Wednesday, April 10, 2013

၂၄နာရီ

ရေး - မင်းချစ်သူ ဆို - ထူးအိမ်သင် တူ ... တူ ... တူ ... မနက်မိုးလင်းရင် မင်းကိုလေ မှန်းကာမျှော်တယ် ကျေးငှက်ငယ်လေးတွေရယ် အသိဆုံးပဲ ညဥ့်နက်ချိန်ထိအောင်ကွယ် တမ်းတတုန်းပဲ ဒီမိုးကောင်းကင်ငွေကြယ်တွေ သက်သေကွယ် သတိရချိန်လေးတွေ တွက်ရေကာ မှတ်သားတော့ တစ်နေ့အတွက်တာရှိနေတဲ့ အချိန်များအတိုင်း တစ်စက္ကန့်တောင်မမေ့ဘူး အမြဲတမ်းပဲ သတိရချိန်တွေဟာ ၂၄ နာရီ အသိစိတ်တွေအနားယူ အိပ်စက်တုန်းဝယ် မြင်ကာမက်တဲ့ အိပ်မက်တွေဟာ ဘာအကြောင်းလဲ အချစ်ရဲ့ အိပ်မက်ပါ မင်းအကြောင်းများပဲ စိုးမိုးလွန်းနိုင်တယ်နော် ချစ်သူရယ် အို မိုးလင်းရင် အတွေးတွေဆီ မင်းဝင်ရောက်လာ မိုးချုပ်တောင် သန်းခေါင်တိုင် ရှိနေတယ် နောက်နေ့တွေကူးတောင် မင်းမသွားသေးဘူး မင်းစိတ်နဲ့ကြာရင် ကိုယ်ရူးသွားမလား

No comments:

Post a Comment