Tuesday, April 9, 2013

ငါ့အပြစ်နဲ့ငါ

ရေး - ရေမွန်
ဆို - Idiots

မတွေးတတ်ဘူး ဘယ်လိုပြောရမလဲ
အရင်လို နီးစပ်ဖို့မှ မဟုတ်တာ ဝေးသွားရမယ့်အကြောင်းတွေ
မင်းနဲ့တို့ပြေလည်တဲ့အတိုင်းအတာရောက်မှ
ငါတို့ရူးသွပ်ခဲ့တဲ့ အဖြစ်တွေလက်လွတ်ဖို့အတွက်ပြောင်းနေ

လမ်းခွဲရမယ့် အနမ်းတွေ ငါ့အတွက် ခံနိုင်စွမ်းလုံးဝမရှိဘူးလို့
တိတ်ဆိတ်ခြင်းနဲ့ မင်းအနားက ငါလေအဝေးဆုံးကို
ထွက်သွားပါရစေ

ပြောဖို့စကားလုံးတွေ နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ ငါသိမ်းထားတာ
မင်းလေးမသိအောင်လို့ ဟန်ဆောင်နေရလို့

ဟိုတုန်းက အဆင်မပြေတဲ့အခိုက်မှာ
ငါမှားယွင်းခဲ့တဲ့ အပြစ်တွေခွင့်လွှတ်ပေးခဲ့ဦးလေ
ဆက်ချစ်ဖို့အခြေအနေ မပေးတော့လည်း
ငါမင်းရဲ့အဝေးဆုံးက ပြန်နီးရဖို့ကို ဆုတောင်းဆဲ

ပေးထားခဲ့တဲ့ ကတိတွေပျက်ကာ အရာရာငါ့ဆက်တာမှားခဲ့
မင်းအတွက် တစ်စက်မှ မကောင်းတဲ့ငါ့ကို
တန်ပြန်မုန်းပစ်လို့ နင်မေ့လိုက်ပါ

လမ်းခွဲရမယ့် စကားတွေ/ အနမ်းတွေငါ့အတွက်
ရင်ဆိုင်နိုင်စွမ်းလုံးဝမရှိလို့
သွေးပျက်ခြင်းနဲ့ မင်းရဲ့အနားက ငါလေအဝေးဆုံးကို ထွက်သွားပါရစေ

No comments:

Post a Comment