Tuesday, April 9, 2013

တွေ့ ရတာဝမ်းသာတယ်




ရေး/ဆို - Idiots

မင်းကိုတွေ့ နိုင်ဖို့  ငါဘယ်လောက်အားတင်းထားတာမြင်ရဲ့ လား
မငိုမိအောင် အတန်တန်ထိန်းထားတဲ့ကြားက
မင်းစိတ်ညစ်သွားမှာစိုးလို့  ဟန်ဆောင်ကာ ပြုံးနေခြင်းအတွက်
နှလုံးသွေးကြောများတောင်ပျက်လုပြီ ဘာကြောင့်ရယ်ငါမသိဖို့ 

အတိတ်ဘဝကဝဋ်ကြွေးလား ငါမေ့ပစ်လို့ မရခဲ့ မင်းပဲ မင်းပဲ အရင်လိုစွဲလမ်းမှုတွေနဲ့ 

မင်းနဲ့ တွေ့ ရတဲ့အတွက်ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြောမင်းစကားပြန်ကြားမယ်
နာကျင်နေလဲအားတင်းထားမယ် ငါမင်းအနားမှာရှိသင့်တယ်
မင်းနဲ့ တွေ့ ရတဲ့အတွက်ဝမ်းသာတယ်
အတိတ်ကအကြောင်းတွေ ခေါင်းထဲအပြည့်ပဲဟေ့
ငါဘာကြောင့်များအခုထိမမေ့ သေရာပါမယ့်မင်းပုံရိပ်

မင်းအသံကြားနိုင် ငါဘယ်လောက်နားစွင့်ရတာနင်သိလား
ပြန်ကြားချင်နေတာအမုန်းကင်းတဲ့စကားများ
ငါ့အသက်ရှုခြင်းတွေအား ဟိုအရင်လိုအဓိပ္ပာယ်ဖွင့်ပေးဖို့ 
မင်းခွင့်မပြုတဲ့အခါဘာကြောင့် ငါရှင်ရမယ်အဖြေကမရှိ
ဘယ်လိုငါ ရပ်တည်ရမှန်းမသိ

အကောင်းဆုံးလမ်းများရွေးခဲ့ရင် ပျော်ရွှင်နေနိုင်မယ်ငါတို့ နှစ်ယောက်ရဲ့ ခရီး
ငါမှားယွင်းမှုတို့ မရှိခဲ့ရင် နင်မုန်းတဲ့လူဖြစ်ဖို့ ဇာတ်လမ်းမရှိ
အခုတော့အိပ်မက်ကနိုးသွားသလိုမင်းစွန့်ပစ်ထားခဲ့တဲ့အဆုံး
ငါဘာ့ကြောင့်အသက်ရှင်ရမှန်းမသိ

အကောင်းလားအဆိုးလား ငါမသိပါ ပြန်ဆုံတွေ့ တဲ့ အခိုက်အတန့် မှာ
အားလုံးပြောင်းလဲ အရင်လိုမျိုးမဟုတ်တော့ပေမယ့်

No comments:

Post a Comment