Monday, March 25, 2013

သီချင်းများနဲ့လူ


ရေး -
ဆို - ထူးအိမ်သင်

အလှတရားများထွန်းကားဖြန့်ကျက်ဖို့
အနှောက်အယှက်ရှိသမျှခွင်းပစ်ဖို့
သီချင်းတစ်ပုဒ်က မြှားတစ်စင်းဖြစ်ပါစေ
ဒီလောဘဆူးငြောင့်ဆူးခက်တို့
ခရီးသွားလမ်းတစ်လျှောက်ရှင်းပစ်ဖို့
သီချင်းတစ်ပုဒ်က ဓါးတစ်လက်ဖြစ်ပါစေ

သီချင်းများနဲ့လူ ဒီကမ္ဘာကို
အကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ်
သီချင်းများနဲ့လူ ဒီကမ္ဘာကို
သာယာလာအောင် ကူညီနိုင်ပါစေသားကွယ်

ဒီလောကကြီးအမြဲလှပဖို့
နှလုံးသွေးပေးဆပ်ပြုစုလို့
သီချင်းတစ်ပုဒ်ကြောင့်ပန်းတစ်ခင်းဖြစ်ပါစေ
မြူခိုးဆီးနှင်းတို့ကျတဲ့ခဏ
ကြယ်လေးများမလင်းတဲ့လမိုက်ည
သီချင်းတစ်ပုဒ်ကြောင့်အလင်းဖြစ်ပါစေ

ခွန်အားများကင်းမဲ့ စိတ်ဓါတ်ကျ
ခေါင်းငုံ့ဒူးထောက်မျက်ရည် ဝေ့တဲ့ဘဝ
သီချင်းတစ်ပုဒ်နဲ့ အင်အားသစ်ဖြစ်ပေါ်စေ
လူသားရဲ့အတ္တ အစွန်းမရောက်ဖို့
ဒေါသမီးများငြိမ်းအေးဖို့
သီချင်းလေးတစ်ပုဒ် နူးညံ့ပျော့ပြောင်းစေ

အလှတရားများထွန်းကားဖြန့်ကျက်ဖို့
အနှောက်အယှက်ရှိသမျှခွင်းပစ်ဖို့
သီချင်းတစ်ပုဒ်က မြှားတစ်စင်းဖြစ်ပါစေ
မြူခိုးဆီးနှင်းတို့ကျတဲ့ခဏ
ကြယ်လေးများမလင်းတဲ့လမိုက်ည
သီချင်းတစ်ပုဒ်ကြောင့်အလင်းဖြစ်ပါစေ

11:38 AM 3/23/2013

No comments:

Post a Comment