Monday, March 25, 2013
တုနှိုင်းမဲ့ရတနာ
ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်
မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကိုပိုမွှေးတာ
ချစ်သမီးလေးရဲ့ ပါးနုနုလေးတွေမှာ
ငှက်ကလေးများရဲ့ တေးချင်းထက်ပိုချိုမြတာ
ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ
ကမ္ဘာကြီးထဲ ဘယ်သူဘယ်အရာမှ နှိုင်းမရ
ရင်ထဲက ရတနာတစ်ပါး
အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား
သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာ/ကြည်လည် စိမ့်စမ်းရေ အလား စီးဆင်းနေ ဒီမေတ္တာ
ထာဝရသမီးလေးအတွက်ပါ
အလှဆုံးအပြုံးလေးများ နူးညံ့တဲ့နှုတ်ခမ်းပေါ်မှာ
ချစ်သမီးလေး အမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား
ဘာမဆို ရင်ဆိုင်ကာ တိုက်ခိုက်ဖို့ အသင့်အနေအထား
ပျော်ရွှင်ပါစေ တစ်သက်လုံး သမီးလေးရဲ့ကမ္ဘာ
အိုသမီးအတွက် အရာရာခံယူရဲခဲ့ပြီ/ရင်ဆိုင်ရဲခဲ့ပြီ
ကိုယ့်နှလုံးသား ရတနာတစ်ပါး
ထာဝရ သမီးလေးအတွက်ပါ
ထာဝရ သမီးအတွက် အဖေ့မေတ္တာ
11:37 AM 3/23/2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment