Tuesday, April 9, 2013

ဂျစ်ပစီမိုးတိမ်

ရေး -
ဆို - ဇော်ဝင်းထွဋ်

ငယ်ငယ်က ချာတိတ်အရွယ်ကျောင်းနေတုန်း
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး
လူလိမ္မာတော့မဖြစ်ချင်ခဲ့ ကဲ အခုတော့ ဘယ်နှယ့်လဲ

စာသင်ဖို့ဆိုတာ စိတ်တွေပျက် ဘီတယ်လ် သီချင်းများကျက်နေခဲ့
ကမ္ဘာကျော်ကဗျာတွေဖတ်ပြီး အချစ်ကိုတွေ့
ငါအသည်းကွဲတတ်ပြီလေ

ငါဟာမတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ကနေတဲ့ဇတ်လမ်းမှားနေပြီ
ဘယ်လိုနေထိုင်ရမလဲ ဘဝဆိုတာ ပြဇတ်တစ်ပုဒ်လိုပဲ

ပီကာဆိုဘဝ ငါလေရခဲ့ချင်တယ်
ဝါရင်ဘီတီလိုလည်း ဖြစ်ချင်တယ်
ဘီလျံဒေါ်လာတွေထက် အဖိုးတန်တဲ့ စိတ်ကူးများရှိနေတယ်

ဒါတွေဘယ်တွေဖြစ်မလဲ ဟေ့ အချစ်
နေရာ အခွင့်အရေးပဲ ပေးလိုက်စမ်း
ဘယ်လိုဖြစ်မလဲ ကြည့်နေ
အချိန်နဲ့တိုင်းတာမယ်

ငါဟာမတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ငါဟာ ဂျစ်ပစီဟေ့ ခရီးနှင်နေ
ကြိုတင်ကာ ဇတ်ညွှန်းဖတ်မလာသူ

ငါ့ကို ဘာထင်ထင် ဘာဖြစ်ဖြစ်
ကြင်နာသူ အချစ်ကလေးရှိနေတယ်
ဘီလျံဒေါ်လာတွေထက် အဖိုးတန်တဲ့ စိတ်ကူးလည်းရှိနေတယ်

ဘယ်လိုထင်ထင်ဖြစ်တယ်လေ
ထာဝစဉ်မှန်ကန်တဲ့တရားမရှိနိုင်ပါ
တစ်ချပ်မှောင်တဲ့ကစားပွဲများ
အဖြေဟာ ဝိုင်းသိမ်းတော့မှသိမယ်လေ


ငါဟာမတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ဂျစ်ပစီတွေလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့နဲ့ပြေးတဲ့ လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ


ဘဝကအပြောင်းကြီးပြောင်းလဲခဲ့
မရည်ရွယ်တာတွေလည်း ဖြစ်လာတယ်
ကြိုတင်ကာ ဇတ်ညွှန်းဖတ်မလာသူ
ဘဝက မင်းသားတစ်ယောက်လိုပဲ

အရာရာဟာ အချစ်ရေ မတည်ငြိမ်ဘူး
ငါနေထိုင်လာတဲ့ နှစ်က ၄၀
မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို
ဘဝက ဆန်းကျယ်တယ်


No comments:

Post a Comment