Wednesday, April 10, 2013

ဆူးမကြောက်ကြေး

ရေး - Mick
ဆို - Monopoly

ငါ့ရဲ့စိတ်နဲ့ ငါ့သစ္စာ ကိုးကွယ်လို့ထား ရှင်သန်ဖို့အတွက်
ငါ့လက်နက် အသင့်ဘေးမှာထား
ဆူးညှောင့်တွေ့လည်း ငါ့ခြေထောက်က သစ္စာမဖောက်ခဲ့
ရင်ဆိုင်မယ် ငါ့အသက်ကို လောင်းကြေးထပ်ရဲ
မုဆိုးတစ်ယောက်အတွက် နူးညံ့တဲ့ရက်စက်ခြင်းများ သေချာတယ်
မလိုက်ဖက်တဲ့ အချိတ်အဆက်တစ်ခုလား
နူးညံ့တာ လိုချင်ခဲ့လည်း ယူလာတာ ရက်စက်ခြင်း
ငါဆင်ထားတဲ့ ထောင်ချောက်မှာ သက်ဆင်းမယ့်သွေး
ငါပစ်ခွင်းတဲ့မြှားချက်မှာ သက်ဆင်းမယ့်သွေး
(င့ါမြှားနဲ့ဖြိုခွင်းမယ့် မတရားတဲ့သွေး ငါ့သွေးနဲ့ ငါပေးဆပ်မယ် ရိုးသားတဲ့ဆေး)၂
ကောက်ကျစ်ခြင်းက တစ်ချို့အတွက်တော့ ချိုမြိန်နေတယ်
ဒါပေမယ့်လည်း ငါ့အတွက်တော့ အဆိပ်သင့်စေတယ်
ငါရိုးသားလည်း ရိုင်းစိုင်းတယ် သူတို့အဆင်နဲ့ ကျေနပ်ခြင်းအတွက်
မာယာများတဲ့ လောကစစ်ပွဲ
အသက်ကို အသက်နဲ့ရင်းပြီးတော့ သစ္စာဆိုထား မညီမျှတဲ့လူတွေ
အတွက်တော့ ရိုင်း တစ္ဆေလား
ရိုးသားစွာနေထိုင်ခဲ့လည်း အပြင်အဆင်တွေ မှားယွင်းနေခဲ့
လောကမောဟတွေ နိဂုန်းချုပ်သွားတဲ့ အချိန်စောင့်လို့
အဓိကငါ့ သစ္စာ နှလုံးသွေးပေါင်းများစွာ ရင်းလို့
ဒီအမှန်တရားအတွက်
10:14 PM 4/15/2013

No comments:

Post a Comment