Monday, April 1, 2013

ဝတ်မှုန်

ရေး - ခင်မောင်တိုး
ဆို - ခင်မောင်တိုး

တေးသွားဆိုသီကာကြူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ
ပန်းကလေးကပြောလိုက်တယ် လောကရဲ့အလှအပဟာ တို့ပွင့်မှပြည့်စုံလာတယ်
ပန်းချစ်သူများကပြုံးတယ် တောက်ပတဲ့အဆင်းလည်းရှိတယ်
လိုက်ဖက်တဲ့မွှေးရနံ့နဲ့အတူ ဝတ်မှုံရယ်နင်နဲ့နှိုင်းရင် ရှုံးရမှာပဲ
ရင်ထဲရှိပြောပြရရင် တကယ်လှတယ်
မြင်သူတကာငေးငေးလောက်အောင် လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ ဘဝမပျက်အောင်ဆုတောင်းမယ် ပန်းကလေးရယ်
သင်းပျံ့ကာအမြဲမွှေးစေချင်တယ်

မိုးကောင်းကင်ကြည်ပြာအောက်မှာ ကောင်းချင်တွေ ပေါင်းစုစည်းကာ
သူ့ထက်ပိုကဲလှသူ ရှိတော့ဖြင့်ရှိလိမ့်မယ် အေးမြတဲ့အပြုံးပိုင်ရှင်ရယ်
တောင်းဆုတွေပြည့်ဝတဲ့သူ နူးညံ့တဲ့အပြုံးနဲ့အတူ စွဲမက်ဖွယ် နဲ့ဆင့်ကာ
တုယှဉ်ပြိုင်လာလို့နှိုင်းရင် ရှုံးကြမှာပဲ
ရင်ထဲရှိပြောပြရရင် တကယ်လှတယ်
မြင်သူတကာငေးငေးလောက်အောင် လှရက်လို့
ချူလိုသူတွေ လက်ထဲမှာအလှမပျက်အောင် ဆုတောင်းမယ် မိန်းကလေးရယ်
ပန်းလေးလိုလှတဲ့ ချစ်သူရယ်
သင်းပျံ့ကာအမြဲမွှေးစေချင်တယ်
ပန်းလေးလိုလှတဲ့ ချစ်သူရယ် သင်းပျံ့ကာအမြဲမွှေးစေချင်တယ်
ပန်းလေးလိုလှတဲ့ ချစ်သူရယ်

No comments:

Post a Comment