Wednesday, April 10, 2013

နောက်ဆုံးမှာတော့


ရေး - အရိုး
ဆို - အရိုး

နောက်ဆုံးမှာတော့ ခြေသံတွေ နည်းနည်းများများ အိုးကိုခွဲ ကျန်ရစ်သူတို့ အယူဘာသာ
နီးနီးဝေးဝေး ကြေးစည်နှက်
အရင်သွားသူနဲ့ နောင်သွားမယ့်သူ လူတိုင်း ဒီလမ်းဘယ်သူ ဘယ်လမ်းရှိမလဲ
ဘာပြောနိုင်မလဲ ဘယ်သူဘာတွေဖြစ်ဖြစ် စကားဆက်ပြောရန်မရှိ ဆက်ကြားနိုင်လား
အချိန်မတိုင်ခင် အတင်းမေ့ထားတဲ့ တို့သေခြင်း လိုဦးမှာလား ခဏလေးအတွင်းလား
ဒီမနက်ဖြန်ရော ဘယ်သူအာမခံမလဲ

မင်းစိတ်မင်းရုပ် မင်းခန္ဓာက အခေါင်းတစ်ခုစာ မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပြာ
ဘာငြင်းနိုင်မလဲ

ငါတွေးပေမယ့် ငါတွေတကယ်ရှိခဲ့ခြင်းက ဟုတ်ရဲ့လား သေမယ့်လူချင်း အခြေအနေတွေ
အတင်းခွဲခြားလို့ ထူးရဲ့လား
ငါမွေးခဲ့ခြင်း ငါအသက်ရှိခြင်း ငါရုန်းကန်ခြင်း ငါတွေရဲ့သေခြင်း
ကောင်းတဲ့စိတ်နဲ့ တံခါးတွေဖွင့်ပြီး ကြည့်လိုက်ပါ ခဏလောက်ဖြစ်ဖြစ်
အကောင်းတွေရှာဖို့ရပ်လိုက်ပါ ဘာလုပ်ပေးကြမလဲ ဘာတွေလုပ်ပေးနိုင်မလဲ
အသေခင်လေးတင်မှာ
10:12 PM 4/20/2013

No comments:

Post a Comment