Tuesday, April 9, 2013

တို့အတူ

ရေး - နောနော်
ဆို - Wanted

ခွဲမသွားပါနဲ့ ငါမင်းအတွက် ပေးဆပ်နေမယ် ငါလေသိပ်ချစ်လို့
မင်းလေးငါ့ကို ထားခဲ့သော်လည်း
ခွင့်လွှတ်နိုင်တယ် ဒါငါ့ရဲ့အချစ်စိတ်တွေပဲ ဒီလိုတဖက်သတ်နဲ့
မင်းရဲ့အချစ်ကို တောင့်တနေဆဲ

(တို့အတူ ဘုရားကျောင်းကြီးထဲမှာ ကတိပြုခဲ့တဲ့ လက်ထပ်ဖို့အထိအတူ ခေါင်းညိတ်ခဲ့
တို့အတူ ကြမ်းတမ်းတဲ့ဘဝကို နင်းလျှောက်ပြီးတော့
နူးညံ့တဲ့အချစ်တစ်ခုကို မွေးဖွားဖြစ်ခဲ့/အတူနေချိန်ဟာ ကုန်လွန်ခဲ့)

ရူးမိုက်စွာနဲ့ ငါမင်းအတွက် အသင့်ရှိနေမယ်
ဘာမဆို မင်းသဘောအတိုင်း မင်းရဲ့အကြိုက်တွေငါခေါင်းညိတ်နေမယ်

ကြိတ်မှိတ်ခံမယ် ဘယ်လောက်အထိရက်စက်နိုင်မလဲ
ငါဟာမင်းတစ်ယောက်အတွက် ငါ့ရဲ့အသက်ကို စတေးခဲ့ပြီပဲ


(တို့အတူ ဘုရားကျောင်းကြီးထဲမှာ ကတိပြုခဲ့တဲ့ လက်ထပ်ဖို့အထိအတူ ခေါင်းညိတ်ခဲ့
တို့အတူ ကြမ်းတမ်းတဲ့ဘဝကို နင်းလျှောက်ပြီးတော့
နူးညံ့တဲ့အချစ်တစ်ခုကို မွေးဖွားဖြစ်ခဲ့/အတူနေချိန်ဟာ ကုန်လွန်ခဲ့)

ငါမင်းနဲ့အတူ လက်တွဲရင်း အတူပျော်မြူးရင်း အသက်ရှင်မယ် အသက်ရှင်မယ် စဉ်းစားတိုင်းငါ့စိတ်တွေကြေကွဲ နင်မရှိတော့တဲ့ ဒီအခန်းလေးဟာ အရောင်ပြောင်းရင်း အထီးကျန်တယ် အထီးကျန်တယ် စဉ်းစားတိုင်းငါ့စိတ်တွေကြေကွဲ



No comments:

Post a Comment