ရေး - ဖိုးချို ဆို - ဖိုးချို |
ရယ်ချင်ရယ်လိုက်ပေါ့ မင်းလေးကိုယ့်ကို ကျေနပ်စွာ ရင်ထဲ အမြဲတမ်းနားလည်းလို့ တစ်ခါတစ်လေ ကိုယ့်ကိုယ်တိုင်တောင်မှ မယုံနိုင်အောင် ထွက်ပြေးရုန်းထွက်ဖို့ မလွယ်ဘူး ခံနိုင်ရည် ဒီရေတွေလိုပဲ တိုး ကျင်လည်စွာ အမျိုးမျိုး မင်းနှိပ်စက်လို့ ဟားတိုက်လှောင်ရယ်နေပေမယ့် ရင်မှာ သာယာနေမိခဲ့သူ လိုရာစေခိုင်းပြီး နှလုံးသားလေးကို လက်ထဲမှာ ကျေနပ်တဲ့အထိလှည့်ပတ်ကစား အသေအချာ အချိန်ယူပြီးတော့ အပေါ်မှာ မာယာချိုတွေကို ဖန်ဆင်းထား ဒါတွေဟာ ဒဏ်ရာဒဏ်ချက်များပဲ အကြိမ်ကြိမ်စားသုံးပြီး ခါးမှန်းသိလို့ အရှုံးနဲ့အတူ နာကျင်နေတယ် ကိုယ်ဟာတကယ်ဆို အချစ်ကြီးခဲ့သူ နွေနွေလောင်မြိုက်နေပြီ အခုထိဘဝကန္တာရများ မဆုံးနိုင်သေးလို့ အနမ်းတွေ ရင်ခုန်သံတွေ ညှိုးနွမ်းသွေ့ခြောက်နေပြီ ပြန်လည် စိုပြေစေနိုင်ဖို့အတွက် ကြင်နာစွာ မိုးစက်ပွင့်တို့ ပက်ဖြန်းလို့ အရင်ကလို အချိန်တွေ နာရီတွေပုံမှန်ရှင်သန်ခွင့်လေး ပေးဦး ရင်မှာ အစွဲအလမ်းကြီးလွန်းခဲ့တဲ့ အပြစ်များလား တစ်ယောက်တည်းကြိတ်ခံစား ကံကြမ္မာဆိုတာ မလွန်ဆန်ရဲလို့ အလိုမတူနိုင်ပဲ ရင်မှာနာကျင်ခဲ့တယ် ပြင်ဆင်မရတဲ့ ကြင်နာမှုများ အတွက် ရင်နဲ့ရင်းပြီး ချစ်ခဲ့မိလို့ နှလုံးသားကို ချွေပြီး ဖျက်ဆီး ချိုမြိန်စွာ ကိုယ်လောင်ကျွမ်းခဲ့တယ် 10:09 PM 4/8/2013 |
Monday, April 1, 2013
ပုံမှန်ရှင်သန်ခွင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment