ရေး - (ဝိုင်အမ်ဘီအေ)ဆရာတင်
ဆို - လွှမ်းမိုး
စွဲမိပါပေါ့ခင်ရယ်
ချစ်လို့ကို ဘယ်မဝ နှိုင်တော့တယ်ဟင် မပြောဘဲနဲ့ ကြားကြားနေတယ်
မျက်စိထဲမယ်ဝဲလည် မကြည်ဘဲနဲ့ အစဉ်နေပြန်တော့တယ်
အုံ့ပုံးချစ် တစ်ရက်လောက်ချစ်ရတာရယ် လင်မယားချစ်တသက်လိုက်မမီပါ တယ်တကမ္ဘာမမီပါတယ်
စဉ်းစားလေချစ်လေပါဘဲခင်ရယ် ယဉ်သမျှရယ်ပင်ကိုလှတယ် ရွှေရင်မှာလေးလှပါတယ်
မောင့်အသည်းထောင့်ထဲမယ် အချစ်ညှောင့်ကလေးတွယ် ရေမြေတောတောင် သမုဒ္ဒရာခြားစေကွယ်
အဆန်းမဟုတ်ပါ ချစ်တာမှန်ရင် တကယ် အနန္တစကြာဝဋ္ဌာ ကွယ်ပါစေကွယ်တအိပ်ယာထဲခင်ရယ်မဝေးဘူးထင်ပါတယ် တူပျော်ပျော်ဘယ်ခါဆက်ရပါ့
ညစဉ်အိပ်ရာဝင် ကိုလေ ဆုတောင်းပါတယ်မပျက်ပါဘူး ဝင်းစက်စက်ကလေး အနားမှာထိုင်ကာ
အလှသာကြည့်နေချင်တော့တယ် ဝင်းစက်စက်ကလေးအနားမှာထိုင်ကာအလှသာကြည့်နေချင်တော့တယ်
ဘယ်အထိကိုယ်ချစ်တာ အတောမသတ်နိုင်ပါတယ်အတောမသတ်နိုင်ပါတယ်
ဇီးဖြူဖန်ခါးနှယ် ငုံ၍ များတောင့်ထားလိုက်ချင်ပါတယ်

No comments:
Post a Comment