Tuesday, April 9, 2013

အိပ်မက်


ရေး     - မောင်သစ်မင်း
ဆို      - သျှီ

မင်းရဲ့ အကြည့် ချွန်ထက်သော ဓါးတစ်လက်အလား
တလက်လက် တောက်ပခဲ့ပါတယ်
အမြဲတမ်း အရှုံးမပေးတဲ့ နှလုံးသားထဲ
ထွင်းဖောက်ထိုးစိုက်ခဲ့လေတယ်
ရင်ခုန်ခြင်းရဲ့ သမိုင်းကြောင်းများတောင်
အသစ်ပြန်ရေးရတော့မယ်လေ
အိပ်မက်လားကွာ

ချစ်ခဲ့သမျှထက် ငါဟာ ပိုပိုပြီးချစ်မိတော့
မင်းက မသိနိုင်တယ်
စွန့် လွှတ်တတ်တဲ့အချစ်
မင်းလုပ်သမျှ ခွင့်လွှတ်ခဲ့
မင်းက လုံးဝမသိနိုင်တယ်
ငါဟာ လုံးလုံးရှုံးနိမ့်ခဲ့ပြီ
အချစ်ဟာ ထူးဆန်းတယ်
အို  အိပ်မက်လားကွာ

မင်းပဲ ထာဝရ အနိုင်ရပြီ
တကယ်ပါ မင်းက စစ်နိုင်သူ
အခုတော့ (ဂွဒ်ဘိုင်) ရူးသွပ်ရစ်ပြီကွယ်

မင်းအချစ် ငါ့အတွက် မျှော်လင့်ချက် မင်းက လုံးလုံးမသိနိုင်တယ်
တကယ်ကို လုံးဝမသိနိုင်
ထာဝရအဝေး
ဒါ အိပ်မက်လားကွာ
(အိပ်မက်လို) ဝေးခဲ့လေပြီ
အိပ်မက်လို ဝေးပြီ
အိပ်မက်လို တကယ်ကိုဝေး

No comments:

Post a Comment