ရေး - ဖိုးချို
ဆို - ဖိုးချို
အတွေးတွေးတိုင်း
မင်းအကြောင်းပဲ နှလုံးသားထဲမှာ စွဲ
ဖြတ်မရတဲ့ ကြိုးတစ်စလို
နှောင်ကြိုးက ခိုင်မြဲ
နှင်းဖွေးဖွေး လမ်းထဲ
လှမ်းရသလိုပဲ
အေးမြတဲ့ အချစ်မျက်နှာ
ကဗျာလေးတစ်ပုဒ်ပါပဲ
(အို…
(ဝိုး)၃ သွေးကြောစိမ်းများယှက်ဖြာသွယ်ခဲ့
ပွင့်ဖတ် နှုတ်ခမ်းများ
ဝတ်လွှာလေးသဖွယ်
နန်းထိုက်ပန်းမကိုဋ်
အလှတော်ဝင်တဲ့
အချစ်နတ်ဘုရားရဲ့ စေတမန်ပါပဲ
စိတ္ထရဲ့ ချစ်လိပ်ပြာ မင်းအနားရစ်ဝဲ
ပြုံးလိုက်တဲ့ မင်းအလှဟာ ပန်းချီကားတစ်ချပ်ပါပဲ
တရွေ့ ရွေ့ နဲ့ တဖြည်းဖြည်းနဲ့ လှမ်းလျှောက်လာတဲ့
ခြေလှမ်းတစ်လှမ်းရဲ့ အဖိုးအခဟာ ကုဋေတစ်သန်းမက တန်တယ်
No comments:
Post a Comment