Monday, March 25, 2013
တပြည်သူမရွှေထား
ရေး -
ဆို - စန္ဒားလှထွဋ်
တပြည်သူမရွှေထားရေ
အခြေမတူဘ၀အနေခြားနေ
အဆင့်အတန်းလည်း ဝေးကွာနေ
မဖြစ်မှန်းလည်း တွေးပါသလေ
ဆင်ကန်းတောတိုး ဖြစ်မှာတွေ
သိပါသလေ
ဒါပေမယ့်သံယောဇဉ်တွေ
တွယ်တာရပါသည်ကောလေ
ပင်ပန်းတဲ့ အသည်းမှာလေ
အချစ်လမ်းခွဲမရှိရှာဖွေ
အချစ်ကန်းပဲပြောပါစေ
အို.. မရွှေထားရေ…
ထားသခင်ကိုမှ အချစ်ပိုသည်များ
အပြစ်ဆိုမယ်လားလေ
အလွမ်းတွေရင်ထဲ ကွဲထွက်တော့မယ်
ကြာရင် ခက်ရချည်လေ
ဝေးမှာကိုလည်း စိုးပါတယ်ကွယ့်
ထားသခင် အချစ်ဦးရေ
ပြောချင်နေတဲ့ တီးတိုးစကားတွေ
ကိုယ်တစ်ယောက်တည်းဆိုနေ
တပြည်သူမရွှေထားရေ
တွယ်တာရပါသည်ကောလေ
ဖွင့်မပြောလည်း သိမှာပေ
ရင်မောဖွယ့် အတိပါလေ
အချစ်သဘောနဲ့ ကြည့်ပါလေ
အို…. ထားရေ… ထားရေ…
5:44 PM 3/22/2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment