Showing posts with label အန်တီဘိုင်အိုတစ်. Show all posts
Showing posts with label အန်တီဘိုင်အိုတစ်. Show all posts

Wednesday, April 10, 2013

နေကြာစေ့

ရေး - ကိုင်ဇာတင်မှုံ
ဆို - Antibiotic

မထင်ပေါ်နိုင် အခြေအနေမခိုင် ဒါဘယ်သူလဲ ဂစ်တာကိုင် ဒရမ်မပိုင် ငါတို့တီးဝိုင်း
မပီကလာ ပီကလာ စီကာပတ်ကုံး ဆူဆူညံညံ လူတွေပြန် ငါတို့သီချင်းတွေ
အောင်မြင်သူ မအောင်မြင်သူတွေကို ကြည့်ရင်းကိုယ်တွေဟာ ရေအလယ်မှာပေါ်တဲ့ ကျွန်းလို
အချိန်တွေကို အလျင်စလို ကုန်လွန်ဖြတ်သန်း လူဝယ်လား လူမဝယ်လား ငါတို့သီချင်းတွေ

နည်းနည်းပါးပါးတော့ ဝယ်ပါတယ်/အောင်မြင်တယ်
ခိုးကူးမထွက်လို့လည်း ဂုဏ်ယူတယ်
အဖြေမှန်ကိုရှာရာမှာ ခေါင်းကုတ်လို့တွေးစရာ
ဘယ်သူဟာ ဘယ်မှာအကောင်းဆုံးလဲ မပြောပါ
ကိုယ်တွေမှာ မလိုတာ ဒေါသနဲ့စိတ်ပါ
ရေရှည်မှာဒါဟာ နှိမ့်ချမှဖြစ်မှာ
သူများရဲ့အမှားက ကိုယ့်လူတွေအတွက်
အနဂ္ဂ အဖိုးတန် ဥပမာတွေပဲ

ဖြေမဆည်နိုင် ရင်ကိုကိုင် အိမ်မှာတစ်ယောက်တည်း
တကယ်ရင်ဆိုင် ရှင်ပြိုင်နိုင် သူတို့သီချင်းနဲ့
မတိုင်ပင်နိုင် လူတွေမှိုင် ဒီအချိန်အခါမျိုး
မယုံကြည်နိုင် အဆင်မပြေနိုင် ဒါဘာကြောင့်လည်း
မဆိုင်သူတွေ မပိုင်သူတွေ ပါလာရင်တော့
မကြာခင်မှာကိုယ်တွေဟာ နေကြာစေ့လို
အခွံကိုခွာ အဆန်ကိုသာ ရှာသူတွေရဲ့
လေအလယ်မှာ သိမ်ငယ်ကာ အဆန်ပျောက်သွားမယ်
မြှောက်ပင့်ပြောပြီး နှဲ့သူတွေနဲ့ ကင်းရှင်းဖို့အရေး မပေါ့ဖို့ အစဉ်အမြဲ
ဟန်ဆိုတာ မလိုပါ ရိုးသားမှုနဲ့သာ ကိုယ်လိုချင်တာကို လှမ်းဆုပ်လို့မိမှာ
ဖြူစင်တယ်ဆိုတာ နှစ်သက်သင့်တဲ့အရာ လူတွေငြိုငြင်တာ အတ္တနဲ့ဘဝပါ
အားလုံးသင့်မြတ်ဖို့ဆိုတာလည်း အရေးအကြီးဆုံး ကဏ္ဍတစ်ခုပဲ

5:57 PM 4/19/2013

Antibiotic