင်ကာ မစဉ်းစားခဲ့မိဘူး
အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ
ဩော် မချစ်ထိုက်သူနဲ့ ဝေးသွားရင်အတော်ဆုံးမို့ တသက်တာ ဝေးလွင့်ပြီယုံလိုက်တော့
သူရဲ့ကြည်ဖြူမှုအပေါ် ကျေနပ်ရလောက်အောင်လည်း မပြုစုမတုံပြန်နိုင်ခဲ့ပါ
အရာရာတိုင်းမှာ ချို့တဲ့လွန်းခဲ့တော့
ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်
မဆုံးသောခင်မင်မှုနဲ့ ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ် မထင်ဘူးကွယ်
အခြေအနေအဖြစ်မှန် အသိနောက်ကျခဲ့မှန်း
ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး
အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ
ဩော် မချစ်ထိုက်သူနဲ့ ဝေးသွားရင်အတော်ဆုံးမို့ တသက်တာ ဝေးလွင့်ပြီယုံလိုက်တော့
9:54 PM 4/8/2013
Tuesday, March 12, 2013
ပန်းဒဏ္ဍာရီ
ရေး - ဖိုးချို
ဆို - ဖိုးချို
စာမလာ သတင်းမကြားရက်လတွေများလာတော့ကွယ်
အပူပင်ကြောင့်ကြ ဒုကတွေ တို့ ရင်ထဲမှာ ပူပန်စိုးထိတ်မှုနဲ့ 
မင်းတစ်ယောက် ရင်ခွင်သစ်ရောက်လို့ နေပြီလား (ပန်းရယ် လွမ်းတယ်)
ရင်မှာသောကမီးတောက်တွေ ပြင်းထန်လှတယ်
တို့ နှစ်ယောက်ဝေးရမယ့်အဖြစ်တွေ တို့ မလိုလားတယ် နင်ကစွန့် ပစ်သွားတဲ့
အချစ်ပျောက် ရင်ခွင်မဲ့ဘဝတော့ မရောက်လိုဘူး (ပန်းရယ်လွမ်းတယ်)
သတင်းမကြားတဲ့ရက်လတွေကြာတော့ကွယ်
လွမ်းစိတ်နဲ့ စိုးထိတ်ကာ ပူပန်မှုနဲ့  ပန်းရယ် လွမ်းတယ်
ခွဲရရက် တစ်ရာနှစ်ရာမက နီးရရက်ကြုံလာတော့ခဏ မီးဝေးတဲ့အချစ်မှာ
ကြင်နာမှုတွေ ဆုံးနေမလား (ပန်းရယ်လွမ်းတယ်)
ရင်နာမကြင်နာလို့ ဝေးတာမှမဟုတ်ဘဲနဲ့ ဘာရယ်ကြောင့် အားငယ်ကာ
မျက်ရည်ကျသလဲ နောင်တစ်ချိန် ဆုံစည်းဦးမှာလို့ ပန်းရယ် တို့ ပြောမယ်
အားတင်းပြုံးပြ ခဏပြန်ပါ ပန်းရယ် (ပန်းရယ် မငိုနဲ့ )
မပန်းရယ်မငိုနဲ့ တော့ကွယ် ဆယ်ကမာအသင်္ချေအထိ ဝေးကြမှာမှ မဟုတ်ဘဲနဲ့ 
အကြင်နာ အချစ်နေ့ တွေထပ်တည်ဆောက်မယ် နောင်တစ်ချိန်
ဆုံစည်းဦးမှာလို့ ပန်းရယ် တို့ ပြောမယ် နွေကျောင်းပိတ်ရင်
အရောက်ပြန်လာခဲ့မယ် (မပန်းရယ် မငိုနဲ့ ) မပန်းရယ် မငိုနဲ့ တော့ကွယ်
ပန်းရယ် အစဉ်သာဝေးလို့ နေကြမှာမှ မဟုတ်ဘဲနဲ့ 
(အားတင်းထားစမ်းပါ) အချစ်ကလေးရယ် အခုတော့လေ
တစ်မြေစီခြားလို့ ဝေးကွာနေရတော့ အားတင်းအပြုံးနဲ့ 
နှုတ်ဆက်လို့ ရယ် တို့ ပြောလိုက်မယ် (မပန်းရယ်မငိုနဲ့ )
မပန်းရယ်မငိုနဲ့ တော့ကွယ် (ပန်းရယ်လွမ်းတယ်)
အဆောင်သရဲ
ရေး - ဆလိုင်းသူအောင်၊ စောဘွဲ့ မှူး
ဆို - ဖိုးချို
(မာလာဆောင်နဲ့  ပတ်သက်လို့ ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်
ပုံပြင်ထဲက ဇာတ်လိုက်ကြီးဘယ်သူလဲ လို့ မမေးပါနဲ့ )
(အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား ဂနဝင်မြောက်မယ့်
အချစ်ကြောင့်လား အဆောင်နားတစ်ဝိုက် တဝဲလည်လည်
အဆောင်နားမှာ သီချင်းဆိုတယ်)
ထမင်းမှစားရဲ့ လား ရေတစ်ခွက်မှ သောက်ရဲ့ လား ဘာကိုမှလည်း
စိတ်မဝင်စား အဆောင်ရှေ့ မှာကျင့်တဲ့တရား
မနက်မနက်ကြည့်ကြည့်ပါ နေ့ ခင်းဘက်ကြည့်ကြည့်ပါ
ညညကြည့်ကြည့်ပါ တွေ့ လိမ့်မယ် အမြဲတမ်းရှိလိမ့်မယ်
(အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား
 ရာသီဥတု အစွမ်းကြောင့်လား သူလေခုတော့ ဆေးရုံမှာ
အဆောင်သူလေးအကြောင်း ညည်းနေရှာ)
စကားပြော။         အဲဒီလို တက္ကသိုလ်ဆေးရုံကြီးပေါ်မှာ
အဆောင်သူလေးအကြောင်း ညည်းတွားနေရင်းနဲ့ 
(အခုတော့ လျှောသွားပြီ)   အချစ်ရူးဝဋ်ကျွတ်သွားပြီ
ထင်မြင်ချက်ကလေးမဆုံးခင်မှာ အဆောင်ထဲက သတင်းပေါ်လာ
ညညခြောက်တတ်တဲ့  ညညလန့် တတ်တဲ့ ညညတွေ့ တတ်တဲ့ ဒုက္ခရယ်
အခုမှ ဒုက္ခပဲ အဆောင်မှာ ခြောက်တဲ့ သရဲကြီးရယ် ဂန္တဝင်မြောက်တဲ့
အချစ်မေတ္တာ ဘယ်သူမှလည်းမသိရှာပါ အဆောင်သူလေးလည်း မသိရှာပါ
ဒါကို (ခင်ဗျားတို့ /ကြပ်ကြပ်)လေ့လာပါ ဒီလိုမဖြစ်အောင် စွမ်းဆောင်ပါ
သဒ္ဒါ
ရေး - မင်းဒ
ဆို - ဖိုးချို
သဒ္ဒါရယ် ဘာကြောင့်များ အတွေ့ မခံသလဲ
မုန်းလို့ လား မေ့မလို့ လား ပြောစမ်းပါသဒါရယ်
CHO ဟိုတစ်ချိန်တုန်းကရင်မှာ ဖြစ်သောစကားများ မျိုသိပ်ခဲ့ရ
နှစ်လရှည်ကြာစွာ (ကိုယ်သီချင်းလေး တစ်ပုဒ် ဆိုရင်းနဲ့ 
ပြောတော့မယ် သဒ္ဒါရယ် နင့်ကိုသိပ်ချစ်တယ်)
သဒ္ဒါရယ် နင့်ကိုသိပ်ချစ်တယ်
ဒီလိုတော့ လွယ်လွယ်လေး မပြောပါနဲ့ ကိုယ့်အရိပ်ဟာ
မင်းပဲကွယ် စဉ်းစားပါ သဒ္ဒါရယ် ဟန်ဆောင်မလား
ကြေညာမလား တို့ ရင်ချင်းဆုံးဖြတ်မယ်
ဘဝနှစ်ခုအတွက် မင်းသိတယ်သဒ္ဒါရယ်
CHO:    မျှော်လင့်ရင်းနဲ့ ဆက်လက်ရှင်သန်မယ်
ရည်စူးတဲ့ဘဝ ချမ်းမြေ့စေချင်တယ်
(ကိုယ့်သီချင်းလေးတစ်ပုဒ်  ဆိုရင်းက
သိပ်ချစ်တယ် သဒ္ဒါရယ် နင့်ကိုသိပ်ချစ်တယ်)
သဒ္ဒါရယ် နင့်ကိုသိပ်ချစ်တယ်
အလွမ်းညဟေမာန်
ရေး - ကိုသက် (ကလော ဂျီတီအိုင်)
ဆို - ဖိုးချို
(ညနေစောင်းကို စွန့် သွားတဲ့ နေရောင်နဲ့ အတူပျောက်သွားတဲ့ အိုအချစ်ရယ်
(မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း
အမြဲတမ်းထာဝရ ဖွင့်လို့ ထားပါတယ်
အို… မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း
အမြဲတမ်းထာဝရ ဖွင့်လို့ ထားပါတယ်)
နှင်းပွင့်ကလေးတွေ ကျဆင်းတဲ့ ဟေမာန်ညအလယ်
လမင်းလည်း မသာခဲ့တယ် အဖော်မဲ့တဲ့
ကြယ်ကလေးတွေလည်း ကိုယ်လိုပဲကွယ်
(လင်းတစ်လှည့် မှိန်တစ်လှည့် ပြုံးတစ်လှည့် ငိုတစ်လှည့်
မိုးကောင်းကင်က အလွမ်းမင်းသားတွေပဲ)
ပုစဉ်းရင်ကွဲတွေ အော်နေကြတယ် ( အော်နေကြတယ်)
ကြားတော့ ကြားတယ် မမြင်နိုင်တယ် 
မင်းအသံလေးတွေ ခေါ်နေကြတယ် (ခေါ်နေကြတယ် )
ကြားတော့ ကြားတယ် မမြင်နိုင်တယ်
ဘယ်ဆီများပြေးပုန်းနေရက်တယ် မကြင်နာသူမ,ရယ်
(ချမ်းအေးတာလည်း မသိတော့ပါပဲ
လမ်းဘေးမှာပဲ လွမ်းတေးဆိုနေမယ်)  ( အစအဆုံး သုံးခေါက်ဆို)
ပိုင်စိုးမှုဧကရီ
ရေး - ဖိုးချို
ဆို - ဖိုးချို
မင်း ဘယ်လမ်းသွားသွား မင်းနောက်ကလိုက်လို့ နေမယ်
မင်း ဘယ်လမ်းလှမ်းလှမ်း ဖဝါးထပ်မျှ လိုက်လို့ ပါမယ်
မင်း ကမ္ဘာဆုံးလှမ်းလဲ လှည့်မကြည့်နဲ့ နောက်ကပါမယ်
မင်းလိုသလောက်ဖြစ်အောင်ဘဝတစ်ခုလုံး ဆုံးသွားပါစေကွယ်
CHO:  စိုးပိုင်မှုရဲ့ အချစ်စိတ်တွေ အရိပ်လိုငြိတွယ်မိပေါ့လေ
စိတ်ရင်ထဲက အတွေးလှိုင်းဝေ
ကမ်းခြေရောက်တဲ့ လှိုင်းကလေးအခြေ
စိုးရိမ်နေ ( သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေက )  လေ
နောက်လာမယ့်နေ့ တွေ အဆုံးစွန်ထိ ဆက်ချစ်နေမယ်
မင်းဟာ ကိုယ့်ဘဝအတွက်အသက်လောက်ပဲ အရေးကြီးပါတယ်
တို့ မျှော်လင့်သမျှတွေ အပြီးသတ်ထိ မဖြစ်ခဲ့ရင်
တို့ ကံ အကြောင်းပဲပေါ့ နောက်ဘဝအထိ ဆက်ချစ်နေပါ့မယ်
အချစ်ခံစားမှုတွေ မီးတောက်ပမာ ပြင်းလို ထန်တယ်
ဘဝမုန်တိုင်းအတွင်းဝယ် မင်းဘဝအတွက် တို့ ရှိနေမယ်
မိုးမှောင်တဲ့နေ့ မို့ တို့ အသည်းလေးကျွမ်းခဲ့ရင်လေ
ရှိပါစေတော့ အချစ်ရယ် အချစ်ဆုံးမို့ မမုန်းရက်နိုင်ပါကွယ်
ဝေဒနာတွေ ဝေမယူချင်နဲ့ ဝေ
ရေး - ကိုမောင် (ဆေး-၁)
ဆို - ဖိုးချို
နှလုံးသားမီးပြစွမ်းအား မပြယ်ခင်
ရတတ်သမျှရောင်ခြည်အောက်မှာ ဦးနှောက်မသိစိတ်နဲ့ 
တို့ တို့ ရဲ့ ရင်မှာ စိုး စိုးထိတ်လို့ နေမိတယ်
လေဆန်ရေဆန်မေမခံနိုင်ဘူး လေပြည်လာချိန်သာမေရယ်
မျှော်တော့ဝေဒနာတွေကို ကိုယ်ရင်မှာပိုက်ထွေးမယ် အဆုံးသတ်ရဲ့ 
အဆုံးအဖြတ်အဖြေဟာတို့ နှစ်ယောက်အတွက်မထူးတော့ပြီမို့ 
အမုန်းမဖက်တဲ့ အပြုံးမပျက်တည်ရာ အရှုံးဆက်တဲ့
တို့ ဘဝအမှောင်ညအဆုံးစွန်ထိမျောလို့ နေပါစေတော့
ဝေဒနာတွေ ဝေမယူချင်နဲ့ ဝေ  (ဝေဒနာတွေ ဝေမယူချင်နဲ့ )
ဝေ ကံခေရာ ကိုယ်နေတော့မယ်/ နေပါ့မယ်
ချစ်သူကို
ရေး - ဖိုးခွား
ဆို - ဖိုးချို
ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ်
ဒါပေမယ့် ကိုယ့်ရဲ့ ဘဝဟာ ချို့ တဲ့တာမင်းအသိပါ
ချစ်သူကို လက်ဖျားနဲ့ တောင် မထိရက်နိုင်တယ်
အလှကလေး ပွန်းပဲ့ သွားရင် ကိုယ်ရင်ကျိုးရချည်ရဲ့ 
ချစ်သူကို စိတ်ဆင်းရဲစရာ မတွေ့ စေချင်သလို
တစ်သက်လုံး အနားနားမှ တစ်ဖဝါးမှမခွာ စောင့်ရှောက်မယ်
ချစ်သူကို ကြည့်ရင်းနဲ့ ပိုလှလှလာလေ
တစ်နေ့ တခြားဆုံးရှုံးရမှာကို နှမြောမိပြန်တယ်
ကိုယ်အမြဲတမ်း ချစ်ရပါ့မလား
ရင်တထိတ်ထိတ်နဲ့ မပျော်နိုင်ပါဘူး
သြော်… တစ်နေ့ နေ့  ဝေးရမှာုလား
နုံချာတဲ့  အနုတ်အစုတ်ဘဝနဲ့ 
ချစ်သူကို ချစ်လို့ ကို မဝနိုင်သေးခင်
အခြေအနေမဲ့ ဆင်းဆင်းရဲရဲ ကိုယ့်ဘက်ကို မခေါ်ရက်ဘူး
ချစ်သူကို တမ်းတမ်းစွဲ မက်မောမှုမှာ
ပိုင်ဆိုင်ခြင်း ကိုယ့်အတွက်ဖြစ်မလာတော့
သြော်… ကိုယ့်ကုသိုလ်ပဲ
တစ်ပင်တည်းရင်ထဲကနွယ်
ရေး - ကိုမောင် (ဆေး-၁)
ဆို - ဖိုးချို
အခြေခံမတူတဲ့ တို့ ဘဝနှစ်ခုတွေ့ ဆုံခဲ့ကြတာ
ကံကြမာတွေရယ် ဆန်းလွန်းပါတယ်နော်
ပုံစံသန်ကွဲ အဖြစ်အပျက်နှစ်ရက်
တို့ ထပ်တူမျှဖို့ ရန် ခုထိထွက်မလာသေး
အိုး…ခုတော့လေ တို့ တတွေ ခေါင်းလဲငုံ့ ဖို့ မလို
ခေါင်းမော့မရတဲ့ အခြေအနေမှာ မဆုံနိုင်တဲ့မျဉ်းပြိုင်များအသွင်မို့ 
လွမ်းရင်းလွမ်းခက်လွမ်းချက်အထိနာဆဲ
အို…တစ်ယောက်တည်း သူပဲသိတယ်   အို… တစ်ယောက်တည်း သူပဲရှိတယ်
အို… တစ်ယောက်တည်း ရင်မှမှန်းရွယ် ချစ်မိ/ရသူနွယ်
(အို..တစ်ပင်တည်း ရင်ထဲကနွယ်)၃  သိပ်ချစ်တယ်နွယ်
မရေရာနိုင်တဲ့ အတွေးစက်ဝန်း၏ အဝေးသို့ ပြေးထွက်ရန်
ကြံဆောင်နိုင်ရည်စွမ်းအား ကိုယ်မရှိသေး သေချာနိုင်မယ့်
အပြုံးပန်းပွင့်တို့ နားခိုမှေးစက်ရာ နေရာမှန်ကို ခဏရောက်ရစေသား
အိုး… အဆိုးဆုံးကို တွေ့ ပြီးမှတော့
ဒီထက်ဆိုးဖို့ ကို တွေးမကြောက်တော့ပါ
ရင်မှာ နွမ်း အသည်းကျွမ်းလို့ နေလဲ လွမ်းရင်း လွမ်းလျက်
လွမ်းချက် အထိနာဆဲ
ပဲ့ကိုင်
ရေး - စောဘွဲ့ မှူး
ဆို - ဖိုးချို
ငါ့လက်ထဲကိုင်စွဲတဲ့မီးအိမ်အလင်းရောင်ဟာ
တောက်ပတယ် အားလုံးကို ငါဟာလမ်းပြအဖြစ်
သွားလိုရာပို့ ခဲ့ပြီ အပြန်မှောင်ပါတယ်ဆိုတဲ့ ဆူးတောကြားမှာ
ရင်တွေခုန်ကာ အမောထွက်သက်ဝင်သက်များ
ပြင်းလွန်းတော့ မီးအိမ်ဟာ ငြိမ်းခဲ့တယ်
မင်းတို့ သွားလိုတဲ့ကမ်းတစ်ဖက်ကို ရွက်အစုံကိုလွှင့်လို့ ရယ်
သဲဖွေးသောင်ယံမှာ နှုတ်ဆက်ပြီး ငါ့အိမ်ပြန်ခရီးကျတော့
လေနီတွေထန်ကာ နှိပ်ဆက်လို့ လေငယ်ငယ်ဟာ အက်ကွဲ
ငါ့ရွက်တိုင်တွေဟာ ကျိုးပဲ့လို့ တက်တွေဟာ အလုပ်မလုပ်တော့
CHO: ကဲ… အခုဘယ်လိုလုပ်မလဲ         ကဲ… အခုဘယ်လိုလုပ်မလဲ
ကဲ… အခုဘယ်လိုပြန်မလဲ ကဲ… အခုဘယ်လိုလုပ်မလဲ
ကဗျာမျက်နှာ
ရေး - ဖိုးချို
ဆို - ဖိုးချို
အတွေးတွေးတိုင်း မင်းအကြောင်းပဲ နှလုံးသားထဲမှာ စွဲ
ဖြတ်မရတဲ့ ကြိုးတစ်စလို နှောင်ကြိုးက ခိုင်မြဲ
နှင်းဖွေးဖွေး လမ်းထဲ လှမ်းရသလိုပဲ
အေးမြတဲ့ အချစ်မျက်နှာ ကဗျာလေးတစ်ပုဒ်ပါပဲ
(အို… (ဝိုး) သွေးကြောစိမ်းများယှက်ဖြာသွယ်ခဲ့
ပွင့်ဖတ် နှုတ်ခမ်းများ ဝတ်လွှာလေးသဖွယ်
နန်းထိုက်ပန်းမကိုဋ် အလှတော်ဝင်တဲ့
အချစ်နတ်ဘုရားရဲ့ စေတမန်ပါပဲ
စိတ္ထရဲ့ ချစ်လိပ်ပြာ မင်းအနားရစ်ဝဲ
ပြုံးလိုက်တဲ့ မင်းအလှဟာ ပန်းချီကားတစ်ချပ်ပါပဲ
တရွေ့ ရွေ့ နဲ့ တဖြည်းဖြည်းနဲ့ လှမ်းလျှောက်လာတဲ့
ခြေလှမ်းတစ်လှမ်းရဲ့ အဖိုးအခဟာ ကုဋေတစ်သန်းမက တန်တယ်
ဝေးလွင့်ခြင်းဧ။် နောက်ဆုံးခြေရာ
ရေး - ဖိုးချို
ဆို - ဖိုးချို
ခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို
သေချာလွန်းခဲ့ပြီ ကိုယ်မချစ်ထိုက်သူနဲ့ ဝေးသွားရင်အတော်ဆုံးမို့ 
တစ်သက်တာဝေးလွင့်ပြီ ယုံလိုက်တော့
မြတ်နိုးတွယ်တာသမျှရယ် မျှော်လင့်ချက်များစွာနဲ့ 
စောင့်စားခဲ့တဲ့ အချိန်များစွာ ကိုယ်နဲ့ မထိုက်တန်
ဖြစ်မယ်မှန်းခဲ့တော့ ကြိုတင်ကာ မစဉ်းစာမိခဲ့ဘူး
ခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို
 သေချာလွန်းခဲ့ပြီ ကိုယ်မချစ်ထိုက်သူနဲ့ ဝေးသွားရင်
အတော်ဆုံးမို့ တစ်သက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့
သူ့ ရဲ့ ကြည်ဖြူမှုအပေါ်ကျေနပ်ရလောက်အောင်လည်း
မပြုစု မတုံ့ ပြန်နိုင်ခဲ့ပါ အရာရာတိုင်းမှာ ချို့ တဲ့လွန်းတော့
ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်
မဆုံးသော ခင်မင်မှုနဲ့  ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ်မထင်ဘူးကွယ် အခြေအနေ အဖြစ်မှန်
အသိနောက်ကျခဲ့မှန်း ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး
ဒီရင်ခွင်ခိုဝင်လှည့်ပါ
ရေး - ကိုမောင် (ဆေး-၁)၊ ဖိုးချို
ဆို - ဖိုးချို
မိုးစက်ပွင့်တို့ တစ်ပွင့်စီ လွင့်ကာကြွေ အချစ်ပွင့်သစ်တို့ ရပ်တည်
မားမတ်စွာ နှင်းပန်းအလှတို့ ကြဲဝေကျနေဆဲ
ပြုံးပန်းပွင့်တို့ မှေးမှိန်ပျောက်လုချိန် အားနွဲ့ လွန်းသူ စိတ်ချရအောင်
အနားက ဖေးကူးပေး ချစ်မယ့်သူ ကြင်နာစွာ တစ်သက်တာ
နှစ်ကိုယ်အတွေး ညီညာလှမ်းနိုင်ဖို့ အရေး
သြော်…. ကြင်နာသူချစ်သည်းပန်းလိုချင်တာဆင်မြန်းဖို့ 
ဒီရင်ခွင် ခိုလှမ်းလှည့်ပါ ဒီရင်ခွင်ခိုသရွေ့ တော့
မလုံခြုံမှာ မပူနဲ့ တော့ ရင်ခုန်စွာ လှမ်းကြိုနေမှာ
ဒီရင်ခွင် ခိုဝင်လှည့်ပါ