Wednesday, April 10, 2013

အလွမ်းဆု

ရေး - ကိုလတ်
ဆို - စိုးလွင်လွင်

တော်မယ်ဆို လိုမယ်ထင်ပြီး သည်ခရီးကို
လှမ်းလိုက်မိပါတယ် ကြင်နာမှုမိုးကောင်းကင်အောက်က
မေတ္တာလမ်းတစ်လျှောက်မှာ ပျော်ရွင်စွာ လျှောက်လှမ်းခဲ့ကြတယ်နော်

ခေါ်မယ်ဆိုရင် ကြိုမယ်ထင်ပြီး ကိုယ့်အသည်းကို ကမ်းလိုက်မိပါတယ်
ရင်နာမှု အဆိုးအကြောင်းမြင်လောက်မှ တစ်သက်စာ
လွမ်းရမလောက်အရာ မြှော်မြင်ကာ နောက်ဆုတ်ခဲ့ပြီနော်

သြော် ဒဏ်ရာမဲ့အသည်း ဘယ်သူများရှိနိုင်မလဲ
အချစ်ရေ နားလည်နိုင်စွမ်းမရှိသူကို ဘ၀သီချင်း
ချိုချိုလေးတွေ ဆိုပြနေလို့လည်းလေ အပိုပါပဲ
တို့နားလည် နားလည်ခဲ့ပြီ တို့နားလည် နားလည်တတ်ခဲ့ပြီ

မင်းပေးထားခဲ့တဲ့ အလွမ်းဆုပါ မေရယ်
မင်းနဲ့ ပတ်သတ်တဲ့ အလွမ်းဆုပါ မေရယ်

No comments:

Post a Comment