Wednesday, April 10, 2013

ငယ်သူမို့ 

ရေး/ဆို - စိုးလွင်လွင်

စိတ်အလိုကိုလိုက်ကာ ငယ်သူမို့မသိတတ်ခဲ့ပါ
ဟိုးတချိန်ပြန်လွမ်းစရာ ပျော်ရွှင်သော အချစ်ရက်များစွာ
တို့နှစ်ယောက်ရဲ့အချစ်ဟာ ငြိမ်းချမ်းမယ့်ကံဇာတာနယ်မှာ
လမ်းဖြောင့်ဖြောင့် လာမယ်ထင်ခဲ့တာ

အမှားအမှန်ကိုချင့်ချိန် ဖြေနိုင်တဲ့တို့နှစ်ယောက်အသိဥာဏ်
မပြည့်စုံနိုင်သေးခင် ထင်ရာပဲစိုင်းခဲ့မိတာ အကျိုးအမြတ်ရလဒ်ဟာ
နွမ်းခဲ့တဲ့ရာသီအိုချိန်မှာ ကျောခိုင်းခဲ့ ညောင်ညိုပင်အောက်မှာ

စိတ်တွေလည်တိုင်း မျက်ရည်ရယ်ဝိုင်း လွမ်းစရာရယ်
အရာရာဖြစ်ခဲ့ပြီ မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်း
ရင်ခွင်ညှာရယ် အဆွေးကြီးဆွေးပြီ

သို့ပေမယ့်လဲလေ နယ်မြေချင်း စည်းတားခဲ့ပြီ
အခုချိန်မှာဘ၀တွေ ဘယ်လိုမှ မနီးကြတော့ပေ
အဝေးကတော့စိတ်တွေ သတိရလို့နေပါတယ်လေ
မေ့မရတဲ့ ငယ်ချစ်ဦးရေ

စိတ်တွေလည်တိုင်း မျက်ရည်ရယ်ဝိုင်း.......မေ့မရတဲ့ ငယ်ချစ်ဦးရေ

No comments:

Post a Comment