Tuesday, March 12, 2013
အလွမ်းညဟေမာန်
ရေး - ကိုသက် (ကလော ဂျီတီအိုင်)
ဆို - ဖိုးချို
(ညနေစောင်းကို စွန့် သွားတဲ့ နေရောင်နဲ့ အတူပျောက်သွားတဲ့ အိုအချစ်ရယ်
(မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း
အမြဲတမ်းထာဝရ ဖွင့်လို့ ထားပါတယ်
အို… မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း
အမြဲတမ်းထာဝရ ဖွင့်လို့ ထားပါတယ်)
နှင်းပွင့်ကလေးတွေ ကျဆင်းတဲ့ ဟေမာန်ညအလယ်
လမင်းလည်း မသာခဲ့တယ် အဖော်မဲ့တဲ့
ကြယ်ကလေးတွေလည်း ကိုယ်လိုပဲကွယ်
(လင်းတစ်လှည့် မှိန်တစ်လှည့် ပြုံးတစ်လှည့် ငိုတစ်လှည့်
မိုးကောင်းကင်က အလွမ်းမင်းသားတွေပဲ)
ပုစဉ်းရင်ကွဲတွေ အော်နေကြတယ် ( အော်နေကြတယ်)
ကြားတော့ ကြားတယ် မမြင်နိုင်တယ် 
မင်းအသံလေးတွေ ခေါ်နေကြတယ် (ခေါ်နေကြတယ် )
ကြားတော့ ကြားတယ် မမြင်နိုင်တယ်
ဘယ်ဆီများပြေးပုန်းနေရက်တယ် မကြင်နာသူမ,ရယ်
(ချမ်းအေးတာလည်း မသိတော့ပါပဲ
လမ်းဘေးမှာပဲ လွမ်းတေးဆိုနေမယ်)  ( အစအဆုံး သုံးခေါက်ဆို)
No comments:
Post a Comment