Tuesday, March 12, 2013

ပိုင်စိုးမှုဧကရီ

ရေး - ဖိုးချို
ဆို - ဖိုးချို

မင်း ဘယ်လမ်းသွားသွား မင်းနောက်ကလိုက်လို့ နေမယ်
မင်း ဘယ်လမ်းလှမ်းလှမ်း ဖဝါးထပ်မျှ လိုက်လို့ ပါမယ်
မင်း ကမ္ဘာဆုံးလှမ်းလဲ လှည့်မကြည့်နဲ့ နောက်ကပါမယ်
မင်းလိုသလောက်ဖြစ်အောင်ဘဝတစ်ခုလုံး ဆုံးသွားပါစေကွယ်

CHO:  စိုးပိုင်မှုရဲ့ အချစ်စိတ်တွေ အရိပ်လိုငြိတွယ်မိပေါ့လေ
စိတ်ရင်ထဲက အတွေးလှိုင်းဝေ
ကမ်းခြေရောက်တဲ့ လှိုင်းကလေးအခြေ
စိုးရိမ်နေ ( သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေက )  လေ

နောက်လာမယ့်နေ့ တွေ အဆုံးစွန်ထိ ဆက်ချစ်နေမယ်
မင်းဟာ ကိုယ့်ဘဝအတွက်အသက်လောက်ပဲ အရေးကြီးပါတယ်
တို့ မျှော်လင့်သမျှတွေ အပြီးသတ်ထိ မဖြစ်ခဲ့ရင်
တို့ ကံ အကြောင်းပဲပေါ့ နောက်ဘဝအထိ ဆက်ချစ်နေပါ့မယ်
အချစ်ခံစားမှုတွေ မီးတောက်ပမာ ပြင်းလို ထန်တယ်
ဘဝမုန်တိုင်းအတွင်းဝယ် မင်းဘဝအတွက် တို့ ရှိနေမယ်
မိုးမှောင်တဲ့နေ့ မို့ တို့ အသည်းလေးကျွမ်းခဲ့ရင်လေ
ရှိပါစေတော့ အချစ်ရယ် အချစ်ဆုံးမို့ မမုန်းရက်နိုင်ပါကွယ်

No comments:

Post a Comment