Monday, April 1, 2013

အိုဒီဇင်ဘာ

ရေး - နိုင်းနိုင်
ဆို - အငဲ၊ လေးဖြူ၊ မျိုးကြီး

ဟိုးအဝေးကနှင်းတွေ ကျဆင်းဆဲ ဒီအချိန်တွေဆိုရင် သူရောက်လာ
မေ့မရတဲ့အတိတ်ရဲ့ရနံ့များနဲ့ သူဟာပြန်လာပြီပဲ
အို ဒီဇင်ဘာ ကိုယ်ရင်ခွင်မှာအချစ်ရယ် နှင်းတွေတဖွဲဖွဲကျ သိပ်သတိရ
မင်းဘယ်ဆီမှာ မင်းပြန်လာပါ

အချစ်ရယ် အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ
ဟိုးအဝေးက နှင်းတွေအရင်အတိုင်းပဲ ငါ့အတွေးထဲရိုက်ခတ်ဆဲ
မင်းနှုတ်ခမ်းက အနမ်းတွေ ပွင့်ဖူးတဲ့ဆောင်းမနက်တို့ရောက်ရှိပြီ
မင်းဘယ်ဆီမှာ မင်းပြန်လာပါ အခုတော့အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ
အို ဒီဇင်ဘာ ကို့ယ်ရင်ခွင်မှာအချစ်ရယ် နှင်းတွေတဖွဲဖွဲကျ ဟိုးတုန်းက

ဒီဇင်ဘာမှာ ဟိုတချိန်ကမိန်းကလေးရယ် တို့အနမ်းများစွာ အပြာရောင်
နှင်းများကြား တမ်းတမိတယ် ဟိုတချိန်ကဆောင်းညတွေ
အတိတ်နှင်းများဟာ တစ္ဆေလိုခြောက်လှန့်လို့
မင်းပြန်လာပါကိုယ့်ရင်ခွင်မှာ အခုတော့အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ
မင်းဘယ်ဆီမှာ ကို့ယ်ရင်ခွင်မှာအချစ်ရယ် နှင်းတွေတဖွဲဖွဲကျ ဟိုးတုန်းက

 လေးဖြူ

No comments:

Post a Comment