ရေး - စန္ဒာရားချစ်ဆွေ
ဆို - လွှမ်းမိုး
မချစ်ပြင်ပြင် မကြင်နာလေသည်မို့ မေ့ကွက်ကိုရှာ ရှာသူမေရေ
မောင်ဘယ်သူ့ကိုမှ အပြစ်လည်းမတင်ချင်ပေ ချစ်ပရိယာယ်ကိုသိသလိုလိုနဲ့
ချစ်စရာကဗျာ တပုဒ်အလားနှစ်သက် ယုံစားမိခဲ့လို့ လေ
မောင်အပြစ်နဲ့မောင်သာရှိပါစေတော့မေရေ
မောင်အပြစ်နဲ့မောင်သာရှိပါစေတော့မေရေ
မေ့ကွက်ကိုရှာ သူရေ သြော် တွေ့ရက်ကိုလက်ရေချိုး မျှော်ကိုးတော့လည်းလေ
နေ့ရက်တွေကြာသာ ကြာတော့ တွေးချက်ကနာ ဗျာပါကြီးသူ အပူမီးဖြာဝေ
နှင်းရေနဲ့များ ဖြန်းရမတတ်ပါဘဲမေ ရေ မေ့ကွက်ကိုရှာ သူရေ
နေ့ရက်တွေကြာသာ ကြာတော့ ဆွေးပါတယ်လေ မောင့်အသည်းလွမ်းသူရဲ့ပွဲ
လွမ်း လွမ်း တယ်မေရေ လွမ်း လွမ်း တယ်မေရေ ချစ်သူမြင်လာပါဘဲ ဆွေးပါတယ်လေ
မောင့်အသည်းလွမ်းသူရဲ့ပွဲ အခုတော့ဟင်
မချစ်ပြင်ပြင် မကြင်နာလေသည်မို့မေ့ကွက်ကိုရှာ ရှာသူမေရေ

No comments:
Post a Comment