Monday, April 1, 2013

ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ

ရေး - ဖိုးချို
ဆို - ဖိုးချို


မြတ်နိုးတွယ်တာသမျှရယ် မျှော်လင့်ချက်များစွာနဲ့
စောင့်စားခဲ့တဲ့ အချိန်များစွာ
ကိုယ်နဲ့မထိုက်မတန် ဖြစ်မယ်မှန်းကိုတော့
ကြိုတင်ကာ မစဉ်းစားခဲ့မိဘူး

အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ
ဩော် မချစ်ထိုက်သူနဲ့ ဝေးသွားရင်အတော်ဆုံးမို့ တသက်တာ ဝေးလွင့်ပြီယုံလိုက်တော့

သူရဲ့ကြည်ဖြူမှုအပေါ် ကျေနပ်ရလောက်အောင်လည်း မပြုစုမတုံပြန်နိုင်ခဲ့ပါ
အရာရာတိုင်းမှာ ချို့တဲ့လွန်းခဲ့တော့
ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်

မဆုံးသောခင်မင်မှုနဲ့ ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ် မထင်ဘူးကွယ်
အခြေအနေအဖြစ်မှန် အသိနောက်ကျခဲ့မှန်း
ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး

အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ
ဩော် မချစ်ထိုက်သူနဲ့ ဝေးသွားရင်အတော်ဆုံးမို့ တသက်တာ ဝေးလွင့်ပြီယုံလိုက်တော့

9:54 PM 4/8/2013

1 comment:

  1. ဒီသီချင်းဟာ ဆလိုင်းသွအောင် ရေးတာပါ.. ဖိုးချို မဟုတ်ဘူး... ဖိုးချိုက ဆိုတာပါ... အရမ်းကောင်းတဲ့ စာသားနဲ့ ရိုးရှင်းလှပတဲ့ ဂစ်တာကော့ဒ်စီးဆင်းမှုနဲ့ သီချင်းပါ...။

    ReplyDelete