Monday, March 25, 2013
အလှသစ္စာတရား
ရေး -
ဆို - စန္ဒားလှထွဋ်
မျက်စိမှိုတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ
နှလုံးသားကိုနားဆင်ငြား စကားတွေပြောနေလိုက်တာ
သူဘယ်ကိုသွား ကိုယ့်အနားရှိနေသည်မှာ
ဘာကြောင့်များလည်း သိလားအချစ်ရာ
အနုအလှလက်ကလေးတွေနဲ့ ယုယကြင်နာစွာ
ထွေးပွေ့ယူထားသူ့အား အတွေ့တွေနွေးနေဆဲပါ
ဒီလိုမြင်ကြား ခံစားရနေသည်မှာ
စက္ကန့်မခြား နှလုံးသားနဲ့အတူပါ
အသည်းအသက်နဲ့ထပ်တူ ချစ်နေတာ
ဖြူစင်သောမေတ္တာ မှန်ကန်သောသစ္စာ
ကျောက်ဆစ်ရုပ်အလားပမာ အသည်းစိုင်မှာ
စွဲခိုင်မာ မပျောက်ပျက်နိုင်ပါ
လောကအလှသစ္စာတရားဖွေရှာ
ဘယ်မှာတွေ့နိုင်မှာ အယူအဆများစွာ
တချို့ကတော့ နှလုံးသားထဲမှာရှာ
တချို့က ဒါရုပ်လက္ခဏာ
ကိုယ့်အဖို့မှာကားအလှတရား ကိုယ့်အနုပညာပါ
ကိုယ့်ရဲ့ခံစားမှုများ ကိုယ့်ဖန်တီးမှုများသာ
အမြူတေပေါက်ဖွား ကျောက်သားသို့အစဉ်ခိုင်မာ
မြင့်မြတ်သောအလှရဲ့ သစ္စာပါ
5:46 PM 3/22/2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment