Monday, April 8, 2013

ရေး - အရိုး
ဆို - အရိုး

ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ ညား သူ့တို့ချစ်ခြင်းရဲ့ ချစ်သက်သေ
အိမ်မှာ ဥတစ်လုံးကျ ဟိုဖက်ခြံကကောင်ပုကွကွ စကားပြောဘုကျကျ ကျုပ်ခြံထဲက ဥကိုလာပြီ မ
ငါ့ခြံထဲမှ ဥတဲ့ ဥ ငါ့ကြက်မရဲ့ ဥ အတင်းဝင်ကောက်တဲ့ ဟိုဘက်က ဂျပု မလွန်ခင် တူနဲ့ထု
မင်းကြက်ထီးက မဥတဲ့ဘဝ အဲဒါမင်းကိစ္စ မင်းမကျေနပ်ရင် ကိုယ်တိုင် ထိုင်ဥဟ

အဲဒီမှာစ ဝုန်းဒိုင်းကျဲကြ အမျိုးတွေ ကလေးတွေ ဂျပုကို ဝင်ပြီးချ မုတ်ဆိတ်ကိုဆွဲ ဒူးနှစ်လုံးကြားထဲထည့် သူ့ကျောကိုထုတာ လက်တောင်မလည်ဘူးတဲ့

နှုတ်ခမ်းတွေကွဲကို ခေါင်းလည်းဖု အငြိုးထားသွားတဲ့ဂျပု ဥကိုမရတော့ ကျုပ်ကြက်မ သန်းကောင်မှာ ဂွနဲပထု ကြက်မကြီး မာလကီးယားလို့ သူ့နွားကြီး မှိန်းနဲ့ထိုး သူ့နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး

အသက်ခြောက်ဆယ်မှာ ထိပ်တုံးနဲ့ညား ဒေါကန်ရတာ ပြောစရာ မရှိဘူးခင်ဗျ ဂျပုဖက်က အမျိုး ကျုပ်ဖက်ကအမျိုးတွေ လမ်းမှာတွေ့ရင် ဦးရာလူကချ

နေတတ်ရေတတ်မှာ မွေးတဲ့ ကျုပ် စိတ်ထားက ခပ်ပုပ်ပုပ် အချုပ်အနှောင်လွတ်တဲ့နောက်နေ့မနက် အိမ်ပြန်အကြံကြီးထုတ် လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက် မျက်စေ့ထဲကမထွက် သူ့စပါးကြည်ထဲကို မီးအိမ်သွားပစ်ထည့်

အဲဒီမှာစ ဝုန်းဒိုင်းကျဲကြ အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးကြ ဂျပုရဲ့အိမ်ထက် Fire ကကဲ
သိပ်မကြာသေးခင် ကျုပ်အိမ်ပါ မီးစွဲ

သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုက ရှုံ့မဲ့မဲ့ နောက်တစ်ခါ ကြက်တွေ မဥအောင်လုပ်ထားကွာ

No comments:

Post a Comment