Saturday, April 6, 2013

ဝမ်းနည်းတတ်တဲ့ချစ်သူ

ရေး - Idiots
ဆို - Idiots

အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့
အတူကြိုးစားခဲ့တာပဲ ကံတရားကထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက် ငါတို့နှစ်ယောက်မျှော်လင့်နိုင်ပါသေးတယ်
အုတ်တချက်နဲ့ သဲတစ်ပွင့်နဲ့ဆောက်ခဲ့ပြီးမှ အိမ်မက်တို့ မဝေးတော့လို့
အားမလျှော့နဲ့ဆက်လျှောက်မယ်အားမလျှော့နဲ့ ဘေဘီမင်းမျက်လုံးတို့အားပျော့လိုက်

င့ါရဲ့ပုခုံးထက်မှေးစက်လိုက် အခက်အခဲများအတွက်ငါရှေ့ကရှိမယ်

ဘယ်လိုအဆိုးဆုံးနှေ့တို့ဖြတ်ရလဲ ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့ကတိတွေပဲလာပါ  ဝမ်းတည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့ ဘဝရဲ့အဓိပ္ပယ်ကိုငါတို့အတူဖွင့်ပြီးတော့ဆက်ကြိုးစားကြမယ်
ဘာများခက်လို့လဲ မနက်သစ်မရောက်ခက်သာ အမှောင်ထုဟာကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့ နေမင်းရဲ့အလင်းရောင်လာတော့မယ်
ဝမ်းနည်းရတဲ့နေတွေပြန်ရေတွက်ဦးဟေ့
မဆိုစလောက်လေးပါယုံကြည်ထားပေး တစ်နေ့နေ့အကောင်းဆုံးဖြစ်မယ်ယုံကြည်ထားပေး
တစ်နေ့နေ့အကောင်းဆုံးဖြစ်မယ်အားတင်းထားလိုက်ပေါ့
တင်္ဒဂလေးပဲ လာပါငိုမနေနဲ့တော့
(လာပါဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့)
အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့

No comments:

Post a Comment