Saturday, April 6, 2013

ယုံမိတဲ့ ငါ့အမှား

ရေး  - သိန်းလင်းစိုး
ဆို - Witch


တော်ပါတော့ တော်ပါတော့ တော်ပါတော့ တော်ပါတော့
ထပ်ပြီးတော့လိမ်နေတာတွေမလုပ်ပါနဲ့ရပ်ပါဦး
ငါမယုံဘူး မယုံတော့ဘူး ငါမယုံဘူး မယုံတော့ဘူး
မင်းစကားတွေထပ်မကြားချင်ဘူး ငါ့စိတ်ထဲမှာမယုံတော့ဘူး
ဟိုတချိန်ကမင်းလိမ်တာတွေကိုအမြဲတမ်းပဲခေါင်းညိတ်ပြီးတော့ ယုံနေခဲ့တာ
ဒါတွေဟာင့ါရဲ့အမှားတွေပေါ့
ထပ်ပြီးလည်းမနှိပ်စက်နဲ့တော့ လှည့်စားဖို့မကြိုးစားနဲ့တော့
အခုချိန်ကစပြီးနင်ဟာင့ါရဲ့လက်တွဲဖော်မဟုတ်တော့ဘူး
မုသားတွေဆုံးနေပါတယ် အမြဲပြောခဲ့တဲ့စကားတွေဟာလည်း အခုများတော့မချိုနိုင်ပါပဲ
ငါ့ရဲ့နားထဲခါးသက်စေခဲ့ တစ်ခါတစ်လေများအမှန်အတိုင်းလေးများပြောလာလေမလား
အခွင့်အရေးပေးမျှောလင့်ခဲ့လည်း နင့်အကျင့်အတိုင်းလိမ်ညာနေပြီ
ငါ့ဘေးနားမှာအမြဲရှိနေမယ့်မိန်းကလေးတွေအများစုနဲ့ပဲ ဆက်လက်ပြီးတော့လိမ်ညာတာရယ်
နင့်အချစ်တွေကိုဝေမျှပါကွယ် ငါရရှိဘူးတဲ့ဟိုတချိန်ကနင့်နှလုံးသားလေး
အခုအချိန်တော့မုသားတွေပဲပြည့်နှက်နေတယ် ဘယ်လိုလုပ်ပြီးရှေ့ဆက်ချစ်နိုင်မလဲ
ဘယ်လိုလုပ်ပြီးရှေ့ဆက်ယုံနိုင်မလဲ ပြောပါကွယ်ချစ်သူရယ် မင်းအချစ်နဲ့ဝေးရာဆီပဲ
ငါ့နှလုံးသားလွတ်မြောက်ဖို့အတွက်ထွက်ပြေးခဲ့ပါတယ်

No comments:

Post a Comment