Monday, April 1, 2013

ယုံရခက်ခက်


ရေး - ကိုလေးညွှန့်
ဆို - လွှမ်းမိုး

ဓူဝံကြယ် မြေမှာခစေတော့  သွေကွက်ပါဘူးလို့
သူကပြောလာသော အချိန်မှာ မယုံတဝက်ယုံတခက်  ယုံမိချက်နာလေပြီထင်တာ

မေအဲဒီတုန်းကအချစ်ဆုံးဆိုတာ  မောင်တစ်ယောက်တည်းပါ
ပန်းပန်ရင် နန်းဆန်လှချည့်ရဲ့ မောင်ကိုယ်တိုင်ကိုယ်ကျ  မောင်ကပန်ပေးတာ
တစ်ပွင့်တည်းမှချစ်တယ်ဆို ပြန်တာ
ဧရာမ သစ္စာရှင်သူက ဘုရင်တဆူပါ
 မေကပွင့်လွှာရှင်ဒေဝီဘွဲ့ဝင်ဧကရီ တစ်ပါးကညာ
မေတ္တာပဋိညာဉ်လွှာ  ချိန်ခွင်လျှာတင်လို့  ပြောပြပေမယ့် ဂုဏ်ဓနဖက်လို့
စုံမဖွက်ကာ မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီိးပါ
ယုန်ကောင်ငုံ၍ယုန်ရုပ်ရေးပြသော်လည်း  ယုံရခက်ခက် ခက်လှစွာပေါ့နောက်များတစ်ခါ

ဘဝလမ်းခရီးတစ်လျှောက်မှာ အကွေ့အကောက်ဆူးညှောက်ခလုတ် များစွာတွေ့ကြရစမြဲပါ
ကြင်နာထောက်ထားစရာ ကင်းလာသောအခါ ဟိုအတိတ်ဆီရယ်က ကတိစကား လှလှ
ပျက်ပြယ်ရပြီ တစ်ခါ   ကိုယ့်ထိုက်နဲ့ကိုယ့်ကံကိုယ်သာခံရမှာ
 အပယ်ငရဲတမျှဒုက္ခဟူသ၍ကိုသာ  ပစ္စု   မှာကိုယ်အတွက် ထားခဲ့ပြီလားကွာ

No comments:

Post a Comment