Tuesday, April 9, 2013

ရင်ထဲက

ရေး- Bunny Phyo
ဆို - Bunny Phyo

ငါ့နှလုံးသားဖျားလို့ နေပါတယ် ကုစားမယ့်မင်းက ဘယ်မှာလဲ
နင်မရှိမှ နင့်ရဲ့ အကြောင်းတွေ တွေးမိတိုင်း ငါဝမ်းနည်းပက်လက်ပဲ
နင်မှတ်မိဦးမယ်ထင်ပါတယ် အတူသွားခဲ့ဖူးတဲ့နေရာတွေလည်း
ငါ့အလွမ်းများထားထားခဲ့မယ် နင်အမှတ်တမဲ့တွေ့ ရင်
သတိရပေးမလားကွယ်

မင်းပေးခဲ့တဲ့လက်ဆောင်များ ငါသိမ်းထားလို့ တစ်နေ့ နေ့ တော့
အရင်ကလိုပဲ ပြန်ခဲ့ ငါ့ဘေးနားသို့  မှားခဲ့တဲ့ငါ့အမှားတွေထဲ
ငါပဲပြန်ပြီးလဲပြို အခုတော့သိပြီ ငါ့ရဲ့ ဘဝမှာ

မင်းမရှိပဲ ငါမနေနိုင်ပါဘူး ဟိုတုန်းက အချိန်လေးများ လိုချင်တယ်
ဖြစ်နိုင်ဦးပါ့မလား မင်းမရှိပဲ ငါမနေနိုင်ပါဘူး ရင်ထဲက
ဆုတောင်းများ နင်ကြားရင်ပြန်လာပေးတော့ အမြန်ဆုံးပါ

ငါအိပ်မက်တွေ မက်လို့ နေပါတယ် အိပ်မက်ထဲမှာ မင်းနဲ့ 
ပြန်ဆုံတယ် ဒီလိုမျိုးဘဝ မက်ခွင့်ရရင် အမြဲတမ်းပဲ
ငါအိပ်လို့ နေလိုက်မယ် ရင်ထဲမှာ မွန်းကျပ်နေရင်လည်း အရင်ကလို
နားထောင်ပေးမယ့် မင်းမှမရှိတာ ဘာလုပ်ရမလဲကွာ အခုတော့သိပြီ
ငါ့ရဲ့ ဘဝမှာ

ငါဆုတောင်းနေဆဲ ( အချစ်ကြောင့် လွမ်းစရာ ဆွေးစရာတွေ
ဟိုအဝေး အချစ်ကအားအင်သစ်တွေပဲ ယူဆောင်ပေး)

No comments:

Post a Comment