Monday, April 8, 2013

နေသာလေလာတဲ့နေ့မှာ

ရေး - အရိုး
ဆို - အရိုး

ဝမ်းတူး သရီး ကိုယ်ချစ်သွားပြီ ရေလည်အောင်ကွယ် ရှင်းရှင်းပြောမည့် ဝေါ်အိုက်နီ ဝမ်းတူးသရီး ရည်ရွယ်လိုက်သည် ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျောက်ခရီး

ဟိုတုန်းကပေးတဲ့ လမ်းဘေးလက္ခဏာ အဟောထဲမှာ ပြည်ကြီးကရည်းစား အကျိုးပေးကောင်းမယ် ဟောခဲ့တာ စိတ်ကူးနဲ့ရူးခဲ့မြူးခဲ့ရတယ် နှစ် လ ကြာ သူလေးနဲ့ကျမှ တည့်တည့်ကြီးကို တိုးခဲ့တာ ဟတ်ဖိချိုင်းနိစ် ခိုက်မိ အလိုက်သိတဲ့ကိုယ့်အသည်းလေးဟာ နှာခေါင်းရင်းလေးတော့ နည်းနည်းပြားမယ် ခွင့်လွှတ်ဗျာ သူ့ပါးမို့မို့ထက် သွေးကြောလေးတွေစိမ်းလဲ့ဖြာ အသားလေးကလေး ဖွေးဖွေးဥကာ နုနုရွ

သူလေးကခိုင်းသမျှလိုက်လုပ်ရတာ နွားနှစ်ပါ သူလေးကြောင့် တိုက်ကြရိုက်ကြရတာ ခွေးနှစ်ပါ ဆိတ်နှစ် မြင်းနှစ် မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ မိုးနတ်မင်းကြီး အမြဲတမ်းမအောင် ဆုတောင်းတာ ဆွန်ဇူးကျမ်းထဲက သိမ်းပိုက်နည်းတွေကြိုးစားရှာ ကွန်ဖြူးရှပ်ကြီးရဲ့ စကားလုံးများနဲ့ ရည်းစားစာ ဘုံကျောင်းကြီးထဲလည်း ပြေးပြေးပြီး စာချကြည့်ရ ရေနွေးကြမ်းလေးတစ်ခွက် ကောင်းကောင်းတိုက်ရင် မမောဘူးဗျာ

ရွှေယောက်ဖနှစ်ယောက်က အတွင်းအားသုံးက ဓါးစွမ်းပြ အဲဗရီးဘာဒီ လက်ခုပ်တီးပါ ကျွန်တော့်ဖက်က သူ့အန်းကုံးကြီးက ပြုံးစိစိနဲ့ ခေါင်းညိတ်ပြ ကျွန်တော်မျိုးကြီးကတော့ ငြိမ်းချမ်းရေးကို ရှေးရှုတာ အားလုံးအားလုံး ချိုင်းနားတောင်းကို လိုက်ခဲ့ပါ အားရပါးရသောက်ကြစမ်းပါ ပြီးတော့မှ အန်ပေါင်းအိတ်လေးနဲ့ ငြိမ်းချမ်းရေးထည့်ပေးတဲ့အခါ မယ်ချိုင်းနီးစ် လေးရဲ့ အိပ်မက်ထဲမှာ ဟီးရိုးဗျာ

No comments:

Post a Comment