Tuesday, April 9, 2013

လူလည်အာရှသား

ရေး - အရိုး
ဆို - အရိုး

တစ်ချို့လူတွေကို အားကျပြီး ရှိစုမဲ့စုတွေ ရောင်းချပြီး
လေယာဉ်ပျံပေါ်တက် နှုတ်ဆက်တော့ကျွန်တော် ခန့်ခန့်ကြီးဗျာ

အမေ့ကို မှာမယ် အမေ့ကိုမှာမယ် အမေမှတ်သာထား အမျိုးနဲ့ရပ်ကွက်ကို ပတ်သာကြွား
ကျွန်တော်ဒီနေ့ပဲ ဖော်ရိန်းသွားပြီ ဖလိုက်အသစ်ကြီးနဲ့ဗျ

ကောင်းကင်ပေါ်တက် ကောင်းကင်ပေါ်တက်တော့ လန့်အောင်တယ်
တဖြည်းဖြည်း မြင့်တက်လာ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ

မိုးပျံနေတဲ့ မိုးပျံနေတဲ့ တိုက်တွေကြား နည်းနည်း ရင်းနှီးတဲ့မျက်နှာများ ခင်ဗျားတို သုံးတတ်တဲ့ အခေါ်အဝေါ်တွေနဲ့ ကျွန်တော်နှုတ်ဆက်တယ်

ဘကုန်းလား ယပလက်လား ဖဦးထုတ် ဂငယ်လား ဒါမှမဟုတ် အ ပဲလား မ ပဲလား အူကြောင်ကြောင်ရွှေတဲ့လား
ဘယ်သူ ဘာဖြစ်ဖြစ် အလုပ်အတူသွား နေဝင်မီးပိတ် ပုရွက်ဆိတ်များ အရုဏ်တတ်တိုင်းထ မနက်တိုင်း တက်ကြွ လူလည်အာရှသား

မနက်ဆိုမြည်မယ် မနက်ဆိုမြည်မယ် အလန်းနာရီ ရည်းစားမှ ဖြောင့်အောင် မလွမ်းနိုင်မီ အရောင်စုံလူတွေကြား တိုးရဦးမယ် အလုပ်နောက်မကျမှီ

အားရင်ထိုင်ရေး အားရင်ထိုင်ရေး စာမျက်နှာတွေ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွှေ့အဝေးကဦးချကြ
ရွှေတိဂုံမြေ ပြန်မရောက်သေးသရွှေ့တော့

ဘာဖြစ်ဖြစ်သတိသာထား ငါတို့ရည်းစား သူများနဲ့ညား အသေမှတ်စွဲထား what so ever ပျော်အောင်သာနေကြ

မဟာလူတန်းစား အိပ်မက်များ အိမ်အပြန်အခန်းပိတ်ကျိတ်ငိုကြ အရုဏ်တတ်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား


No comments:

Post a Comment