Monday, April 1, 2013

မခင်နှင်းဆီ(ရဲ့)နှင်းဆီ

ရေး -
ဆို - လွှမ်းမိုး

ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်   ပန်းကလေးလိုညှိုးမှာကိုပဲ  စိုးရိမ်ပါသည်
မခင်နှင်းဆီ  မခင်နှင်းဆီ လှစမ်းပါပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့အခါ အလိုမကျရင်သင့်ဘဝအတွက်ပဲ တွေးကာငိုမိသည်

နှင်းဆီဆိုတာ ပန်း မခင်နှင်းဆီဆိုပြန်တော့ မခင်ပန်းကလေး ပေါ့နော်
ပန်းဆိုတာလည်း မပန်ခင်လန်းတာမျိုးဖြစ်သည်
ဒါကြောင့်မို့ဘာဖြစ်လို့များ ဂုဏ်ယူနေချင်ကြတာလဲလို့ သင်္ခါရကို အစဉ်ထာဝရမှတ်တော့
သင်အနာတရဖြစ်မည်
ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်   ပန်းကလေးလိုညှိုးမှာကိုပဲ  စိုးရိမ်ပါသည်
မခင်နှင်းဆီ  မခင်နှင်းဆီ လှစမ်းပါပန်းလောက် စောင့်ကြည့်ချင်သည်
နောင်တော့အခါ အလိုမကျရင်သင့်ဘဝအတွက်ပဲ တွေးကာငိုမိသည်

အိုနှင်းဆီ သင့်နှင်းဆီ တကယ်ကိုလှပါသည် အဟုတ်ပင်ချောပါသည်
နောက်တော့ဂုဏ်လည်းရှိသည်  သြော် နောက်တော့စုံ လို့ပါပဲ
မပြောလည်းမပြောတတ်ပါပြီ
(ဟောပြောရင်းဆိုရင်းနဲ့ဗျာ)  အိုနှင်းဆီကလေးက ကြေမွပျက်ပြုန်း မြေကျသက်ဆုံးတုံးပါပြီ
အခုမှယူကြုံးမရလို့အပူလုံးထတော့တယ်  ဒါကိုပင်ပရမတ်သူ ထင်
ဒါကိုပင်ပညတ်သူမထင် အမှန်ပင်သူမှားကာ အလွန်ပင်သနားစရာကောင်း လိုက်ပြန်ပါပြီ
မာလာသူက တထာဘူတနည်းမကျတဲ့အရေအမြော်
အတွေးအခေါ် ခေါင်လွန်းလှသည်  အသိမဟာဖြစ်တဲ့  အဘိဓမ္မာသစ်နဲ့ကျုပ်အသည်းလွှာ
သရုပ်ခွဲကာ တွေးရတာတော့ အခြေအမြစ်ကြီးတဲ့
ပဒေသရာဇ် သမီးရဲ့နှင်းဆီဟာ

မခင်နှင်းဆီရဲ့နှင်းဆီ ပန်းကလေးလိုမလှဘဲ  ပန်းကလေးလိုညိုးပြန်ရှာသည်
အဖိုးမတန်တဲ့ ဘဝနဲ့ဆုံးပြန်ရသည်  ကံကြမ္မာဖွဲ့လို့ လွဲရှာပါပြီ
သင့်အတွက်ဝင့်ရတက်ပို  ထိုလူတစ်ယောက်ဖြင့်အခုဆိုငိုရပြီ

No comments:

Post a Comment