Monday, April 8, 2013

မင်းမသိခဲ့တဲ့အချစ် (သူငယ်ချင်း)

ရေး -
ဆို - ညဏ်လင်းအောင်

တို့နှစ်ယောက်ရဲ့ ဘဝ ဝေးခဲ့ဖူးတယ် မတွေ့ရတော့မှ
လွမ်းမှန်းသိတယ် ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ်
သူငယ်ချင်းရယ်

မင်းနှုတ်ခမ်းလေး စွဲလမ်းဖူးတယ်
ဝေးခဲ့ရတော့ တမ်းတမိတယ်
ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ် သူငယ်ချင်းလေး

မင်းအနားမှာ အမြဲနေချင်တယ်
မင်းရဲ့ ပုံရိပ်လေးလည်း တမ်းတဲ
သူငယ်ချင်းလို့ပြောနေပေမယ့်
အမြဲ ငါ့ရင်ထဲက ချစ်နေခဲ့
အလွမ်းများစီးဆင်းဆဲ ငါ့မျက်ရည် မင်းနဲ့ဝေးတဲ့ ငါ့ရဲ့ညတွေ
စည်းခြားထားတဲ့ တို့ရဲ့ အဖြစ်တွေ သူငယ်ချင်းရေ
ပေးဆပ်ခဲ့သမျှ အချစ်ရဲ့သက်သေ
မင်းမသိခဲ့တဲ့ ငါ့ရဲ့ အချစ်တွေ ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ်
သူငယ်ချင်းလေး

မင်းအနားမှာ အမြဲ နေချင်တယ်
မင်းရဲ့ ပုံရိပ်လေးလည်း တမ်းတဆဲ
သူငယ်ချင်းလို့ ပြောနေပေမယ့်
ငါ့ရင်ထဲက ချစ်နေခဲ့
အဆိုးဆုံးတွေကိုလည်း မြင်နေတယ် ဝေးရမှာ ကြိုသိတဲ့ငါ့ရင်ထဲ
သူငယ်ချင်းလို့ပြောနေပေမယ့်
အမြဲငါ့ရင်ထဲက ချစ်နေခဲ့

No comments:

Post a Comment