Wednesday, April 10, 2013

မျောက်ဖြစ်ချင်တယ်

ရေး - ခန့်ဖြိုး
ဆို - ခန့်ဖြိုး
ကြင်နာခြင်းများ ထားခဲ့လို့ရင်ခွင်ကို မင်းဝင်လာခဲ့တာ
ကိုယ်မသိခဲ့မိပါ ဟိုအရင်အချိန်တွေ သာယာလွန်းတာ
အချိန်ရှိတိုင်းအမြဲမင်းလေးအတွက် ကိုယ်နာကျင်စွာ စောင့်မျှော်နေဆဲပါ
အချစ်ဆုံးရဲ့နဘေးမှာ ရင်ခုန်ချင်မိတဲ့ အဖြစ်တွေများစွာ
ဒီအချိန်မှာမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ
ပျော်မြူးလို့နေလည်း
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ
နာကျင်လွယ်တဲ့ နှလုံးသားတစ်ထောင့်မှာ ဒဏ်ရာများစွာ
ထားရက်ခဲ့လည်း
မမြင်နိုင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ
ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ
နာကျင်နေအလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ
ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင်ဝေးသွားလည်း ရင်မှာ အမြဲ မင်းတစ်ယောက်ကို
ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့
မျှော်လင့်ခြင်းများ မရှိတော့လို့ ကမ္ဘာမြေတစ်ဖက်စွန်းကို
ကိုယ်ရောက်ချိန်
မင်းလေးအတွက် အလွမ်းတွေ ကိုယ့်ရဲ့ရင်ထဲ ပြည့်နှက်နေခဲ့ပြီ
နာကျင်ခြင်းများနဲ့ လောကအလယ် ခံနိုင်ရည်စွမ်းမရှိလို့
ကိုယ်မင်းရဲ့အချစ်ကို မျှော်လင့်မိလို့ တစ်နေ့နေ့မှာ မင်းအနားအရောက်
လာခဲ့မှာ
10:03 PM 4/17/2013

No comments:

Post a Comment