Monday, April 1, 2013

ပွဲကြိုက်ခင်

ရေး - အလင်္ကာကျော်စွာစောင်ဦးဘဘန်း
ဆို - လွှမ်းမိုး


ပွဲကြိုက်ရန် ခုနှစ်သံချီဆွယ် သြော်  သွားလိုက်ကြတာလူတွေမနည်းတယ်
လာလေ စောစောသွားမှတို့နေရာရမယ် အရပ်အရပ်ထဲဇာတ်ပွဲကတယ်
သြော်  ဆိုင်းသံဗုံသံဆူညံ မသွားပါနဲ့ချစ်တဲ့သူရယ်
စက်သီချင်းလက်ငင်းဖွင့်ပြမယ်
သန်းဆရာဆို သီချင်း ပျိုယမင်းရယ်  အပျင်းတော်ကိုပြေစေအောင်လို့
အထွေထွကြံကာ ဆောင်းကိုတီးပြမယ်
အပျော်ဆိုတာရယ် ငွေကုံခံနိုင်ရင် အကောင်းဆုံးကွယ် ခင်နှမရယ်
အအိပ်ပျက်တယ် အစားပျက်တယ် ဓာတ်ပြားလောက်ဖွင့်ကာနေကြမယ်

စူရတီရွှေနားနှင့် ရွှေပါးကနံ့သာချယ် လှပါပေ့ကွယ် ယဉ်ပါပေ့ကင်းစင်ကွာတယ်
အဆင်းအင်္ဂါမှန်မလွဲ မင်းလှဖို့ဘဲ
ဇာတ်ပြားတစ်ပြားဖွင့်ကာ ကောင်းတဲဇာတ်ပြားတစ်ပြားဖွင့်ကာအိမ်မှာနေရစ်ပါကွယ်
စောင်းသံတယောသံ နားဝင်အေးတယ် ခင်လေးရယ် နားသောတ သဘောကျစေဖွယ်
အရပ်ထဲကပြောကြပါပြီ  သည်ပွဲရူးကြောင့်ရှက်လှချည်ရဲ့ခက်လှပေါ့မေရယ် ပြောပေမယ်လို့ ဘယ်ခါမလျှော့တယ်
(အပျော်ဆိုတာ ဖွင့်ကာနေကြမယ်)

No comments:

Post a Comment