Monday, April 1, 2013

ရွှေကျေးတမာ


ရေး - လင်းခေးလုလင်
ဆို - လွှမ်းမိုး

ရွှေကျေးလေးရယ်  ဝေဟင်နန်းကပျံသန်းလို့ရယ်
မြိုင်နန်းတောင်တန်း ဘယ်စခန်းမြန်းသည့်နှယ်    တေးသံကကြွယ်   ရွှေကျေးတမာရယ်
ပျံသန်းလေ ပျံသန်းလေဦးကွယ်
ရွှေကျေးတမာရယ် သီးပွင့်ညွတ်ကိုင်း    ထွားကျိုင်းရင့်ညို ဝင်းမဲ့စိုသော
ပင်ပျိုတောကိုပျံသန်းသည့်နှယ်  ပျံသန်းပါလေ ပျံလေဦးတော့ကွယ်
ရွှေကျေးတမာရယ်ညှာတံညွှတ်ကွင်း
ရွှေကျေးတမာရယ်ညှာတံညွှတ်ကွင်း
လေသံခွင်း သလင်းအိုင်ကိုသလင်းအိုင်ကို
လေသံခွင်း သလင်းအိုင်ကိုသလင်းအိုင်ကို
မနှေးသွားတော့မယ့်ဟန်ပျံသန်းလေ ပျံသန်းလေဦးကွယ်
သင်ပျံသန်းရာလမ်းဝယ်  ဘေးမသန်း ရန်မသီ  အန္တရာယ် အလီလီ
ငှက်သမားကို အမြဲသတိရှိရမယ်ကောင်းကင်ပိုက်ကိုရှောင်ကွင်းလို့
ပျံသန်းရလိမ့်မယ်
အစာဝရင်ဋ္ဌာနကို အမြန်ပျံသန်းခဲ့ကွယ်  ရွှေကျေးတမာလေးရယ်

No comments:

Post a Comment