Tuesday, March 12, 2013

ပန်းဒဏ္ဍာရီ

ရေး - ဖိုးချို
ဆို - ဖိုးချို

စာမလာ သတင်းမကြားရက်လတွေများလာတော့ကွယ်
အပူပင်ကြောင့်ကြ ဒုကတွေ တို့ ရင်ထဲမှာ ပူပန်စိုးထိတ်မှုနဲ့ 
မင်းတစ်ယောက် ရင်ခွင်သစ်ရောက်လို့ နေပြီလား (ပန်းရယ် လွမ်းတယ်)
ရင်မှာသောကမီးတောက်တွေ ပြင်းထန်လှတယ်
တို့ နှစ်ယောက်ဝေးရမယ့်အဖြစ်တွေ တို့ မလိုလားတယ် နင်ကစွန့် ပစ်သွားတဲ့
အချစ်ပျောက် ရင်ခွင်မဲ့ဘဝတော့ မရောက်လိုဘူး (ပန်းရယ်လွမ်းတယ်)

သတင်းမကြားတဲ့ရက်လတွေကြာတော့ကွယ်
လွမ်းစိတ်နဲ့ စိုးထိတ်ကာ ပူပန်မှုနဲ့  ပန်းရယ် လွမ်းတယ်
ခွဲရရက် တစ်ရာနှစ်ရာမက နီးရရက်ကြုံလာတော့ခဏ မီးဝေးတဲ့အချစ်မှာ
ကြင်နာမှုတွေ ဆုံးနေမလား (ပန်းရယ်လွမ်းတယ်)
ရင်နာမကြင်နာလို့ ဝေးတာမှမဟုတ်ဘဲနဲ့ ဘာရယ်ကြောင့် အားငယ်ကာ
မျက်ရည်ကျသလဲ နောင်တစ်ချိန် ဆုံစည်းဦးမှာလို့ ပန်းရယ် တို့ ပြောမယ်
အားတင်းပြုံးပြ ခဏပြန်ပါ ပန်းရယ် (ပန်းရယ် မငိုနဲ့ )
မပန်းရယ်မငိုနဲ့ တော့ကွယ် ဆယ်ကမာအသင်္ချေအထိ ဝေးကြမှာမှ မဟုတ်ဘဲနဲ့ 
အကြင်နာ အချစ်နေ့ တွေထပ်တည်ဆောက်မယ် နောင်တစ်ချိန်
ဆုံစည်းဦးမှာလို့ ပန်းရယ် တို့ ပြောမယ် နွေကျောင်းပိတ်ရင်
အရောက်ပြန်လာခဲ့မယ် (မပန်းရယ် မငိုနဲ့ ) မပန်းရယ် မငိုနဲ့ တော့ကွယ်

ပန်းရယ် အစဉ်သာဝေးလို့ နေကြမှာမှ မဟုတ်ဘဲနဲ့ 
(အားတင်းထားစမ်းပါ) အချစ်ကလေးရယ် အခုတော့လေ
တစ်မြေစီခြားလို့ ဝေးကွာနေရတော့ အားတင်းအပြုံးနဲ့ 
နှုတ်ဆက်လို့ ရယ် တို့ ပြောလိုက်မယ် (မပန်းရယ်မငိုနဲ့ )
မပန်းရယ်မငိုနဲ့ တော့ကွယ် (ပန်းရယ်လွမ်းတယ်)


No comments:

Post a Comment