Tuesday, April 9, 2013

ချစ်ဗျုဟာ

ရေး  - အေဝမ်းဆရာညှာ
ဆို   - မေရှင်

( မိန်းမနဲ့ယောက်ျားဟာ နှစ်ယောက်သား ချစ်မိရာဝယ် ကိုယ်ကပင်ပိုကာ သူ့ထက်ကဲချင်တယ် )၂ .. (ထိုမိန်းမကရယ်.. တင်စားအားကိုးမယ်… ပျို့ချစ်သူ ဇာနည်ဘွားပါ ယောက်ျားလည်းပီသတယ် ) .. ချစ်ချင်းပြိုင်လို့…နိုင်လိမ့်မယ်လို့ ဧကန် အမှန် စင်စစ်မယ်…

( အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် )၂ . ချစ်တလင်းခေါ်တယ် ချစ်ဗျူဟာ ကျဉ်းတဲ့ တူမောင်မယ်…

မိန်းမနဲ့ ….. ၀…… ၀……. စင်စစ်မယ်…

( ယောက်ျားခမျာက မောင့်ကြင်ဖက် နတ်ကညာရယ် ဟန်မူကြော့ရှင်း ခြောက်ပြစ်ကင်းတယ် အဆင်းလှတဲ့ ကေသွယ် )၂ စိတ်ရင်းက ဖြူဖွေးစင်ကြယ်.. အချစ်ပွဲကြီး ကျင်းပမယ် … မုချကာမနယ် အပ်နှင်းပါကွယ်..

အိစက်… ၀ …. ၀…. တူမောင်မယ်

( ဝေ့လည်လည်နဲ့ ဆုံးဖြတ်စေချင်တယ် ယုံကြည်ဖွယ် )၂ အခြေအတင်များ စကားပြောရင် မောမောပန်းပန်း ပျော်ရွှင်နိုင်တယ် )၂

တို့ယောက်ျား ဘုရားဆုပန်ကွယ် ခင်မင်ပါ မောင့် အချစ်ဦးပျိုရယ်..

အိစက် ……၀ ….. ၀ …. တူမောင်မယ်…။

No comments:

Post a Comment