Monday, March 25, 2013

စိမ်းသရဖူစိမ်း

ရေး -
ဆို - တွံတေးသိန်းတန်

အလှအပဘန်းပြပြီးရင်
ငါ့ဘ၀ပျက်အောင်ညှို့အားရက်တယ်
မုသားရှက်နွယ် အပြုံးခဏလေးနဲ့
အမုန်းတစ်ဘ၀ပေးသူရယ်
ယောက်ျားတကာအသည်း
ထောက်ထားမညှာပဲ ဖောက်ပြားကာအမြဲ

(စိမ်းကားသူပစ်မုန်း ပြေးထွက်ဖို့ဝန်မလေးတယ်
အသည်းကိုသူခွဲဖို့ နဲနဲလေးမှ ၀န်မလေးတယ်)2
စိမ်းသရဖူစိမ်း စိမ်းသရဖူစိမ်း စိမ်းမှာသတင်းကြီးတဲ့
အစိမ်းရောင်မင်းသမီး မောင့်မမစိမ်းရယ်

သက်လှယ့်.. သက်လှယ်ရွှေသွေးရယ်
မကြင်နာ စိမ်းတော့ စိမ်းရက်တယ်
စိမ်းသရဖူ မမစိမ်းရယ်ကွယ်
ဒီရင်မှာ အသည်းပန်းနွမ်းရတော့မယ်

မကြင်နာသူ တမင်ခွာလို့စိမ်း
တမင်စိမ်းချင်လို့များ ပင်စိမ်းပင်မှာမွေးလေသလား
မကြင်နာသူရယ်ကွယ် တမင်ခွာလို့စိမ်း
တမင်စိမ်းချင်လို့များ ပင်စိမ်းပင်မှာမွေးလေသလား
(အချစ်မငဲ့ညာပလီ အပြစ်မဲ့ဗလာအချီ)၂
အချစ်ရှုံးသမားကို ပစ်မုန်းသွားတယ်

လှဂမုန်းနွယ်ကြောင့် အစအဆုံးအလယ်တလျောက်
ချစ်ရမိတဲ့ ငါဘ၀စိမ်းမယ် သစ္စာမရှိတဲ့ မမစိမ်းရယ်
စိမ်းသရဖူစိမ်း စိမ်းသရဖူစိမ်း စိမ်းမှာသတင်းကြီးတဲ့
အစိမ်းရောင်မင်းသမီး/သစ္စာမရှိတဲ့ မောင့်မမစိမ်းရယ်

စိမ်းသရဖူစိမ်း စိမ်းသရဖူစိမ်း စိမ်းမှာသတင်းကြီးတဲ့
အစိမ်းရောင်မင်းသမီး မောင့်မမစိမ်းရယ် စိမ်းရယ်

11:27 AM 3/23/2013

No comments:

Post a Comment