Wednesday, April 10, 2013

မှားနေ

ရေး - အောင်လ
ဆို - NC 13
ဒါတွေဟာ တကယ်တော့အမှား မင်းပေးခဲ့တဲ့ရလာဒ်များ
နင်ကိုယ်တိုင်တောင် အချစ်တွေကို ယုံစားခဲ့လို့လား
သာယာတဲ့အချစ်များထက် အတွေးများမြတ်နိုးသူ
ငါမခေါ်နိုင်ပါ အချစ်တွေကို တန်ဖိုးမထားနိုင်သူ
ငါအခုတော့ မေ့ပြီ
အိပ်မက်ဆိုးများ မင်းပေးတဲ့ခဏ
အလူးအလဲပဲ ငါ့ကိုယ်ပိုင်နှလုံးသား
အေးခဲခဲ့အချစ် အဆိပ်တက်မယ့်မင်း
ဘာမှထပ်မပေးနဲ့ မလိုချင်တော့ဝေး
အားလုံးဆုံးရှုံး ငါ့အတွက်မပေးနဲ့ မလိုချင်တော့လို့
အချိန်တန်ရင် ရင်ခွင်မရှိ မင်းဘဝတို့ လွတ်လပ်ပြီး
ကြေနေပြီ ငါ့ရင်မှာ နင်ဆက်ပြီး အဓိပ္ပါယ်မရှိ
အပေါ်ယံလွှာဟန်ဆောင်ပြီး နှလုံးသားများ ခါးနေသူ
ငါကိုယ်တိုင်တောင် မင်းကိုယုံစားခဲ့တာ အမှား
အမှားများ နောက်ဆုံးက
ဒါတွေဟာ အခုတော့အားလုံး အမှားများနဲ့ကြေနေပြီ အမှားအယွင်းများနဲ့ဘဝ
9:54 PM 4/17/2013

No comments:

Post a Comment