Monday, March 25, 2013

ကို

ရေး - စောခူဆဲ ဆို - ကဗျာဘွဲ့မှူး ကို နောက်ကွယ်မှာထင်ရာလုပ်နေတယ်ဆိုတာ ချစ်ကသိပြီးသား ကို ချစ်ကိုညာနေတာ သိပါတယ်ကွာ ချစ်လို့မပြောရက်တာ စိတ်ညစ်အောင်တမင်လုပ်နေတာ ထားခဲ့ချင်ပြီလား ကိုရာ စိုးမိစိတ်က နေ့ညတိုင်းကိုပါ ကို စိတ်ပျော်အောင်နေပါ နားလည်နေမှာပါ ခွင့်လွှတ်ချစ်ပြီးသား ကို ချစ်ဆိုတာရင်မှာ ကို့ကိုကြည်ဖြူတာ ဦးဆုံးမသိဘူးလား အသက်လောက်ကြင်နာရသူပါ ရက်စက်ချင်ပြီလားကိုရာ တွေးမိရင်းနဲ့ အားငယ်နေမိတာ ရင်ခွင်မှာတစ်ယောက်ထဲကြင်နာတာ ကိုတစ်ယောက်ထဲပါ အကြင်နာတွေခိုင်မြဲ တွယ်တာတာ ကိုတစ်ယောက်ထဲပါ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်ပြီကွာ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်လိုက်တာ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်ပြီကွာ တစ်သက်လုံးချစ်တဲ့ ကိုနဲ့ အတူတူနေချင်လိုက်တာ

No comments:

Post a Comment